နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၁/၂၀၂၁
ပုံပန်းသွင်ပြင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
အမိန့်အမှတ် (၁၁/၂၀၂၁)
၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများခန့်အပ်တာဝန်ပေးအပ်ခြင်း
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အောက်ဖော်ပြပါပုဂ္ဂိုလ်များအား ယှဉ်တွဲပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်-
(၁) | ဦးထွန်းထွန်းဝင်း | နာဂကိုယ်ပိုင်အုပ်ချပ်ခွင့်ရဒေသ |
(၂) | ဦးအာကာလင်း | ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ |
(၃) | ဦးခွန်ရဲထွေး | ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ |
(၄) | တားသိန်းဇော် | ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ |
(၅) | ဦးမြင့်ဆွေ | ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ |
(၆) | ဦးညီနပ် | "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း |
အမိန့်အရ
(ပုံ) အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ