မာတိကာသို့ ခုန်သွားရန်

ပစ္စုပ္ပန်ဝတ္ထု သန္တိကေနိဒါန်း

ဝီကီရင်းမြစ် မှ
မဟာသုတကာရီ မဃဒေဝလင်္ကာသစ်
by မာန်လည်ဆရာတော်
၂။ ပစ္စုပ္ပန်ဝတ္ထု သန္တိကေနိဒါန်း
1989မဟာသုတကာရီ မဃဒေဝလင်္ကာသစ် — ၂။ ပစ္စုပ္ပန်ဝတ္ထု သန္တိကေနိဒါန်းမာန်လည်ဆရာတော်


နမော တဿ ဘဂဝတော အရဟတော သမ္မသမ္ဗုဒ္ဓဿ။

ပဌမပိုင်း- လောကဟိတစရိယခဏ်း ၂။ ပစ္စုပ္ပန်ဝတ္ထု သန္တိကေနိဒါန်း

ဥတ္တမင်္ဂရုဟာ မယှန္တိဒံ သတ္ထာ ဇေတဝနေ ဝိဟရန္တော မဟာဘိနိက္ခမနံ အာရဗ္ဘကထေသိ။

(၁၂) မဟာအတုလ၊ မကုဋဖြင့်၊ နာယကမြတ်၊ နာထနတ်ဟု၊ လောကဓာတ် သုံးဆိုင်၊ ထွတ်ဆုံးတိုင်၍့၊ *နှုန်းပြိုင်ဘက်ကွာ၊ ဖီလာ အောက်-ထက်၊ ဘဝဂ် ဘုံဖျား၊ ရွှေဘွားစက်ရိပ်၊ နင်းနှိပ် ထွန်းထိန်၊ ဘုန်းတော်ရှိန်နှင့်၊ စက္ကိန္ဒာဘိ၊ ရာဇာဓိတည့်၊ သဟဿိ သဟဿိ၊ ဆယ်ပြန်ချိသား၊ ဇာတိရာ*ရိုက်၊ တသောင်းတိုက်က၊ မကိုဋ်ရတနာ၊ နတ်ဗြဟ္မာတို့၊ ညီလာသဘင်၊ ထွက်ဝင် နေ့-ည၊ ရိုခ မပြတ်၊ သဟသ် တသီး၊ တည်ပြီးတုံလတ်၊ သဟသ် သဟသ်၊ တိသဟသ်တိ၊ သဟသ် သုံးခါ၊ မြှောက် သင်္ချာဖြင့်၊ မဟာသဟဿိ၊ သိန်းကောဋိလည်း၊ မိန့်ယှိ ထွေသံ၊ ဗျာတော်ခံ၍့၊ ထီးရံနန်းကာ၊ လိုတော်ပါသို့၊ အာဏာတော်စက်၊ ဦးထက် ကြည်ဖြူ၊ တင်ယူ လေးမြတ်၊ လောကဓာတ် ကျယ်ဝန်း၊ လေးကျွန်း တမြင့်မိုရ်၊ ထိုထို စကြဝဠာ၊ မဟာဝိသယ၊ အနန္တကား၊ ကျန်ရ *မဲ့ဘိ၊ ဆုံးမယှိအောင်၊ မြော်မိသရွေ့၊ ကျုံးချီပွေ့သို့၊ မရွှေ့ အာရုံ၊ *ချက်ကုံ မလွတ်၊ ယှိတိုင်း ညွတ်သည့်၊ စက္ကဝတ် ခေါင်ဖျား၊ တရားရာဇာ၊ မဟာဓမ္မရာဇ်၊ သုံးခေတ်လုံး နတ်၊ ထွတ်ဆုံးမြတ်ကား၊ သာဝတ်ပြည်ကြီး၊ ရွှေထီး ဥကင်၊ ရွှေပလ္လင်နှင့်၊ ရဇ္ဇင် စုံညီ၊ ဘုံဌာနီ၏့၊ ဒီသာ ဒက္ခိဏ၊ တကောသတွင်၊ ဇေတမြေခုံ၊ ကျောင်းရွှေဘုံနှိုက်၊ လေးစုံ ပထ၊ ယာပိုထ် မျှစဉ်၊ နိက္ခမမြတ်၊ အဋ္ဌုပ္ပတ်ကို၊ အမှတ်ထားတင်၊ အကြောင်းဆင်၍့၊ ဥတ္တမင်္ဂရုဟာ မယှံ၊ ခံသည် ပိုဒ်ဦး၊ ဆော်ရိုက်ကြူးလျက်၊ ကျေးဇူး *ဖြိုးနက်၊ မိုး*ရှိ တက်သား၊ တောထွက် ရှေးက၊ မဃဒေဝ၊ ဇာတကကို၊ လင်းပြ ထင်အောင်၊ ဟောမိန့်ဆောင်သည်။။ ရွှေဘောင်စကြာ တစ်စင်းတည်း။ ၁။

(လောကနှိုက် အစိုးရခြင်းထက်လွန်သော လောကာတိသယဝင်္ကဝုတ္တိအလင်္ကာ ရှိသောပိုဒ်တည်း)

(၁၃) ထိုသို့လျှင်တိ၊ အကြင် ခါရော်၊ တနေ့သော်နှိုက်၊ တဘော်များစွာ၊ မြတ်သင်္ဃာတို့၊ မဟာသာဝက၊ စသည် အကုန်၊ *ပတုန်ပလဲ့၊ ကြွင်း*မဲ့ ညီညာ၊ စည်းဝေးရာသား၊ မဟာဓမ္မ၊ သဘာယနှိုက်၊ တစ,က ဆက်၊ တစ ရှက်၍့၊ ဘုန်းထက် တုမယှိ၊ *စောမုနိ၏့၊ မဟာဘိနိက္ခမ၊ ကြောင်းချင်းတကို၊ ကြီးလှကြည်ညို၊ ခြီးကြဆို၏၊ ထိုထို ဧတဒဂ်၊ ဗျာရွှေမြွက်နှင့်၊ ယာဘက် ဝဲဘက်၊ ဝန်းယှက် ပတ်ခြံ၊ ထပ်ထပ် ရံလျက်၊ ဂုဏ်လျှံပပ၊ မယုတ်ကျသည့်၊ ထိုမျှဝန်းကျင်၊ အို ငါ့သျှင်တို့။။ သုံးခွင် ပရမေ၊ တို့စိ†န္တေကား၊ *ပ†တေပတာ၊ ရိုသေရာတည့်၊ ကြံငှာ စင်စစ်၊ ဖြစ်ခေါင့် ဖြစ်ခက်၊ အံ့ဘွယ် နက်ခဲ့၊ ဘုန်းစက် ကြီးစွာ၊ မဟာသမ္မတ၊ ကမ္ဘာ†စက၊ အာဒိ†စ္စဗန္ဓု၊ မနုနွယ်ပိုင်း၊ နေနတ်ဂိုဏ်းတို့၊ *သမိုင်းခန့်ကိန်း၊ သုံးသိန်းသုံးသောင့်း၊ လေးထောင့်ငါးရာ၊ ခြောက်ကျိပ်သာ၍့၊ သင်္ချာ တွက်ပြုန်း၊ ကိုးယောက်ကျုံးတွင်၊ ခေါင်ဆုံးမကိုဋ်၊ အထွတ်စိုက်သို့၊ သုံးတိုက်လုံး နတ်၊ တံဆိပ် ခတ်လျက်၊ မဟတ္တဟိတ်၊ သောင်းခွင်ထိတ်အောင်၊ အာဒိစ္စဝင်၊ ဥက္ကာဝင်တို့၊ မဟာဝင်ညွန့်၊ *ကွန့်ခဲ့ သမ္ဘိန်၊ မျိုး သာကိန်နှိုက်၊ ဘုန်းရှိန် နေ-လ၊ ရုံးထိန်ပ၍့၊ ဒေဝဒဟ၊ ကောလိယနှင့်၊ ကပိလမည်၊ ပြည် သုံးပြည်ကို၊ စက်ခြည်ရောင်မြိုက်၊ သိမ်းမြန်းပိုက်လျက်၊ လူနှိုက် မ*နှုန်း၊ ဘုန်းထက်ဘုန်းဖြင့်၊ ချိန်*ဆုံးခါသင့်၊ ပန်းနှယ်ပွင့်၍့၊ သခင့်သက်ဆစ်၊ ဆဲ့ခြောက်နှစ်က၊ မင်းဖြစ် နန်းရ၊ ရွယ်လှ နုဖြိုး၊ နှစ်ဆဲ့ကိုးတွင်၊ နတ်*နိုးယဉ်ပျောင်း၊ အသောင်း လေးလီ၊ သာကီမင်းသမီး၊ ငယ်-ကြီး ရံခ၊ ဘဒ္ဒက ဉ္စနာ၊ ဗိမ္ဗာယသော်၊ အလှကျော်ပါ၊ သားတော် ရာဟု၊ ဆွေမျိုး စုပေါင်း၊ သိန်းခြောက်သောင်းနှင့်၊ *ပုံတောင်းရတနာ၊ စကြာ ရောက်နီး၊ နန်းကြီး သုံးဆောင်၊ သုံးပြည်ထောင်ကို၊ သွေရှောင်မကွက်၊ တောကြီးထွက်၍့၊ ရက်ရက် သို့စင်၊ စွန့်ခဲ့ကျင်သည်။။ စက်ရှင် မင်းဖြင့် *လက်ငင်းတည်း။ (၂)

(လောကီထက် ဇာတိပုညလွန်သော လောကိယာတိသယ။ လောကထက် တောထွက်နိုင်ခြင်းလွန်သော လောကာတိသယ (၂)ပါးရှိသော ဝင်္ကဝုတ္တိအလင်္ကာပိုဒ်။ ဤပိုဒ်နှိုက် အာဒိစ္စဝင်, ဥက္ကာဝင်နှင့်, မဟာဝင်ညွန့် (၃)ချက် ထပ်ခြင်းသည်လည်း ပဒါဝုတ္တိဝင်္ကဝုတ္တိတည်း။ နောက်နောက်ကိုလည်း ဤအတူချည်း မှတ်ကြလေ)။

(၁၄) စက်ရှင်မင်းဖြစ်၊ စင်စစ်မယွင်း၊ *လက်ငင်း ရောက်နီး၊ ရွှေထီးရွှေနန်း၊ စံမြန်း စိုးပိုင်၊ ဦးကိုင် *အုပ်ပိုက်၊ သုံးတိုက် ပြည်လုံး၊ ညွတ်ရုံးရှက်ကာ၊ ဆက် ပဏ္ဏာနှင့်၊ နွယ်သာကီစင်၊ မဟာဝင်ချည်း၊ နတ်သွင် လေးသောင်း၊ နန်းသူပေါင်းတို့၊ *ခညောင်း ဖြေဖျော်၊ ဆွေ ယသော်လျှင်၊ မနော် ဘူနတ်၊ ဝသဝတ်က၊ စိန်ထွတ် †လျှံလူ၊ အ†လံထူသို့၊ နတ်လူ အပုံ၊ ကာမဘုံတွင်၊ တစုံတယောက်၊ ဘက် မမြောက်အောင်၊ ထက်-အောက် လွှံ့ကျော်၊ တုမမြော်တည့်၊ သားတော်မျက်ရှု၊ မင်း ရာဟုလည်း၊ သက်စု သဲးနစ်၊ စွဲးအောင်ချစ်၍့၊ မပစ်နိုင်ဘွယ်၊ မပယ်နိုင်ရာ၊ မခွာနိုင်ကောင်း၊ ဆွေတော်ပေါင်းကား၊ ရှစ်သောင်း နှစ်စု၊ အတု လွတ်ကျော်၊ လူ့ဘုံဘော်တွင်၊ လက်တော်ရောက်ပြီး၊ စည်းစိမ်†ကြီးလျက်၊ *မီး†ကျီးစုတွင်း၊ မစင်ကျင်းသို့၊ ရှင်ရင်းမြင်သန်၊ အထင်ဉာဏ်ကြောင့်၊ မာရ်ပါပီကြီး၊ ဟန့်ဆီး ကြိမ်းဝါး၊ ချောက်ခြိမ်း တားလည်း၊ ဘဝါးရွှေစက်၊ တွန့်မကွက်ဘဲ၊ *ကွန့်ထွက် အပြင်း၊ စွန့်ရက်ခြင်းဖြင့်၊ ကျွန်ရင်း မောင်ဆန်၊ မြင်းတော် ကဏ်နှင့်၊ အမြန် *လျင်ခုပ်၊ မချုပ်ခွါရှောင်၊ သုံးပြည်ထောင်ကို၊ ကုန်အောင် *အားသွန်၊ ညဉ့်ခြင်း လွန်လျက်၊ ရောင်*ဝှန် နေစက်၊ အရုဏ်တက်ဝယ်၊ တဘက် နော်မာ၊ မြစ်ကမ်းသာ ထက်၊ ဗြဟ္မာ လှူဒါန်း၊ ကြာသင်္ကန်းနှင့်၊ ရဟန်းအသွင်၊ ဝင်ကြီးဝင်၍့၊ အောင်မြင်ကိစ္စ၊ နိက္ခမကို၊ စိတ်ချ *ခိုင်ဖြီး၊ *ချက်ကုံပြီးအောင်၊ တောကြီးထွက်ခွါ၊ ဤခြင်းရာသည်။။ လွန်စွာ အံ့ဘွယ် တမင့်းတည်း။ (၃)

(ဤပိုဒ်ကား အနန္တရပိုဒ်ကို ဘွင့်ပြသောပိုဒ်ပင်တည်း)

(၁၅) အံ့ဘွယ်တမင်း၊ ဤအခြင်းဖြင့်၊ *သနင်းထွတ်ဖျား၊ တို့ဘုရားလျှင်၊ သိကြားတူ†ယောင်၊ ဘုန်းတော်†ရောင်နှင့်၊ ပြည်ထောင် တိုင်းခန်း၊ ရွှေနန်း ရွှေဘုံ၊ ဝန်းအုံ ရွှေဘော်၊ နတ်နှင့် လျော်သား၊ ညာပျော် မြောက်သား၊ သည်းချား *တမွတ်၊ သားတော်မြတ်က၊ *ရဟတ်စကြာ၊ ရတနာ ခုနစ်၊ စင်စစ် မလွဲး၊ ရောက်လုဆဲးကို၊ ပယ်လွဲး အကုန်၊ *ဖဲးခဲ့*သုန်၍့၊ ကိုးဂုဏ်သခင်၊ သိဒ္ဓိတင်လျက်၊ ဗောဇ္ဈင်ရတနာ၊ ခုနစ်ဖြာနှင့်၊ မဟာစက္ကရာဇ်၊ မင်းဆုံးဖြစ်သား၊ သုံးခေတ် မျက်ဖျော်၊ သုံးလူ့ဘော်၏့၊ ဂုဏ်တော်ကျေးဇူး၊ ဤတဦးမျှ၊ အံ့မူးမနိုင်၊ အထူးလှိုင်ခဲ့၊ *ဖြီးခိုင်သမ္ဘာ၊ ကြီးမြတ်စွာဖြင့်၊ မဟာပုည၊ ဝိသေသကြောင့်၊ အသမသမ၊ ထို့မျှ နတ်-လူ၊ စံမတူသည့်၊ သယမ္ဘူဟုန်၊ ဂုဏ်ထက် ဂုဏ်ကား၊ သက်ကုန် ကပ်လုံး၊ ဆုံး ပစေလျှင်း၊ *လူခပင်းတို့၊ ခံတွင်း မဆံ့၊ အံ့ကြီး အံ့လည်း၊ ဘယ်နံ့နှစ်ကြာ၊ ကုန်နိုင်†ရာလိမ့်၊ †ယာဝတ် တာဝတ်၊ ယှိတိုင်းညွတ်၍့၊ ပိုင်းဖြတ်ခြင်းငှါ၊ *မဆိုမာတည့်၊ ဆရာတဆူ၊ မည်သည့်သူမျှ၊ မကူ မညွှန်း၊ မတိုက်တွန်းဘဲး၊ လိုခွန်း ထက်သန်၊ ပင်ထွက်ဉာဏ်ဖြင့်၊ အနန္တာရုံ၊ အာဂုံကိုင်မိ၊ ကိုယ်တိုင် သိ၍့၊ သမ္ဗောဓိထွတ်၊ တုလွတ် ဂုဏ်တော်၊ နှိုင်း မမြော်နှင့်၊ နုဘော်ဖြိုး*လွေ့၊ မုန်ညင်းစေ့တွင်၊ ဝင်၍့ စင်္ကြံ၊ သွားစံပပ၊ ရာ မထဘဲး၊ နေ-လ ကိုင်မီ၊ ဝေးသီ ယူဇနာ၊ စကြဝဠာတောင်ထိပ်၊ ကြွနင်းနှိပ်လည်း၊ ထန်းရိပ်တကူး၊ မြာ့းထက် မြူးလျက်၊ ဘုန်းထူး †ဓိပ+တိ၊ တု မရှိအောင်၊ ဣဒ္ဓိဣ†ဒ္ဓိ၊ အစိ+န္တိနှင့်၊ ဣဿရိယော်၊ ပြိုင်တိုင်း ကျော်သည့်၊ ယှဉ်ဘော် ဘက်ယှား၊ တို့ထွတ်ထားဟု၊ အများသင်္ဃာ၊ ထေရ်မဟာတို့၊ အံ့အာ မပြီး၊ အံ့မငြီးတည့်၊ အသီးအသီး၊ အံ့ကြီး ကြော်ကြွေး၊ ကောင်းကြီးပေးလျက်၊ စုဝေးချီးပ၊ နေကုန်ကြသည်။။ ပွဲးမသဘင် တကျင်းတည်း။ (၄)

(ဤ ၃-ပိုဒ်ကား သူတပါးထက် ကဲလွန်သော အဘိနိက္ခမသုဂတဂုဏ်တော်ကို ပြသော ဥဒါရတာဂုဏ် ထင်ရှားသောပိုဒ်တို့တည်း။)

(၁၆) ထိုသို့စဉ်တိ၊ မြေ *သေဉ်မင်္ဂလာ၊ ဗောဓိချာနှိုက်၊ သမ္မာ သမ္ဗုဇ္ဈိ၊ နိရုတ်ချိလျက်၊ အဝိပရိတ၊ သဘာဝတိုင်း၊ ဉေယျဓမ္မ၊ ပ ဉ္စကကို၊ သာမ ဉ္စပုဒ်၊ ဋီကာထုတ်၍့၊ သမုစ္စယ၊ သမ္ပိဏ္ဍနှင့်၊ ဧဝအနက်၊ ရှာတိုင်း ထွက်သား၊ စက် ဝဇီဉာဏ်၊ ပင်ထွက်မှန်ဖြင့်၊ မကျန် *ချက်ရိုင်၊ ကိုယ်တော်တိုင်သာ၊ လက်ကိုင် လွယ်ကူ၊ နတ်နှင့် လူတွင်၊ မည်သူ မညွှန်း၊ ပွင့်သိထွန်းသည်၊ *တုကျွန်း လွတ်ကွာ၊ သမ္မာသမ္ဗုဒ္ဓ၊ သုံးလူ့ဘကား၊ စကြဝဠာတပါး၊ အခြားသို့လည်း၊ ကျွတ်ဆု*ရည်း၍့၊ *ဖြုတ်ချည်းမကြာ၊ ခဏတာမျှ၊ *ဗိုလ်ပါ ခင်းကျင်း၊ မင်မထွက်ခင်၊ ညီလာခွင်နှိုက်၊ ပလ္လင် ဟေမာ၊ ရွှေနေရာထက်၊ မြတ်စွာ ပကတိ၊ မုနိအသွင်၊ စံနေကျင်ပြီး၊ မင်းလျှင်မသွေ၊ ထင်ပစေငြား၊ နောင် ကျိုးပွားအောင်၊ တရားဟောငှာ၊ ရံခါ မမေ့၊ ကြွမြဲးလေ့တိုင်း၊ ထိုနေ့ ထိုခါ၊ ထိုသင်္ဃာတို့၊ ထိုမှာ၄င်း၊ ထိုအပေါင်းနှိုက်၊ ထိုကြောင်းထင်လတ်၊ ထိုဋ္ဌုပ္ပတ်ဖြင့်၊ ထိုဇာတ်ဓမ္မ၊ ဟောလိုစွကြောင့်၊ သုရတ္တစစ်၊ ဆိုးရည်နှစ်၍့၊ ပြေပြစ် ချောမွတ်၊ စွေးစွေး စွတ်သား၊ ခါးဝတ် နီမြန်း၊ သက်တင့်ရန်းကို၊ ခါးပန်းကြိုးသွယ်၊ လျှပ်စစ်နွယ်ဖြင့်၊ ရှုဘွယ်လှအောင်၊ ပန်းကာ နှောင်မှ၊ ပညောင် ညွန့်ဖူး၊ မိုးတိမ်ဦးသို့၊ ရောင်မြူး မညစ်၊ လွင်သစ်သစ်ဖြင့်၊ စင်စစ် မမှား၊ ရှင်ချစ်ဖျား၏့၊ အလျား ကိုးထွာ၊ နံ ခြောက်ထွာတည့်၊ မဇ္ဈိမာပုရိ၊ သုံးပြန်ချိနှင့်၊ ပကတိလူ၊ ခွဲးယူ ဆက်ရာ၊ ကြီးမြတ်စွာသား၊ မဟာသုဂတ၊ စီဝရကို၊ လှလှ တင့်တယ်၊ ရုံ သပ္ပါယ်၍့၊ မွှေးကြွယ်နံ့ ထုံ၊ သရေ လှုံသည့်၊ ရွှေဘုံ ဂန္ဓ၊ တိုက်ခန်းဝက၊ မြန်းကြွ ထွက်စံ၊ နေနှယ်လျှံသည်။။ ပွဲးယံသဘင့် အတွင်းတည်း။ (၅)

(၁၇) ပွဲးယံသဘင်၊ ထေရ်ပေါင်း ခွင်သို့၊ ဝန်းကျင် ထိုမျှ၊ သောင်းခေတ္တနှိုက်၊ လူများ့ထိပ်နင်း၊ လူမင်းတို့ထွတ်၊ ဥပပါတ်မျိုး၊ မြေစိုး မိုးစိုး၊ တန်းခိုး ပုညဇိဒ်၊ မဟိဒ္ဓိစု၊ စတုလောကပါလာ၊ ဣန္ဒာ သုယာမ၊ စသည်လည်းကောင်း၊ တသောင်း တသောင်း၊ နတ်မင်းပေါင်း၏့၊ ဥက္ခောင်းထိပ်နေ၊ လောကေသရ၊ လောက နိမ္မိတ်၊ ဟာရိတ်သနံ၊ သဟံဗက၊ တုရိတက၊ လောက ပိတာ၊ ကမလာဘုံ၊ မဟာ*ဗြုံတို့၊ ဆယ်စုံရှက်စည်း၊ လက်သည်း ငွေပွင့်၊ ရှောင်လွှင့် ရောင်ဝါ၊ နေ ထောင်ရာမျှ၊ ရတနာ ဥက္ကဌ်၊ နဝရတ် ဦးစိုက်၊ မကိုဋ် စိန်ညွန့်၊ ထိန်*ကွန့် ဝင်းဖြာ၊ ထွန်းလင်းရာသား၊ မင်္ဂလာအိမ်*မွန်၊ တံချွန် ချွန်းတောင်း၊ *မျှို့ပေါင်း ပြိုးပြက်၊ ရာ့ရှစ်ကွက်နှင့်၊ နုညက် ညံ့ထွား၊ ရွှေဘွားစက္ကင်၊ စုံ နှစ်ပြင်ဖြင့်၊ မြေတွင် မထိ၊ ပကတိအား၊ လေးသစ် ခြားလျက်၊ ဘုရားတို့တမ်း၊ ကြွလှမ်း မွေ့ညက်၊ ငြိမ်သက် လေးဘင်၊ ကြွလာကျင်မှ၊ ချစ်ရှင် ဘုန်း*ဝှန်၊ စံ*နှုန်းလွန်သား၊ ဘဝန္တဂူ့၊ သဗ္ဗညုဟု၊ သုံးလူ့ပတ္တမြား၊ မြတ်ဘုရားလျှင်၊ မိုးဖျား ခွတ်လတ်၊ ယုဂန်ထွတ်က၊ နေနတ်*လုလင်၊ ထွန်းသော့သွင်သို့၊ ဥကင် မဟာ၊ ငွေရွက်ကြာနှင့်၊ ဓမ္မာသနေ၊ ကိုးမျက်ခြွေသား၊ ရွှေပရိယင်၊ *ပြတည်းပြင်တိ၊ ပလ္လင်ဟေမာ၊ ဗွေသီဟာနှိုက်၊ ဒိသာဖရဏ၊ နိစ္စလနှင့်၊ ဗျာမ လုံးစုံ၊ ဥဏ္ဏလုံ မွေးနု၊ ရောင်စုံ စုသား၊ ကေတုမာလာ၊ ဦးထိပ်ချာထက်၊ ထိန်ဖြာ ဝင်းလျှပ်၊ အထွတ်တပ်၍့၊ သပ်သပ်ပါယ်ပါယ်၊ ရောင်ခြောက်သွယ်နှင့်၊ တင့်တယ် ထွန်းလျှံ၊ ရှင်တော်စံသော်၊ မှင်ဆံ သိင်္ဂိ၊ ကေသရီဟု၊ ရွှေသီဟ†ရာဇ်၊ မုန်†ယစ် အာသောက်၊ ဆဒ္ဒန်ပေါက်လျက်၊ ဦးနှောက် ခွဲးဖြို၊ သောက်မျိုတတ်စွာ၊ တေဇာ ဝှန်*ဖြိုး၊ တောလုံး စိုးသား၊ တန်းခိုး ထန်ပြင်း၊ ခြင်္သေ့မင်းကို၊ *ခပင်း တောသား၊ တွေ့သော့လားတိ၊ အများထေရ၊ သာဝကတို့၊ စကားစ ဖြတ်၊ ပြတ်ကြီးပြတ်၍့၊ ဝိဝဋ်သ†င်္ချေ၊ ကပ်လုံး ကြေလည်း၊ သံ†ခြေ မမြွက်၊ မရှုသက်သို့၊ ခြေ-လက် မလွန့်၊ မတွန့် မလှုပ်၊ သတိအုပ်လျက်၊ မြဲးချုပ်တည်းစွာ၊ ရှေးရှုကာလျှင်၊ ဗုဒ္ဓါရမ္မဏ၊ ဂါရဝဖြင့်၊ နှိမ့်ချ ညွတ်ပျောင်း၊ လက်စုံပေါင်းသည်။ ဥက္ခောင်း မြေထိ ညွတ်ခင်းတည်း။ (၆)

(၁၈) ဥက္ခောင်း မြေထိ၊ ပြားပြားပိမျှ၊ အတိဂါရဝ၊ ရိုသေ ခလျက်၊ တုပ်ကွ ကျစ်လစ်၊ မြတ်ရှင်ချစ်အား၊ ပုဆစ် နှစ်ဘက်၊ စုံလက် ပြိုင်ပူး၊ နဖူးထိပ်စ၊ ဦးနှိမ့်ချပြီး၊ ပ ဉ္စပတိဋ္ဌီ၊ ငါးလီမယွင်း၊ တည်ညွတ်†ခြင်းဖြင့်၊ အ†ချင်းခပ်သိမ်း၊ ညွတ်ညွတ်တိမ်းမှ၊ နှုတ်ငြိမ်း လက်ငြိမ်၊ မွေ့သိမ် ချုပ်တည်း၊ လွန် *ယမ်းပည်း၍့၊ အိမ်းအည်းမဟ၊ စကားစကို၊ မပြတင်းလင်း၊ တပိုင်းကြွင်းနှင့်၊ ခံတွင်း နှုတ်ပိတ်၊ ဆိတ်ကြီးဆိတ်လျက်၊ တိတ်ခဲ့ကုန်ငြား၊ လျှာ*မဲ့ငါးသို့၊ အများသင်္ဃာ၊ နေကြရာဝယ်၊ မြတ်စွာလူ့ဘ၊ ငါ မစက၊ ထိုမျှ*အထု၊ များ အစုကား၊ အာယုကပ်လုံး၊ ကမ္ဘာဆုံးလည်း၊ *တီးတုံးစကား၊ တပါးပါးမျှ၊ ကြားက ထွက်၍့၊ မမြွက်ပေရာ၊ နေလိမ့်သာဟု၊ မဟာမုနိ၊ *စောဘုန်းရှိလျှင်၊ ပရိသညူ၊ ကာလညူဖြင့်၊ ပါရဂူဉာဏ်တော်၊ ထွင်းရှု†မျှော်၍့၊ သိ†မြော်ရကား၊ ငါးပါးဌာန်မြတ်၊ စိတ္တဓာတ်တိ၊ ဝိညတ် ဝစီ၊ သောင်းတိုက် ဟီမျှ၊ ကျူးချီ အာ†လုပ်၊ ရွှေလျှာ†လှုပ်လျက်၊ အက္ခရုပ္ပတ္တိ၊ ပ ဉ္စညှိသို့၊ ကရဝိသရံ၊ ဗြဟ္မာသံဖြင့်၊ နံ တေပညာ၊ အဋ္ဌာရသ၊ နိပ္ဖ†န္နနှင့်၊ လက္ခ†ဏ လေးထွေ၊ ယင်းအနေကို၊ ကိလေ ဆယ်ပါး၊ မြှောက်ပွားတုံသတ်၊ ခုနစ်ရာ့ငါးဆယ်၊ ပေါင်းချယ်ရေတွက်၊ သင်္ချာထွက်သား၊ မီ့းထက် ပြောင်ညိ၊ လောင်မချိဖြင့်၊ မိမိသန္တာန်၊ သူ့သန္တာန်ဟု၊ နှစ်တန်ပေါင်းသာ၊ ထောင့်ငါးရာကို၊ သီတာရေစင်၊ မဂ္ဂင် ရှစ်အိုး၊ လေးကြိမ် ချိုးပြီး၊ မွှေးမျိုး ထုံသတ်၊ သမာပတ်နှင့်၊ ဧးမြတ် ကြည်လင်၊ ဗိုလ်ရှုဝင်၍့၊ သဘင်ပွဲး†ယံ၊ ညီလာခံသည်၊ ဝန်း†ရံ အများ၊ ငါ့ချစ်သားတို့။။ ကြောင်းလျား တမှု၊ ဤယခုနှိုက်၊ ဘယ်သူ့ကိစ္စ၊ ဘယ်ချင်းတကြောင့်၊ တကွ အများ၊ ဘယ်စကားဖြင့်၊ ချစ်သားတထွေ၊ စည်းဝေးနေဟု၊ ဘိက္ခဝေပုဒ်၊ အာဒိ ထုတ်၍့၊ ရွှေနှုတ် *မြှူးရှဲး၊ ရိပ်ဝဲး လှစ်ဘော်၊ မေးမိန့်ခေါ်သည်။။ သံတော်အိန့်အိန့် ဖြည်းညှင်းတည်း။ (၇)

(၁၉) အိန့်အိန့် ဖြည်း *ညှင်း၊ သုံးလူ့မင်းတို့၊ ထိုးထွင်း မသိ၊ စိုးတစိမျှ၊ မရှိငြားလည်း၊ တရားဟောငှာ၊ သိက္ခာ ပညတ်၊ ဋ္ဌုပ္ပတ်ရေးမြော်၊ ကြောင်း နှစ်ဘော်ဖြင့်၊ နှုတ်တော် စိစစ်၊ မေးမြဲး ဖြစ်၏၊ ဓမ္မရာဇ်မြတ်စွာ၊ *စောသတ္ထာလည်း၊ ဤခါ မမှား၊ ဇာတ်တရားကို၊ ထင်ရှား ဟောခွင့်၊ အကြောင်းသင့်ဟု၊ ရှင်ပင့် ရွှေဉာဏ်၊ မြင်သိဟန်ကြောင့်၊ မြူး*ကွန် ကရဝိ၊ ကျူးတွန်ညှိသို့၊ သာဘိ ညင်းညင်း၊ အာလုပ် ကျင်း၍့၊ ကြောင်းခြင်း မိန့်ခေါ်၊ သို့မေးသော်တည့်၊ ဘုန်းတော် ခြောက်ပါး၊ အားတော် ဆယ်တန်၊ ဉာဏ်တော် ဆယ်စု၊ *နှုန်း မတုသည့်၊ သုံးလူ့ဆံ†ကျင်၊ ဂုဏ်ပေါင်းရှင်အား၊ အ†ကြင် ယခု၊ ကြီး-ငယ် စု၍့၊ အထုအထ၊ အဝဏ္ဏဖြင့်၊ ဒေါသနှောင်ရစ်၊ တင်အ+ပြစ်နှင့်၊ ချော+ပစ် ကွယ်တင်း၊ ပြောဆိုခြင်းက၊ အဖျင်း သက်သက်၊ ဗာဟီ ဘက်၍့၊ အနက် မ*ချေ၊ ပလေ *လက်ချား၊ စကား ပေါ့သွပ်၊ မစပ် ဂုဏ်ထူး၊ ကျေးဇူး ကင်းချို့၊ မဂ်ဖိုလ့်ကျိုး*မဲ့၊ အသွမ်းဘွဲ့သား၊ ပြည်တဲ့*ရေးရာ၊ တိရစ္ဆာဟု၊ ကထာနတ္ထ၊ မဟုတ်စွတည့်၊ သမ္ဗုဒ္ဓစစ်၊ မြတ်ရှင်ချစ်၏့၊ အနစ္ဆရိ†ယာ၊ အံ့မော†ရာသား၊ နေအာဒိရင်း၊ ကမ္ဘာမင်းမှ၊ သက်ဆင်း ဝံသာ၊ ဥက္ကာဘိဥက္ကဌ်၊ ဥက္ကာဇာတ်ဖြင့်၊ နွယ်မြတ် သမ္ဘိန်၊ တနေ ထိန်လျက်၊ သာကိန္ဒာဘိ၊ တု မယှိအောင်၊ ဇာတိ ပုည၊ ဂုဏ မဟတ်၊ အမြတ် သုံးစုံ၊ ပြီး*ကုံ*သစ်သစ်၊ နတ်စစ်စစ်သို့၊ ဖြစ်ဆစ်ထူးလည်၊ ငယ်သွေးရည်က၊ ရွှေပြည် ရွှေနန်း၊ သိမ်းမြန်း စံပြု၊ ရောက်လု စက်ရှင်၊ ညာတင် မဟေ၊ ရံရွေအပေါင်း၊ နန်းလောင်း သည်းချာ၊ မဟာဆွေတော်၊ မျိုးဘော် တသင်း၊ ကြယ့်နှယ် ဝင်းအောင်၊ မင်းချည်း*နှင်နှင်၊ လူ့ခွင်လောက၊ လူ့ဌာနနှိုက်၊ နတ်မျှ မသာ၊ မဟာသမ္ပတ္တိ၊ သိရီ့ *ဖြိုးမောက်၊ မြင်းမိုရ်ဆောက်သို့၊ သို့လောက် ခိုင်*ဖြီး၊ စည်းစိမ် ကြီးလျက်၊ စွန့်ပြီး မညှာ၊ တောကြီး ခွါသား၊ မဟာဘိနိက္ခမ၊ ဝိသိဋ္ဌဖြင့်၊ သုဂတဂုဏ်ထူး၊ မိုး*ရှိကျူးအောင်၊ ကျေးဇူး နက်နဲး၊ လွန်ခက်ခဲးကို၊ ဝမ်းထဲး ကြည်ညို၊ ခြီးမွမ်းဆို၍့၊ ထိုထိုအားလုံး၊ အံ့မဆုံးသည်။။ စည်းရုံးတဘော် တသင်းတည်း။ (၈)

(၂၀) တဘော်တသင်း၊ မြတ်ရှင်ရင်း၏့၊ လွန်မင်းကြီးစွာ၊ အံ့ခြီးရာသား၊ မဟာဘိနိက္ခမ၊ မြတ်ကိစ္စကို၊ အံ့ကြ ရုံးပေါင်း၊ နေပါကြောင်းဟု၊ ဆယ်ချောင်း ပူးကျင်၊ ကြာဖူးသွင်သို့၊ ဦးတင် မြှောက်†ထား၊ ပြန်လျှောက်ကြားသော်၊ စိန်†ဓားသီလဝင်၊ *မာရဂင်ဖြင့်၊ လက်တွင် မြဲးထ၊ စွဲးမချဘဲး၊ မိဘ နှစ်ဖြာ၊ ရာဇာ နှစ်ပါး၊ ပြည်တိုင်းကားကို၊ ထွားထွား ကြေညက်၊ အကုန် ပျက်အောင်၊ သတ်လျက် မချန်၊ ဖြိုဖျက်လှန်ပြီး၊ အာနန္တရိုက်၊ ကံကြီးထိုက်၍့၊ အမြိုက် ငါ့လား၊ ခံစံစားသည်၊ ချစ်သားအရိယာ၊ များသင်္ဃာတို့။။ ငါ သမ္ဗုဒ္ဓ၊ ရှင်တို့ဘ-ကား၊ ဘဝဤသာ၊ ယခုခါမျှ၊ ပြည်-ရွာ တိုင်းခန်း၊ ရွှေနန်း ရွှေထီး၊ စည်းစိမ်ကြီးကို၊ စွန့်ပြီးရက်ရက်၊ တောထွက်သည်ကား၊ မဟုတ်ငြားတည့်၊ ရှည်လျား ဝေးစွာ၊ ရှေးသော့ခါလည်း၊ ပြည်-ရွာ တိုင်း†ကား၊ သိမ်းပ†ကားလျက်။ ပိုင်†ကား အာဏာ၊ ကြီးတေဇာနှင့်၊ လူ့ရွာ နှိပ်နင်း၊ စိုးစံခြင်းဖြင့်၊ မင်း၏့ချမ်းသာ၊ မဟာသမ္ပတ်၊ နတ်မျှ မလွန်၊ စည်းစိမ်*မွန်ကို၊ မှောက်သွန်အို့းနှယ်၊ ပယ်ကြီးပယ်၍့၊ လေးသွယ် ဗြဟ္မစိုရ်၊ မဂ်ဖိုလ် ဆောက်ဦ၊ ယူခဲ့ အထူး၊ တောထွက်ဖူး၏၊ လူ့မှူး ထွတ်တင်၊ ရှင်တို့အဘ၊ ဤဘဝကား၊ ပစ္ဆိမဇာတ်၊ ဖြစ်သတတ်ကြောင့်၊ ဟုတ်ဟတ် ကြီးကျယ်၊ မအံ့ဘွယ်တည့်၊ ရှေ့ဝယ်ဘဝ၊ နုစဉ်ကလျက်၊ နိက္ခမကြီး၊ မဂ်ခရီးကို၊ ရှာမှီး *ထွင်ကျင်း၊ တောထွက်ခြင်းသာ၊ လွန်မင်းစွာတောင်း၊ အံ့ရာကောင်းဟု၊ အကြောင်း မြွက်ကြား၊ ရိပ်ကာထား၍့၊ စကား *ခံအောက်၊ ထပ်မလှောက်ဘဲး၊ နောက်ဆက် မ†ဖော်၊ တုဏှိ†ဘော်ဖြင့်၊ နှုတ်တော် မဟ၊ မှိန်းချ မျက်လွှာ၊ မှေးစက်ကာလျှင်၊ ဖိုလ်သမာပတ်၊ ဝင်လတ်သော့အား၊ တရား မွေ့ညက်၊ ငြိမ်သက် ဣန္ဒြေ၊ ဆိတ်ဆိတ်နေသည်။။ သက်လေ ဝင်-ထွက် ချုပ်ကင်းတည်း။ (၉)

(၂၁) ချုပ်ကင်း သက်လေ၊ ဆိတ်ဆိတ်နေလျက်၊ ဥပေက္ခေကဂ္ဂတာ၊ အင်္ဂါ ဒွယ၊ ဒုဝင်္ဂနှင့်၊ အရဟတ္တဓာတ်၊ သမာပတ်ဟု၊ အမြတ် *စတေ၊ ဣန္ဒြေ ငြိမ်သက်၊ မွေ့ညက်တရား၊ ဝင်စား ဖလ၊ စတုတ္ထဖြင့်၊ မဟ ရွှေနှုတ်၊ ဖုံး ရွှေကြုတ်သို့၊ သမ္ဗုဒ္ဓဖျား၊ တရားသာမိ၊ တုမယှိသား၊ မုနိပုင်္ဂဝ၊ ကု ဉ္ဇရလျှင်၊ သာဝကပေါင်း၊ လျှောက် တောင်းပန်ခွင့်၊ ခံလင့် စံတော်၊ မူလတ်သော်တည့်၊ တဘော် တသင်း၊ ထံတော်ရင်းနှိုက်၊ ဝပ်စင်း ခစား၊ ရဟန်းများလည်း၊ စကား ကွယ်ဝှက်၊ ကျယ် မဆက်သား၊ အနက် ကိလိဌ်၊ မြေကြီးပိတ်သို့၊ ပဋိစ္ဆန္န၊ သံခိတ္တကို၊ လင်းပြ ထင်စွာ၊ ဟောစိမ့်ငှာလျှင်၊ *ပန်ထွာ ညွတ်ခ၊ တောင်းပန်ကြ၏၊ မောဟ ပိတ်ဖုံး၊ ဘဝလုံးနှိုက်၊ စဆုံးမကြွင်း၊ ဉာဏ်တော် ထွင်း၍့၊ ထွန်းလင်း ကုန်စင်၊ ထက်ဝန်းကျင်ကို၊ အမြင် ရွှေဉာဏ်၊ သူမတန်သည့်၊ သမန္တစက္ခု၊ သဗ္ဗညု၏့၊ စွန့်ပြု ပြည်ရွာ၊ ရှေးခြင်းရာကို၊ စ,ကာလျဉ်းရိပ်၊ မင့်းတံဆိပ်နှင့်၊ ခပ်နှိပ်သော့လား၊ ပိတ်ကာထားခဲ့၊ တပါး ရှင်-လူ၊ ဦးမည်း-ဖြူတွင်၊ မည်သူ တယောက်၊ ထွင်းဘောက်သဖြင့်၊ အကျယ် ဘွင့်၍့၊ သိခွင့် မှတ်ငှာ၊ မတတ်စွာသည်။။ ခရာ ရွှေလိပ် *တံတင်းတည်း။ (၁၀)

(၂၂) ခရာရွှေလိပ်၊ မင့်းတံဆိပ်ဖြင့်၊ ခတ်နှိပ် လျှံဝင်း၊ ရွှေတံတင်းနှိုက်၊ ကြွင်း*မဲ့ ထိုမျှ၊ မကျန်ရအောင်၊ မင်းမှ သိရာ၊ မင့်းဘဏ္ဍာသို့၊ အနာဝရဏ်၊ သဗ္ဗဉာဏ်ဖြင့်၊ သမန္တစက်၊ စံ မဘက်သား၊ မင့်းထက် မင်းစစ်၊ ရှင်ချစ်တို့သာ၊ သိထိုက်စွာတည့်၊ ဝိဇ္ဇာကိစ္စ၊ ဤဌာနတည့်၊ အညဝါဒီ၊ ရှင်ဗာဟီတို့၊ မမှီ နည်းလွတ်၊ တတ်လှည့်ငြားလည်း၊ ပိုင်းခြား ယုတ်လတ်၊ အမြတ်ဟူထ၊ သုံးပါးမျှတိ၊ ဘဝ နည်းစွာ၊ သိန်းလောက်သာနှင့်၊ ကမ္ဘာ တဆယ်၊ သည်က *ကယ်၍့၊ လေးဆယ် မကျော်၊ ရော်ရော် မှန်းမှန်း၊ မျက်ကန်း ကြိုး†လျှောက်၊ ဗာဟီ†လျောက်ဖြင့်၊ ရှေ့-နောက် မမြင်၊ အပြစ် *ဖြင်ခဲ့၊ အရှင်မဟာ၊ ပစ္စေကာလည်း၊ ပါရမီ ဖြည့်ကိန်း၊ တသိန်း ကပ်နေ၊ နှစ်သင်္ချေမျှ၊ မထွေမထူး၊ ကျေးဇူး မ*ဖြင်၊ တဆစ်ထင်ခဲ့၊ မြှောက်တင် ဝဲး-ယာ၊ ဂုဏ်မဟာဖြင့်၊ ပညာ ဣဒ္ဓိ၊ မယှိ ပြိုင်ဘို့၊ ရှင်တို့ အမှူး၊ နှစ်ဦး အဂ္ဂ၊ သာဝကနှင့်၊ ရှင်မ ယသော်၊ သက်တော် လွန်ရှည်၊ ဗာက္ကုထေရ်တို့၊ ဖြည့်သည် ကိန်းလွန်၊ မြင်သိ *တွန်လည်း၊ ကျွန်၏့ခွန်အား၊ မင်းပါး ပျောက်ကွယ်၊ နေနီး ကြယ်သို့၊ အံ့ဘွယ်မထင်၊ မသစ်လွင်ခဲ့၊ ကောင်းကင် စက္ကဝါ၊ သတ္တဝါ ဉာဏ၊ လေး နန္တတွင်၊ ဆုံးဆ မသိ၊ ဉာဏ်တော်ရှိသည့်၊ မုနိချစ်ရှင်၊ သခင် ဘုရား၊ တို့ ထွတ်ထားသာ၊ ထင်ရှား ခွဲးစိတ်၊ အတိတ် နာဂတ်၊ ကျန် မလွတ်အောင်၊ ဆုံးဖြတ် အကျယ်၊ သိနိုင်ဘွယ်တည့်၊ ဖုံးကွယ် သိုဝှက်၊ ထို အနက်ကို၊ ဆက်၍့ ဘုန်းထူ၊ ဘွင့်တော်မူမှ၊ ရှင်လူအများ၊ ထင်ရှား သူ-ငါ၊ သိရပါအံ့၊ နောင်လာ ယခု၊ ကျွတ်ဆု ရွယ်ချောင်း၊ ဝေနေပေါင်းအား၊ ရှင်ကောင်း မျှော်ရှု၊ ဟောဘော်ပြုဟု၊ တစု တပေါင်း၊ ပန်ထွာတောင်းသည်။။ ဆယ်ချောင်း ဦးတင် ဝပ်စင်းတည်း။ (၁၁)

(၂၃) ဝပ်စင်း ဦးတင်၊ ထက်ဝန်း †ကျင်က၊ အ†ကြင်မျှတိ၊ ရံ-ခယှိသား၊ *အချိ အချိ၊ များဘိ ထောင်-သောင်း၊ ရဟန်းပေါင်းတို့၊ ခွင့် တောင်းပန်ကြ၊ ထိုကာလနှိုက်၊ ပဋိစ္စသမုပ္ပါဒ်၊ ရဟတ် စက်ရှင်၊ ဆဲ့နှစ်အင်ဖြင့်၊ သွင်သွင် စပ်နည်၊ ပတ်ပတ်လည်သား၊ ရပ်တည် မရ၊ ဝဋ်ဘဝနှိုက်၊ ဆုံးမ မသိ၊ မေဟ ဘိ၍့၊ သတိ ပညာဉ်၊ မယှဉ် လုံးလုံး၊ ဖုံးခဲ့ ပိတ်ပိတ်၊ ရှေးအတိတ်ကို၊ ဉာဏ်ဝိဇ္ဇာရောင်၊ နေ တထောင်သို့၊ ပြောင်ပြောင် ဝင်းထိန်၊ ထွန်းလင်း ချိန်၍့၊ အစိန္တိယ၊ ဂုဏ်ပေါင်းခ,သား၊ ဘဝပါရဂူ၊ သယမ္ဘူလျှင်၊ ရှင်-လူ အများ၊ နောက်သား နောင်လာ၊ မှတ်စိမ့်ငှာဟု၊ မဟာကာရုဏ်၊ ပညာဟုန်ဖြင့်၊ ဝသုန္ဒရီ၊ မဟီ ဖုံးအုပ်၊ မြေဆုံး မြုပ်သို့၊ ကွယ်ငုပ် မထင်၊ ယှိခဲ့+ကျင်သည့်၊ အ+ကြင် ရှည်မြင့်၊ ရှေးယခင့်က၊ ရှင်ပင့်အဖြစ်၊ ဇာတ်တော်စစ်ကို၊ ဖွင့်လှစ် ထင်ကြောင်း၊ ထပ်လောင်း အ†ကျယ်၊ နိဒါန်းသွယ်၍့၊ ဆန်း†ကြယ် နည်းနာ၊ စုံလင်စွာတည့်၊ မြို့ရွာ တိုင်းပြည်၊ မျိုး-မည် နာမ၊ စရိယ ကျင့်တိုင်း၊ သက်ပိုင်း လားရာ၊ စဉ်အလာနှင့်၊ သစ္စာ ပြရှောင်း၊ ဇာတ်ပေါင်း နိဂုံး၊ အဆုံး ကမ္ပတ်၊ အပြီးသတ်အောင်၊ ပညတ် ပရမတ်၊ ဗျင်္ဂျတ် ကိုးပုံ၊ ပြည့်စုံ ဖိုလ်-ဟိတ်၊ ကရဝိက်နှင့်၊ ဟာရိတ် ဗြဟ္မာ၊ ကျူးသံဝါသို့၊ အင်္ဂါ ရှစ်ပါး၊ ဘဝဂ် ကြားမျှ၊ ပိုင်းခြား ကုန်စင်၊ ဟောစုံလင်သည်။။ မိုးပြင် လနှယ် ထင်လင်းတည်း။ (၁၂)

(ပစ္စုပ္ပန်ဝတ္ထုသန္တိကေနိဒါန်းခဏ်း ၁၂-ပိုဒ် ပြီး၏၊)

နိဒါန်းခဏ်း (၂၃)ပိုဒ် ပြီး၏၊