မာတိကာသို့ ခုန်သွားရန်

ဗွေသီဟာပြန် ပြောငို

ဝီကီရင်းမြစ် မှ
ဗွေသီဟာပျံ ပြောငို
by စလေ ဦးပုည

ဝိဇယပြဇာတ်မှ ကောက်နုတ်သည်။

2332ဗွေသီဟာပျံ ပြောငိုစလေ ဦးပုည

ဗွေသီဟာပျံ၊ ရွှေကဒန်ဝယ်၊ ဝေယံဦးကိုင်၊ ... ဖလ်မှန်ခြယ်သန်း၊ ရွှေဘုံနန်းနှင့်၊ ကြငှန်းပိုင်သည်၊ ဘုန်းလှိုင်နတ်ကယ် ....၊ နွဲ့မဉ္ဇူပင်၊ မယ့်ပူအင်ကို၊ အမြင်သားနှင့်၊ နေအားတယ်၊ စိန်ခြယ်မြစီ၊ နာရဏီငယ်၊ ညီညီလာမြန်း၊ ... သဘောငယ်စင်စင်၊ မနောငယ်ယဉ်ယဉ်၊ ရွှေလင်ပန်းနှင့်၊ ရွှေနန်းထက်တွင်၊ ... ငွေနှင်းပျံ့ပျံ့၊ ခြွေသင်းကန့်တဲ့၊ ဗိမာန့်ရင်ကို၊ ပလ္လင်ကြာခ၊ နန်းဟံသမှာ၊ ရွေမျာ့းမဟေး ... လူတောင်းလာလျှင်၊ လွှတ်ကာပေးမယ်လို့၊ မွေးပလေ၊ သရေဂုဏ်ညှိုးလိုက်ပါဘိတယ်၊ မဖွယ်လေချက်၊ ချိုး ခါ-ကြက်နှင့်၊ ငှက်တိရစ္ဆာန်၊ ဖိုးမတန်ကို၊ ကိုးပြန်ဆယ်ဆင့်၊ ... ရောင်းလိုရောင်း၊ အကြောင်းသင့်ပါငဲ့၊ တပွင့်ငယ်နှင်းပင်၊ မယ်တင်တင်မှာ၊ လူစင်လျက်ပါ၊ ... ပြည်သူ့ထွဋ်ထား၊ ဘဘုရားက၊ အားမနာ၊ ကြမ္မာကံဆိုးကြုံတော့တယ်၊ ပင်လယ်ပတ်ဝန်း၊ .... ဘီလူးပျော်မွေ့၊ လူမတွေ့တဲ့ တစ္ဆေ့ကျွန်းကို၊ ဇွတ်တွန်းဆော်ဆင့်၊ .... ငွေရွက်ကယ်ဖြူဖြူ၊ သုံးပင်ထူသည်၊ လေယူပင့်လို့၊ လွင့်ချည်တော့မယ်၊ ... သည်တခါပြင်၊ မြတပင်မှာ၊ နန်းခွင်မနီး၊ တပင်ငယ်စံလေ့၊ တပြည်ရွေ့နေနွယ်၊ .... မင်းလွင်မှုန်မှုန်၊ လင်းယဉ်ဘုံမှာ၊ ရွက်စုံဖြူဖွေး၊ ... ကူညီဆယ်တင် ဘယ်မမြင်၊ မယ်ခင်လေးမှာဖြင့်၊ .... အို .... လေသွေးရာပါချည့်မယ်။ ။


ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။