မာတိကာသို့ ခုန်သွားရန်

ပရမတ္ထသံခိပ်

ဝီကီရင်းမြစ် မှ
ပရမတ္ထသံခိပ်ကျမ်း
by လယ်တီဆရာတော်

မူလနိဒါန်း

2073ပရမတ္ထသံခိပ်ကျမ်း —

မူလနိဒါန်း

လယ်တီဆရာတော်

မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် ၆-ဝါအလွန် ၇-ဝါမြောက် ရောက်လတ်သောအခါ တာဝတိံသာနတ်ပြည်၌ မယ်တော် ဖြစ်ခဲ့ဘူးသော သန္တုသိတ နတ်သားကိုအမှူးပြု၍ နတ်ဗြဟ္မာအပေါင်း တို့အား ဓမ္မသင်္ဂဏီ, ဝိဘင်း, ဓာတုကထာ, ပုဂ္ဂလပညတ်, ကထာဝတ္ထု, ယမိုက်, ပဋ္ဌာန်း ၇-ကျမ်း အပြားရှိသော အဘိဓမ္မာ ဒေသနာကို ကောင်းစွာ ဟောကြားတော်မူပါကြောင်း။

၎င်းအဘိဓမ္မာ ၇-ကျမ်းဒေသနာကို ကောင်းစွာသိရှိစေခြင်း အကျိုးငှါ သီဟိုဠ်ကျွန်း အနုရာဓမြို့ တုမူလသောမကျောင်းတိုက်ကြီးအရှင် အသျှင်အနုရုဒ္ဓါမထေရ်မြတ်သည် ပါဠိဘာသာဖြင့် အဘိဓမ္မတ္ထသင်္ဂြီုဟ် ခေါ်ဆိုမည်မှန်း လက်သန်းအဋ္ဌကထာကျမ်းကို ကြိုးပမ်းတော်မူခဲ့ပါ ကြောင်း။

ဤအဘိဓမ္မတ္ထသင်္ဂြီုဟ်ကျမ်းကို သင်ယူရာ၌ ပါဠိဘာသာ မကျွမ်း ကျင်သော ရပ်သူရပ်သား ငယ်ရွယ်သူအများတို့မှာ ပါဠိ၏ခက်ခဲခြင်း၊ ကျင်သော ရပ်သူရပ်သား ငယ်ရွယ်သူအများတို့မှာ ပါဠိ၏ခက်ခဲခြင်း၊ ပါးတို့ဖြင့် တွေ့ကြုံနေကြရသည့်အရေးကို မြော်တွေးထောက်ထား သနား ကရုဏာ လွန်စွာရှိလှသော မုံရွာမြို့ လယ်တီဆရာတော်ဘုရားကြီး သည် ဤ ပရမတ္ထသံခိပ်ကျမ်းပရမတ္ထသံခိပ်ကျမ်းကို ချီးမွမ်းအံ့လောက် သံပေါက် လင်္ကာ ဖြင့် တီထွင်ကာ ရေးစီတော်မူခဲ့ပါကြောင်း။

ဤကဲ့သို့ ကရုဏာရှေ့ထား ရေးသားစီရင်တော်မူခဲ့သော ဤ ပရမတ္ထသံခိပ်ကျမ်းက်ို ကြိုးပမ်းလေ့လာသူတို့မှာ အဘိဓမ္မတ္ထအရာ လိမ္မာ ယဉ်ကျေး ရှုပ်ထွေးခက်ခဲမရှိ အသိဉာဏ်ပွင့်လင်းမည်ဖြစ်၍ နှစ်နှစ် သက်သက် လေ့ကျက် ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း။


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.