ပေါရိသာ့လမ်း လေးချိုး
ပုံပန်းသွင်ပြင်
ဘာမပို တာဝေငှလိုက်တော့
ရာဇာဂြိုဟ် သာကေတငယ်နှင့်
ဗာရာဏ တက္ကသိုလ်။
အညီ တွေးလိုက်တော့
ဤလေးပြည် ဗဟိုအလယ်ထင့်
ခိုစဖွယ်ထိုဝယ်ခရီးမှာတော့
မှောင်စိုစို ညောင်ညိုကြီးရယ်
ထီဖြန့်သလို။
တည်းလှုံမှီ အသွားအလာထောက်လိုက်တော့
လှည်းကုန်သည် ငါးရာရောက်ကရော့ထင့်
နွားစာခြောက်ကိုတဲ့ မြင်သကို
ခွင်စားဖို့ရယ်တဲ့ တည်ရာစခန်း။
တောဟိမဝါ
ပေါရိသာ အယူမှားစဉ်က
လူသားကို ခင်မင်လို့
ရှင်ဘုရင် အရာကျရယ်က
မဆင်ခြင် လာသမျှကိုတဲ့
ဟော အမိအရ ဖမ်းတာကြောင့်
တော အထိကရ ကြမ်းလိုက်ပါဘိ
ပေါရိသာ့လမ်း ။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |