နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၁၆/၂၀၂၁
ပုံပန်းသွင်ပြင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
တိုင်းဒေသကြီးသို့မဟုတ်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဖွဲ့စည်းခြင်း
အမိန့်အမှတ် (၁၆/၂၀၂၁)
၁၃၈၂ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၇ ရက်
(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌများအား ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထား သည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်များ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို အပ်နှင်းလိုက်သည်။တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများကို အောက်ပါ အတိုင်း ဖွဲ့စည်းလိုက်သည်-
| (၁) | စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ | ဥက္ကဋ္ဌ |
| (၂) | တပ်မတော်အရာရှိကြီး (၁) ဦး | အဖွဲ့ဝင် |
| (၃) | ဒေသကိုယ်စားပြုသူ (၁) ဦး သို့မဟုတ် (၂) ဦး | အဖွဲ့ဝင် |
| (၄) | တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဦးစီးမှူး | အဖွဲ့ဝင် |
| (၅) | တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရဲတပ်ဖွဲ့မှူး | အဖွဲ့ဝင် |
| (၆) | တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အုပ်ချုပ်ရေးမှူး | အတွင်းရေးမှူး |
အမိန့်အရ
(ပုံ) အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ