နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ နည်းဥပဒေများအမှတ် ၃/၈၉
ပုံပန်းသွင်ပြင်
ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့
တပ်မတော်နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ
[နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ နည်းဥပဒေများအမှတ် ၃/၈၉]
ရန်ကုန်မြို့၊ ၁၃၅၁ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက်
( ၁၉၈၉ ခုနှစ်၊ မေလ ၁၀ ရက်)
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် အောက်ပါနည်းဥပဒေများကို ပြဋ္ဌာန်း လိုက်သည်။
၁။ ဤနည်းဥပဒေများကို တပ်မတော်နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများဟုခေါ်တွင် စေရမည်။
၂။ တပ်မတော်နည်းဥပဒေများတွင် ပါရှိသည့်-
- (က) “ကာကွယ်ရေးဦးစီးချုပ်” ဆိုသည့်စကားရပ်အစား “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်”
- (ခ) “သက်ဆိုင်ရာ ဒုတိယကာကွယ်ရေးဦးစီးချုပ်” ဆိုသည့်စကားရပ်အစား “သက်ဆိုင်ရာ ကာကွယ်ရေးဦးစီးချုပ်”
- (ဂ) “ဒုတိယကာကွယ်ရေးဦးစီးချုပ် (ကြည်းတပ်)” ဆိုသည့်စကားရပ်အစား “ကာကွယ်ရေးဦးစီးချုပ် (ကြည်း)”
- (ဃ) “ဒုတိယကာကွယ်ရေးဦးစီးချုပ် (ရေတပ်)” ဆိုသည့်စကားရပ်အစား “ကာကွယ်ရေးဦးစီးချုပ် (ရေ)”
- (င) “ဒုတိယကာကွယ်ရေးဦးစီးချုပ် (လေတပ်)” ဆိုသည့်စကားရပ်အစား “ကာကွယ်ရေးဦးစီးချုပ် (လေ)” ဆိုသည့်စကားရပ်တို့ကို ထည့်သွင်းရမည်။
(ပုံ) စောမောင်
ဗိုလ်ချုပ်ကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့