ဖေဖေမေမေ ရှိခိုးမယ်
သင်ခန်းစာ (၁၆)
မိဘကို ရိုသေသော သားလိမ္မာ
[ပြင်ဆင်ရန်]ဖေဖေမေမေ ရှိခိုးမယ်
မိဘကို ရိုသေသော သားလိမ္မာ
ရှေးအခါက မိဘကို အလွန်ရိုသေသော ကလေးလေးတစ်ယောက် ရှိခဲ့သည်။ ညစဉ် အိပ်ရာဝင်တိုင်း မိဘကို ရှိခိုးပြီးမှ အိပ်ရာဝင်လေ့ရှိသည်။
တစ်နေ့တွင် ကြီးမားသော မုန်တိုင်းကြီး ပြင်းထန်စွာ တိုက်ခတ်လာလေသည်။ သို့ဖြစ်၍ တိုင်းသူပြည်သားအားလုံး ဆင်းရဲဒုက္ခရောက်နေကြသည်။
ရှင်ဘုရင်သည် မုန်တိုင်းတားနည်းကို ပညာရှိကြီးအား မေးမြန်းခဲ့သည်။ ထိုအခါ ပညာရှိကြီးက မိဘကို ရိုသေပြီး ညစဉ် အမြဲရှိခိုးသူကို ၊ လိုက်လံရှာဖွေခိုင်းခဲ့သည်။
လိုက်လံရှာဖွေကြရာ မိဘကို ရိုသေသော ကလေးလေးကို တွေ့ခဲ့ကြသည်။ ကလေးလေးက သစ္စာဆိုလိုက်သောအခါ မုန်တိုင်းကြီး ချက်ချင်း ရပ်စဲသွားခဲ့သည်။
ကျွန်ုပ်သည် ညစဉ် မိဘကို အမြဲရှိခိုးပါ၏။ ဤသစ္စာစကားကြောင့် မုန်တိုင်းကြီး ချက်ချင်း ရပ်ပါစေသတည်း။
ထိုအခါ အားလုံးက ဝမ်းသာကြ၍ ကလေးလေးအား ဆုလက်ဆောင်များ ပေးခဲ့ကြသည်။ ကလေးလေးသည် ဆုလက်ဆောင်များကို သယ်ဆောင်ပြီး မိဘများထံသို့ ပျော်ရွှင်စွာ ပြန်သွားခဲ့လေသည်။
မိဘဦးတော်တင်
[ပြင်ဆင်ရန်]ညစဉ်ညစဉ် အိပ်ရာဝင်၊
မိဘဦးတော်တင်။
ဦးတော်တင်ကာ အိပ်ပျော်က၊
အိပ်မက်လှလှ မြင်မက်ရ။
အိပ်မက်ထဲက နတ်သမီးတွေ၊
အလှမျိုးစုံပေ။
ပန်းရောင်တွေ မျိုးစုံကြား၊
ပြေးပြေးလွှားလွှား အတူကစား။
ပျော်ပျော်ပါးပါး တဟားဟား။ ။