မာတိကာသို့ ခုန်သွားရန်

ပေါင်းရှစ်ယောက်ကောက်စိုက်သူ

ဝီကီရင်းမြစ် မှ
ပေါင်းရှစ်ယောက်ကောက်စိုက်သူ
by မောင်းထောင် ဦးကျော်လှ
2171ပေါင်းရှစ်ယောက်ကောက်စိုက်သူမောင်းထောင် ဦးကျော်လှ

မြေပရံ ဧသန်ရပ်တွင်မှ
ကံစပ်ကာ ဂဟေဆော်ကြ
သူငယ်ဖော် အရွယ်ကောင်းတွေပေါ့
ဆယ်ချောင်းစီ ဆလံမြှောက်
ပေါင်းရှစ်ယောက် ကောက်စိုက်သူ။

အေးချိုချို တေးအဆို လိုက်ကာပ
ကြေးပိုက်ဆံ ငွေကျပ်ပြား
မှတ်သားကာမယူငင်ဘဲ
ဘုရားဝင် ဝတ်တော်တက်
ဆော်နှက်ကာ ကြေးစည်တီးရန်ဖို့
မကြီးလာ မမယ်တိုးတို့က
သယ်ပိုးကာဖော်အပေါင်းငယ်နှင့်
အကြောင်းခံ အခြေပြုပေကြ
ကောင်းမှုဖို့ လှူ။

ဘုရားရတနာနှင့်
အများတကာ စားစရာဖို့သာပ
တချို့တစ်ဝက်ခူးလို့
လက်ဦးပင်တင်ဝေမျှခဲ့
ပြည့်ဝ သီကရီနှင့်
ဗီရဏီဘုံမှာဖြစ်ပါသတဲ့
ကသစ်ပင်သာသည့်အောက်မှာလ
ရှစ်ယောက်ပြိုင် ဆွေလုံမိငယ်တို့
ဘုံဗိမာန် ပြာသာဒ်ကြီးတွေနှင့်
နတ်သမီးတွေ ဖြစ်စေကြောင်းရယ်လို့
တကောင်းကိုင် ကြေးစည်နှက်ကာပ
လောင်းရေစက် အရေးယူ
သွေးတူတဲ့စိတ်ကူး။

သုဒဿနာ နတ်ရွာရောက်လျှင်ဖြင့်
ဗလချာနောက်အောင် စိတ်ပျော်ပိုက်ကြလိမ့်
ကောက်စိုက်သလို ကိုယ်တို့မကုန်းကြရစေဘု
ဟိုထုံးစံ ဝတိံအလေ့
သိမ်မွေ့စွာ မာဏဝီတို့
အာသာဝတီဆိုတဲ့ပန်းတွေနှင့်
ကိုယ်လျှမ်းအောင် ထိန်ထိန်ညီးစိန်ဘီးတင် စိန်ဆံပတ်
နားကပ်ခွေ စိန်ရတနာနှင့်
ရွှေနံ့သာချေကာလိမ်းကာပ
ဇာအထည် ကြာချည်စိမ်းငယ်နှင့်
ကမ္ဗလာ အထည်ပေါ်မှာ
တာရှည်ပျော်လို့ ငြိမ်းကြပါလိမ့်
မိန်းမရှစ်ဦး။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.