မာတိကာသို့ ခုန်သွားရန်

ပန်းသည်

ဝီကီရင်းမြစ် မှ
မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၈။ ပန်းသည်
2064မောင်ခွေးဖို့ ကဗျာများ — ၈။ ပန်းသည်မင်းသုဝဏ်

မောင်လေးရေ
ထပါတော့
ရောင်နီ လာလှပေါ့။
တစ်ကျော့နှစ်ကျော့
တေးကိုသီ
ငှက်ကျား နှုတ်ပလီ။
တောင်ဆီနားက
ခရေပန်း
ပင်အောက် ကြိုင်လို့လန်း။
ဗန်းလေးယူခဲ့
မောင်လေးရယ်
သွားကောက်ချေစို့ကွယ်။
ပန်းသည်လုပ်စို့
တပြုံးပြုံး
ပန်းတွေ တကုံးကုံး။ ။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.