နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေအမှတ် ၁၇/၂၀၂၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေကိုပြင်ဆင်သည့်ဥပဒေ
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၁၇ /၂၀၂၄)
၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်
(၂၀၂၄ ခုနှစ်၊ မတ်လ ၁၂ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။ ဤဥပဒေကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ ဟု ခေါ်တွင်စေရမည်။
၂။ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေ ပုဒ်မ ၂ တွင် ပုဒ်မခွဲ (ဋ)၊ (ဗ)၊ (ရ) နှင့် (လ) တို့ကို အောက်ပါအတိုင်းအစားထိုးရမည်-
- “(ဋ) သိုလှောင်ခြင်း ဆိုသည်မှာ ရေနံ သို့မဟုတ် ရေနံထွက်ပစ္စည်းကို သတ်မှတ်ချက် များနှင့်အညီ နေရာတစ်ခုခုတွင် ထားသိုခြင်းကိုဆိုသည်။ ယင်းစကားရပ်တွင် ရေနံ သို့မဟုတ် ရေနံထွက်ပစ္စည်းကို စွမ်းအင်ဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်သောလမ်းကြောင်းဖြင့် သယ်ယူနေစဉ်အတွင်း ခေတ္တထားသိုခြင်းမပါဝင်။
- (ဗ) သက်ဆိုင်ရာဝန်ကြီးဌာနဆိုသည်မှာ စွမ်းအင်ဝန်ကြီးဌာနမှတစ်ပါး ဤဥပဒေပါ ပြည်ထောင်စုအဆင့်ရှိ အခြားဝန်ကြီးဌာနတစ်ခုခုကို ဆိုသည်။
- (ရ) ဝန်ကြီးဌာနဆိုသည်မှာ ပြည်ထောင်စုအစိုးရ စွမ်းအင်ဝန်ကြီးဌာနကို ဆိုသည်။
- (လ) ဝန်ကြီးဆိုသည်မှာ ပြည်ထောင်စုအစိုးရ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကို ဆိုသည်။”
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
(ပုံ)
မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
ဥက္ကဋ္ဌ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ