နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၈/၈၈
ပြည်ထောင်စုမြန်မာနိုင်ငံတော်
စကားရပ်များအစားထိုးသည့်ဥပဒေ
(နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥပဒေအမှတ် ၈/၈၈)
၁၃၅၀ ပြည့်နှစ်၊ သီတင်းကျွတ်လဆန်း ၉ ရက်
၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် အောက်ပါဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ (က) ဤဥပဒေကို စကားရပ်များအစားထိုးသည့်ဥပဒေဟုခေါ်တွင်စေရမည်။
- (ခ) ဤဥပဒေသည် ၁၃၅၀ ပြည့်နှစ်၊ တော်သလင်းလဆန်း ၈ ရက်၊ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင်၍ အာဏာတည်သည်ဟု မှတ်ယူရမည်။
၂။ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက် စသည်တို့တွင်ပါရှိသော အောက်ပါစကားရပ်များကို ယင်းတို့နှင့် ယှဉ်တွဲဖော်ပြထားသည့် စကားရပ်များဖြင့် ဆီလျော်သလိုအစားထိုးပြီးဖြစ်သည်ဟု မှတ်ယူရမည်-
စဉ် | တည်ဆဲစကားရပ် | အစားထိုးသည့်စကားရပ် |
---|---|---|
(က) | ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် | ပြည်ထောင်စုမြန်မာနိုင်ငံတော် |
(ခ) | နိုင်ငံတော်ကောင်စီ | နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ |
(ဂ) | နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ သို့မဟုတ် နိုင်ငံတော် သမ္မတ | နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဥက္ကဋ္ဌ |
(ဃ) | ဝန်ကြီးအဖွဲ့ ဝန်ကြီးရုံး |
အစိုးရအဖွဲ့ အစိုးရအဖွဲ့ရုံး |
(င) | ပြည်သူ့တရားသူကြီးအဖွဲ့ သို့မဟုတ် ပြည်သူ့တရားသူကြီးအဖွဲ့ ဥက္ကဋ္ဌ ဗဟိုတရားရုံး |
တရားသူကြီးချုပ် တရားရုံးချုပ် |
(စ) | ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ သို့မဟုတ် ပြည်သူ့ဥပဒေအကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌ ဗဟိုဥပဒေရုံး |
ရှေ့နေချုပ် ရှေ့နေချုပ်ရုံး |
(ဆ) | ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ သို့မဟုတ် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌဗဟိုစာရင်းရုံး | စာရင်းစစ်ချုပ် စာရင်းစစ်ချုပ်ရုံး |
(ဇ) | ဗဟိုအာဏာပိုင်အဖွဲ့အစည်း | အစိုးရအဖွဲ့၊ တရားသူကြီးချုပ်၊ ရှေ့နေချုပ် သို့မဟုတ် စာရင်းစစ်ချုပ် |
(ဈ) | ပြည်နယ် သို့မဟုတ် တိုင်း ပြည်သူ့ကောင်စီ | ပြည်နယ် သို့မဟုတ် တိုင်း ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့ သို့မဟုတ် သက်ဆိုင်ရာ မြို့နယ်စု ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ |
(ည) | ပြည်နယ် သို့မဟုတ် တိုင်း ပြည်သူ့ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ | ပြည်နယ် သို့မဟုတ် တိုင်းအဆင့် သို့မဟုတ် မြို့နယ်စု အဆင့် သက်ဆိုင်ရာဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ သို့မဟုတ် ကော်ပိုရေးရှင်း အကြီးအကဲ |
(ဋ) | မြို့နယ်ပြည်သူ့ကောင်စီ | မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ |
(ဌ) | မြို့နယ်ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့ | မြို့နယ်အဆင့်သက်ဆိုင်ရာဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ သို့မဟုတ် ကော်ပိုရေးရှင်း အကြီးအကဲ |
(ဍ) | ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ပြည်သူ့ ကောင်စီ | ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ |
(ဎ) | ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ပြည်သူ့ ကောင်စီ အလုပ်အမှုဆောင်အဖွဲ့ | ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အဆင့်သက်ဆိုင်ရာဦးစီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ သို့မဟုတ် ကော်ပိုရေး ရှင်းအကြီးအကဲ သို့မဟုတ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ |
၃။ ပုဒ်မ ၂၊ ပုဒ်မခွဲ (ည) (ဌ) နှင့် (ဎ) တို့တွင် ဖော်ပြပါရှိသော ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့ ဆိုသည့် စကားရပ်၌ ပြည်သူ့ကောင်စီအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်သို့မဟုတ် ယင်းအဖွဲ့က ဥပဒေအရ ဖွဲ့စည်းသောအဖွဲ့လည်းပါဝင်သည်။
(ပုံ)
စောမောင်
ဗိုလ်ချုပ်ကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့