နိုင်ငံတော်ယာယီသမ္မတ၏ ကြေညာချက်
ပုံပန်းသွင်ပြင်
ပြည်ထောင်စုမြန်မာနိုင်ငံ
သမတအိမ်တော်၊ ရန်ကုန်မြို့။
နိုင်ငံတော်ယာယီသမတ၏ကျေညာချက်။
၁၃၀၉ ခု၊ ပြာသိုလဆုတ် ၉ ရက်။
(၁၉၄၈ ခု၊ ဇန္နာဝါရီလ ၄ ရက်။)
ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ နိုင်ငံတော်ယာယီသမတက ထိုဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေသည် သက္ကရာဇ် ၁၃၀၉ ခုနှစ်၊ ပြာသိုလဆုတ် ၉ ရက် (၁၉၄၈ ခု၊ ဇန္နာဝါရီလ ၄ ရက်) နေ့မှစ၍ အာဏာတည်ရမည်ဟု အောက်ပါအတိုင်း ထိုနေ့တွင် ကျေညာသည်။
- “ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ပြည်ထောင်စုမြန်မာနိုင်ငံ၏ နိုင်ငံတော် ယာယီသမတဖြစ်သော ကျွန်ုပ် စဝ်ရွှေသိုက်သည်၊ တိုင်းပြည်ပြုလွှတ်တော်က ဥပဒေအဖြစ်အတည်ပြုလိုက်သော ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား၊ ၁၃၀၉ ခု၊ ပြာသိုလဆုတ် ၉ ရက် (၁၉၄၈ ခု၊ ဇန္နာဝါရီလ ၄ ရက်) နေ့တွင် အာဏာတည်ရမည်ဟူ၍ ကျေညာလိုက်သည်။
- စဝ်ရွှေသိုက်။”
အမိန့်အရ၊
ရွှေဘော်၊
နိုင်ငံတော်သမတအတွင်းဝန်။
[အမှတ် ၂။]