မာတိကာသို့ ခုန်သွားရန်

ဖာဘွဲ့ လေးချိုး

ဝီကီရင်းမြစ် မှ
2241ဖာဘွဲ့အမည်မသိ ရှေးစာဆို

ပြုံးစိစိအသွင် အပြောက်ဟန် လှလိုက်တာက၊
သုံးမိလျှင် နောက်တစ်ဖန် တ,ရပါလိမ့်၊
မှောက်လှန်၍ ပြဝံ့ပါရဲ့ ရှုစမ်းပါ။
အောက်ခံ အမရယ်က နုဆန်းစွာ။

ဆရာသုံးစေဖို့၊
ဖာအဖုံးမှာ အနက်ကြောင်းတွေနဲ့၊
အယက်ကောင်းသနော် ရွှေမိန်ရွာက၊
ရေစိမ်ကာ ကောင်းစွာထိုးလိုက်တာမို့၊
အဖိုးတန် ငွေနှစ်ကျပ်ကယ်နှင့်၊
ကျေနပ်အောင် ပြုပြင်လို့ ရောင်းလိုက်ပါရဲ့၊
သောင်းထိုက်တဲ့ နဂရာမှာ၊
ပေါင်းကြိုက်ရတဲ့ ဖာ။

ဆရာ့ဆရာတို့ မက်စေဖို့၊
အညီပင် ဆန်းသနော် အကွက်တွေနှင့်၊
ထန်းလျော် အရွက်ကိုတော့ သပ်နှီးဖြူ၊
အရပ်ကြီးဖာနှင့် အတူပါတကား။

အကြောင်းရယ်သာ၊
၎င်းဖာ အထင်အမြင် တွေးလိုက်ပါတော့၊
ဆောင်းအခါဝ င်လျှင် နွေးမှာမို့၊
ကောင်းလောက်အောင် ကိုယ့်ဆရာကို ရောင်းလိုက်ချင်လှ၊
အသုံးမှာ နတ်အတွေ့ကဲ့သို့ ဖာအကျော်ဇမ္ဗူမှာ ရှားလောက်အောင်
အို ... ဆရာ
တစ်လုံးတစ်ခါထပ် မှာတော်မူပါခင်ဗျား .... ။ ။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.