မာတိကာသို့ ခုန်သွားရန်

ပေါ်တော်မူဘုရား ကျောက်စာ

ဝီကီရင်းမြစ် မှ
ပေါ်တော်မူဘုရားကျောက်စာ (သက္ကရာဇ် ၄၀၀ ကျော်ခန့်)
by ကုသိုလ်ရှင်အမည်မသိ
2179ပေါ်တော်မူဘုရားကျောက်စာသက္ကရာဇ် ၄၀၀ ကျော်ခန့်ကုသိုလ်ရှင်အမည်မသိ

၁ “။ ဝ ။ ဣငာသုဖ္လေစ် သောရ္ဟာဝ်အာ ပူရ္ဟာလေ သုံခုအ် ပ္လုအ်ခ
၂ ဖူဧ ပူထိုဝ်လေနှေစ်ဖန် နိဒာန်ဇလေတစ်က္လာမ်လေရိ
၃ ဧ က္လောင်လေပ္လုအ်ဧ ညောင်ရှေစ်ပင်စိက်ဧ ဓမ္မသ စာရပ်လေ
၄ ပ္လုအ် ကန်လေတစ်ခုအ်တူဧ သာနှေစ်ယောက်လေ ရဟန်မူဧ သင်(က)
၅ န်ငာဆောလေပိဧ သန်ရ္ယင်ကအ် စအ်သော သာပိတ်ကာရာ အဟ္လူလေပိဧ
၆ တေစ်နှေစ်မာခြ တံခွန်ထီလေပူဇဝ်ဧ နိယ္အ်ရ္ယက် မာခြ နိယ္အ်ရ္ယက် မာခြလေ
၇ သတာင်သုံဧ ဤသိုဝ္အ် ငာမုသောကာ ငာထီရလိဝ်သော မာဟုတ် သအ်ကြာစ
၈ အ်သော ဗြုဟ္မာ နတ်တေစ်ကာလေ ရစိဧ မဟာထေစအ် ဗြုဟ္မာသော သင်္ဃာ(တ)
၉ (စ်)ကာလေ ရစိဧ မင်ကစအ်သော လောတစ်ကလေ ရစိဧ ခြင်သိ(ယ္အ်)
၁၀ (က) စအ်သော အခြိလိခုအ် သတ်ဒွာတစ်ကာလေ က္လတ်စိဧ ကာ(လူ)န်
၁၁ (ငှက်)မင်ကစအ်သော ငှက်တစ်ကာလေ က္လတ်စိဧ နာဂါမင်(က)
၁၂ စအ်သော အသူရာခပ်သိမ်သောလေ ဖူန်ရစိဧ ဆာရ္ယဟ္လိယ် ဆာ(ရ္ယ)
၁၃ ရှောင်ကစအ်သော ခင်ပွန်တစ်ကလေ ဖူန်ရစိဧ အမိအ်
၁၄ အဖအ်ကစအ်သော သာမီနှာမအ် အမ္လိဝ်တစ်ကလေ ဖူန်ရစိ(ဧ)
၁၅ မိယာသာကစအ် (ငာအ်)ကျောန် ယောက်ယာ ကျောန် မိမတစ်ဂါလေ ဖုန်ရ(စိ)
၁၆ ဧ ငာပိန်ဂါလာငာကစအ်သော အခြိမယ္အ်သော သတ်ဒွါ တစ်ဂါ(က္လ)
၁၇ တ်စိဧ အတိကတာ အနာကာတာ အဖ္လေစ်သိအ် လာရုယ္အ် ဧ လောနတ်တ
၁၈ စ်ဂါဆရ္ယ ဖ္လစ်ရလိဝ်ဧ တစ်နိမခြာ ဤသိုဝ္အ် ငဆုအ်တောင် ရုယ္အ်ဧ
၁၉ ဟုတ်တာ ရိခရာအိုဝ် က္လွောဲဧ။”

ဤငါသူဖြစ်သရောအား ဘုရားလည်း သုံးခုပြုခဖူး၏။ ပုထိုးလည်းနှစ်ဖန်၊ နိဒါန်းစာလည်းတစ်ကျမ်းလည်း ရေး၏။ ကျောင်းလည်းပြု၏။ ညောင်ရှစ်ပင်စိုက်၏။ ဓမ္မသာဇရပ်လည်းပြု၊ ကန်လည်းတစ်ခုတူး၏။ သား နှစ်ယောက်လည်း ရဟန်းမူ၏။ သင်္ကန်းငါးဆူ လည်း ပေး၏။ သန်လျင်းကစသော သပိတ်ကရား အလှူ လည်းပေး၏။ တစ်နှစ်မခြား တံခွန်ထီးလည်း ပူဇော်၏။ နေ့ရက်မခြားလည်း သီတင်းသုံး၏။ ဤသို့ ငါမူသောကား ငါထီးရလိုသောမဟုတ်၊ သိကြား စသော ဗြဟ္မာ နတ်တကာလည်း ရစေ၏။ မဟာထေရ်စသော သံဃာတကာလည်း ရစေ၏။ မင်းကစသော လူတကာလည်း ရစေ၏။ ခြင်္သေ့ကစသော အခြေလေးရသော သတ္တဝါတကာလည်း ကျွတ်စေ၏။ ဂဠုန်ငှက်မင်းကစသော ငှက်တကာလည်း ကျွတ် စေ၏။ နဂါးမင်းကစသော အသူရာခပ်သိမ်းသော လည်း ဖုန်းရစေ၏။ ဆရာရှေး(?) ဆရာနှောင်း(?)ကစသော ခင်ပွန်းတကာလည်း ဖုန်းရစေ၏။ အမိ အဖကစသော သမီး မယား နှမ အမျိုးတကာလည်း ဖုန်းရစေ၏။ မယား သားကစ ငါ့ကျွန်ယောက်ျား ကျွန်မိန်းမ တကာလည်း ဖုန်းရစေ၏။ ငါးပိင်္ဂလာငါးကစသော အခြေမဲ့သော သတ္တဝါတကာ ကျွတ်စေ၏။ အတီတကာ အနာဂတာ(?)အဖြစ်သို့လား၍၏ လူနတ်တကာဆရာ ဖြစ်ရလို၏။ တစ်နေ့မခြား ဤသို့ ငါဆုတောင်း၍၏ဟုတ်တာ။ ရေကရားအိုးလည်း ကွဲ(?)၏။


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.