နိုင်ငံတော်သမ္မတရုံး ကြေညာချက်အမှတ် ၂/၂၀၁၈
ပုံပန်းသွင်ပြင်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
ကြေညာချက်အမှတ်၊ ၂ /၂၀၁၈
၁၃၇၉ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက်
(၂၀၁၈ ခုနှစ်၊ မတ်လ ၃၀ ရက်)
- အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီပြင်ဆင်ဖွဲ့စည်းခြင်း
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၁၊ ပြည်ထောင်စုအစိုးရ အဖွဲ့ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(က)တို့ပါ ပြဌာန်းချက်များအရ “အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ” ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ပြင်ဆင် ဖွဲ့စည်းလိုက်သည် -
| (က) | ဦးဝင်းမြင့် | နိုင်ငံတော်သမ္မတ |
| (ခ) | ဦးမြင့်ဆွေ | ဒုတိယသမ္မတ |
| (ဂ) | ဦးဟင်နရီဗန်ထီးယူ | ဒုတိယသမ္မတ |
| (ဃ) | ဦးတီခွန်မြတ် | ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် |
| (င) | မန်းဝင်းခိုင်သန်း | ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် |
| (စ) | ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် | တပ်မတော်ကာကွယ်ရေးဦးစီးချုပ် |
| (ဆ) | ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း | ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် |
| (ဇ) | ဒေါ်အောင်ဆန်းစုကြည် | ပြည်ထောင်စုဝန်ကြီး နိုင်ငံခြားရေးဝန်ကြီးဌာန |
| (ဈ) | ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ | ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေးဝန်ကြီးဌာန |
| (ည) | ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း | ပြည်ထောင်စုဝန်ကြီး ကာကွယ်ရေးဝန်ကြီးဌာန |
| (ဋ) | ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း | ပြည်ထောင်စုဝန်ကြီး နယ်စပ်ရေးရာဝန်ကြီးဌာန |
၂။ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၀၊ ပုဒ်မခွဲ(ခ) ပါ ပြဋ္ဌာန်းချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူးသည် ရာထူးအလျောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး ဖြစ်သည်။
ပုံ
ဝင်းမြင့်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်