မာတိကာသို့ ခုန်သွားရန်

ဗုံကြီးသံ (အချီအချ)

ဝီကီရင်းမြစ် မှ
ဗုံကြီးသံ (အချီအချ)
by အမည်မသိ ရှေးစာဆို
2310ဗုံကြီးသံ (အချီအချ)အမည်မသိ ရှေးစာဆို

ကျွန်းဇမ္ဗူ ပြိုင်စံရှား၊
နတ်များတို့ စောင်မ,လာ။
ပြည်ကပ္ပီသာတဲ့မြို့၊
ထူးလှလို့သာ ... လေ့။
ကပ္ပီလဝတ် ပြည်တော်သာ၊
ဖွားဇာတိပါ ...၊
မြတ်လောင်းလျာ ကြင်ဖက်ကယ် သော်ဓရာနှင့်၊
နန်းဗွေမှာ ပျော်စံမှီးတယ်၊
ကြီးပါဘိလေး ... ။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။