ဘာသာစကားမှီငြမ်းပြုလမ်းညွှန်/မြန်မာတေးကဗျာများ
ပုံပန်းသွင်ပြင်
မြန်မာတေးကဗျာများ
၁။ ကျောင်းခန်းဝင်
[ပြင်ဆင်ရန်]- မနီကလေး လွယ်အိတ်ပြင်
- ပိတောက်ပန်းနဲ့ ကျောင်းခန်းဝင်။
- မင်္ဂလာပါဆရာမ
- ညီညီညာညာနှုတ်ဆက်ကြ။
- ဝလုံးကလေး ချစ်စဖွယ်
- ဝိုင်းအောင် ရေးတတ်တယ်။
- စံပယ်လိုဖြူဖြူဖွေး
- ဝလုံး ကြူကြူမွှေး။ ။
(တင်မိုး)
၂။ လူရှည်ကြီး
[ပြင်ဆင်ရန်]- (လူရှည်ကြီးလိုလျှောက်)၂
- (လူရှည်ကြီးလို)၃ လျှောက်
- (လူပုလေးလိုလျှောက်)၂
- (လူပုလေးလို)၃ လျှောက်
- (လူဝကြီးလိုလျှောက်)၂
- (လူဝကြီးလို)၃ လျှောက်
- (လူပိန်လေးလိုလျှောက်)၂
- (လူပိန်လေးလို)၃ လျှောက်
- (မင်းသားလေးလိုက)၂
- (မင်းသားလေးလို)၃ က
- (မင်းသမီးလေးလိုက)၂
- (မင်းသမီးလေးလို)၃ က။
(ECD)
၃။ ခေါင်း၊ ပခုံးနဲ့ ဒူး ခြေဖျား
[ပြင်ဆင်ရန်]- [ခေါင်း၊ ပခုံးနဲ့ ဒူးခြေဖျား
- (ဒူးခြေဖျား)၂
- ခေါင်း၊ ပခုံးနဲ့ ဒူးခြေဖျား
- မျက်စိ၊ နား၊ နှာခေါင်းနဲ့ပါးစပ်]၂။
(ECD)
၄။ တစ်ကိုယ်ရေသန့်ရှင်းရေး
[ပြင်ဆင်ရန်]- အိပ်ရာထလျှင် မျက်နှာသစ်လို့
- မညစ်ပတ်အောင် နေပါ့မယ်၊
- မျက်နှာသစ်လျှင် သွားပါတိုက်လို့
- ကျန်းမာရေးကို ဂရုစိုက်မယ်၊
- အုန်းဆီလိမ်းကာ ခေါင်းကိုဖြီးလို့
- ခြေသည်းလက်သည်း လှီးပါ့မယ်၊
- အင်္ကျီ၊ လုံချည် ကြေးညှော်ကင်းအောင်
- သန့်သန့်ရှင်းရှင်း ဝတ်ပါ့မယ်၊
- ကျောင်းသွားချိန်မှာ ငါတို့သွားလို့
- နားချိန်နားလို့ ကစားမယ်၊ (ကစားမယ်)၂ ။
(ECD)
၅။ မျက်စိလေးကမြင်တယ်
[ပြင်ဆင်ရန်]- မျက်စိလေးက မြင်တယ်
- နားကလေးက ကြားတယ်
- နှာခေါင်းလေးက လေကိုရှူရတယ်
- ဦးနှောက်လေးက တွေးကာ
- ပါးစပ်လေးကိုဟကာ
- ပျော်ပျော်ရွှင်ရွှင်သီချင်းဆိုကြစို့ကွယ်
- ပျော်ရွှင်တယ်။
(ECD)
၆။ တို့ လည်းလုပ်နိုင်တယ်
[ပြင်ဆင်ရန်]- တို့များငယ်သော်လည်းအလုပ်လုပ်တတ်တယ်၊
- ဘယ်အလုပ်မဆိုတို့များလုပ်တတ်တယ်။
- (ရေခပ်ပေး)၃ တတ်တယ်
- (ဟင်းရွက်ခြွေ)၃ တတ်တယ်
- (တံမြက်စည်းလှည်း)၃ တတ်တယ်
- တို့များငယ်သော်လည်းအလုပ်လုပ်တတ်တယ်။
(ECD)
၇။ ဘူးသီးကလေးဝတုတ်တုတ်
[ပြင်ဆင်ရန်]- ဘူးသီးကလေးဝတုတ်တုတ်
- ညီညီဖိုးဝရုပ်၊
- ခေါင်းစုတ်ဖွားနဲ့စောင်ခြုံတယ်
- ပြောင်းဖူးကိုကိုရယ်၊
- လှချင်လွန်းလို့ကြက်တောင်စည်း
- မီးမီးနာနတ်သီး၊
- ပိန်ပိန်သေးသေးအရပ်ရှည်
- ဖေဖေပဲလင်းမြွေ၊
- မေတ္တာထားလို့ ကရုဏာကြီး
- မေမေ ဖရဲသီး။
(ECD)
၈။ တောထဲက မိသားစု
[ပြင်ဆင်ရန်]- မဆိုစကောင်း၊ ဆိုစကောင်း
- သိုးကလေးနဲ့ ကိုရွှေဒေါင်း
- လမ်းကြိတ်စက်ကိုမောင်း၊
- ဆိုကောင်းပါရဲ့ ပူးနဲ့ယုန်
- ချမ်း၍မီးကိုလှုံ
- ဟိုချုံပေါ်က ဝက်ဝံထီး
- မိကျောင်းကြီးကိုစီး။
- စာဝုတီးက တေးသံချို
- အသံလွှင့်သီဆို
- မလေးခိုနဲ့ ကိုရွှေဖား
- ကခုန်တမ်းကစား။
၉။ ဖိုးကြက်တော
[ပြင်ဆင်ရန်]- ရွှေခဲကလေး ဖိုးကြက်တော
- မှန်တာရဲရဲပြော
- လိမ်မပြောနဲ့မောင်လေးရယ်
- ရွှေခဲလှောင်လိမ့်မယ်
- လိမ်တယ်ဆိုတာသတ္တိနည်း
- လူညံ့လူကြောက်ပဲ။ ။
(တင်မိုး)
၁၀။ အလှူပွဲ
[ပြင်ဆင်ရန်]- ရွှေဒိုးပတ်ဗေတိုးပတ်
- ဗေတိုးပတ်ရွှေဒိုးပတ်။
- ဗေတိုးပတ်ဗိန်ပေါင်ထီ
- ပတ်မကြီးကမြည်။
- အိုးစည်အိုးစည်အိုးစည်သား
- ဟေလားမောင်တို့ ဝါး။
- ဝါးလက်ခုပ်မြှောက်လို့
- ဖြောက်ဖြောက်အသံမြည်။
- တီ - တီ - တီ ကိုရွှေနှဲ
- လွမ်းအောင်သူကချွဲ
- မောင်တို့အလှူပွဲ။ ။
(တင်မိုး)
၁၁။ မွေးနေ့
[ပြင်ဆင်ရန်]- ပျော်ရွှင်စရာမွေးနေ့ ... သင့်အတွက်
- သူငယ်ချင်းရဲ့ ... မွေးနေ့
- ပျော်ရွှင်စွာအားလုံး ... လက်ခုပ်တီး
- အားလုံးသီချင်းဆို ... သင့်အတွက်
(KG Team)
၁၂။ ရွှေမောင်းသံ
[ပြင်ဆင်ရန်]- ကကာကိကီကုကူ
- ရွှေအိုးကလေးကကူကူကူ
- တတာတိတီတုတု
- မီးရထားကြီး တူတူတူ
- မမာမိမီမုမူ
- မီးမီးလေးက မူမူမူ
- ဟဟာ ဟိဟီ ဟုဟူ
- ရွှေမောင်းသံကြီး ဒူဟူ ဟူ။
(တင်မိုး)
၁၃။ တစ်လှမ်းတိုးပါ
[ပြင်ဆင်ရန်]- ရှေ့ကိုတိုးလှမ်းပါ၊ နောက်ကိုဆုတ်လိုက်ပါ။
- ကိုယ်တစ်ပတ်လှည့် လက်ဆက်ကူညီပါ။
- ရှေ့ကိုတိုးလှမ်းပါ၊ နောက်ကိုဆုတ်လိုက်ပါ။
- ပခုံးလေးတွန်းလို့ ကူညီရိုင်းပင်းပါ။
- (ရှာလာ လာ လာ လား)၃ ကူညီပါ။
- (ရှာလာ လာ လာ လား)၃ ဟေ့ကူညီကြပါ။
(ECD)
၁၄။ ဖိနပ်ကလေး
[ပြင်ဆင်ရန်]- ဖိနပ်ကလေးကို (ညီညီကွယ်)၃
- ဖိနပ်လေးကို ညီညီကွယ်စီကာထားရမယ်။
- စာအုပ်ကလေးကို (ညီညီကွယ်)၃
- စာအုပ်လေးကိုညီညီကွယ်စီကာထားရမယ်။
- အမှိုက်ကလေးကို (အတူတူကွယ်)၃
- အမှိုက်ကလေးကိုအတူတူကွယ်ပြိုင်တူကောက် ကြမယ်။
- ကစားရတာပျော်ပါသလား(ပျော်ပါတယ်)၂
- ကစားပြီးရင် ဘာလုပ်မလဲ ... ပြန်ကာ သိမ်းရမယ်။
(ECD)
၁၅။ သင့်ကျောင်းထဲမှာ ပျော်ရွှင်လျှင်
[ပြင်ဆင်ရန်]- (သင့်ကျောင်းထဲမှာ ပျော်ရွှင်လျှင် လက်ခုပ်တီး)၂
- သင့်ကျောင်းထဲမှာ ပျော်ရွှင်လျှင် အားရပါးရလက်ခုပ်တီး
- သင့်ကျောင်းထဲမှာ ပျော်ရွှင်လျှင် လက်ခုပ်တီး။
- (သင့်ကျောင်းထဲမှာ ပျော်ရွှင်လျှင် ခေါင်းကိုငြိမ့်)၂
- သင့်ကျောင်းထဲမှာ ပျော်ရွှင်လျှင် အားရပါးရခေါင်းကိုငြိမ့် ၊
- သင့်ကျောင်းထဲမှာ ပျော်ရွှင်လျှင် ခေါင်းကိုငြိမ့်။
- (ခြေကိုဆောင့်)၊ (နှာကိုချေ)၊ (အားလုံးလုပ်)
- စသည်တို့ အစားထိုး၍ ဆက်ဆိုပါ။
(ECD)
၁၆။ တို့ကျောင်း
[ပြင်ဆင်ရန်]- ပန်းကလေးများပွင့်တော့မည်
- ဖူးတံဝင့်လို့ချီ၊
- နေခြည်မှာရွှေရည်လောင်း
- ငါတို့စာသင်ကျောင်း၊
၁၇။ သူငယ်ချင်း
[ပြင်ဆင်ရန်]- နာနတ်သီးနဲ့ ဒူးရင်းဟာ
- သူငယ်ချင်းတွေပါ၊
- တစ်နေ့သောအခါရန်ဖြစ်ကြ
- ဒူးရင်းသီးက ဆူးနဲ့ချ။
- နာနတ်သီးရဲ့မျက်နှာဝယ်
- ဆူးချက်တွေက ကြွယ်
- သူတို့နှယ်ရန်မဖြစ်နဲ့
- သင့်အောင်ပေါင်းကြား။
(ECD)
၁၈။ ကြက်ဖတိန်ညင်
[ပြင်ဆင်ရန်]- ကြက်ဖတိန်ညင် တောကိုဝင်
- မောင်ရင်လာ လေးနဲ့ပစ်
- မပစ်ပါနဲ့ မောင်ရင်ရယ်
- ကြက်တက် စူးပါ့မယ်
- ဘယ်ဘက်က စူးစူး
- ညာဘက်က စူးစူး
- ခွပ်လိုက်ကြစို့ သူငယ်ချင်း
- အောက် အီ အီး အွတ်။
(ECD)
၁၉။ ဈေးထဲသွားကြမယ်
[ပြင်ဆင်ရန်]- ဖေဖေနဲ့အတူတူကွယ် ဈေးထဲသွားကြမယ်
- မေမေနဲ့အတူတူကွယ် ဈေးထဲသွားကြမယ်၊
- (ဝယ်မယ်ကွယ့်)၂ အသားနဲ့ငါးနဲ့ဝယ်
- (ဝယ်မယ်ကွယ်)၂ ဟင်းသီးဟင်းရွက်တယ်။
(ECD)
၂၀။ သစ်ပင်စိုက်ကြစို့
[ပြင်ဆင်ရန်]- သစ်ပင်လေးတွေစိုက်ကြမယ်
- တို့ကမ္ဘာလေးလှဖို့ကွယ်၊
- သစ်ပင်စိုက်ပါ တို့ကမ္ဘာ
- သာယာလှပ စိမ်းမြမြ။
၂၁။ ဗေတိုးတပ်
[ပြင်ဆင်ရန်]- ဗေတိုးတပ်ဗေတိုးတပ်
- မီးမီးလေးက မတ်တတ်ရပ်
- ဖူးပွင့်လာတဲ့ ကြာပွင့်ချပ်။
- ဗေတိုးတပ်ဗေတိုးတပ်
- ခါးကိုညွှတ်လို့ ပန်းဆွတ်တတ်
- လက်ကလေးကိုကွေးကာဆတ်။
- ဗေတိုးတပ် ဗေတိုးတပ်
- ခေါင်းငဲ့လည်ငဲ့ ယိမ်းနွဲ့တတ်
- မျက်နှာကလေးက ပြောင်စပ်စပ်
- မေးကလေးက တဇတ်ဇတ်
- ဗေတိုးတပ် ဗေတိုးတပ်။
(တင်မိုး)
၂၂။ လေငြိမ်ငြိမ်
[ပြင်ဆင်ရန်]- လေငြိမ်ငြိမ်၊ သစ်ပင်ကြီးကငြိမ်
- လေပြင်းတိုက်တော့ဘာဖြစ်တယ်၊
- (ဟောဒီလိုဖြစ်တယ်)၂
- အရှေ့ကတိုက်ပြန်တော့
- အနောက်ကို (ယိမ်းတယ်)၂
- အနောက်ကလိုက်ပြန်တော့
- အရှေ့ကို (ယိမ်းတယ်)၂
- လေငြိမ်ငြိမ်၊ သစ်ပင်ကြီးက (ငြိမ်)၃။
(ECD)
၂၃။ ရွှေစွန်ညို
[ပြင်ဆင်ရန်]- ရွှေစွန်ညို၊ ဘာကိုလိုလို့ဝဲပါတယ်
- မထွေးလိုလို့ဝဲပါတယ်။
- မထွေးမပါ တို့ချည်းသာ
- ပါပါလျက်သားနောက်ကထား
- မထွေးအသားခါးလှတယ်၊
- ချောင်းငယ်ရေနဲ့ဆေးပါ့မယ်။
- ချောင်းငယ်ရေချမ်း နွေမှာခန်း
- မြစ်ငယ်ရေနှင့် ဆေးပါ့မယ်။
- မြစ်ငယ်ရေချမ်း နွေမှာခန်း
- ပင်လယ်ရေနဲ့ဆေးပါ့မယ်။
- ပင်လယ်ရေချမ်း နွေမှာခန်း
- ပင်လယ်ရေ ဘယ်မခန်း
- မထွေးအမိဖမ်း။
(ကျေးလက်ကဗျာ)
၂၄။ လှလှပပထားကြမယ်
[ပြင်ဆင်ရန်]- အပင်ကလေးများလှပတယ်
- ပန်းကလေးများပွင့်ကြတယ်
- လှလှပပထားကြမယ်။
- မချိုးနဲ့မဖဲနဲ့ဂရုစိုက်ကွယ်၊
- ရေကိုမှန်မှန်လောင်းစို့ကွယ်၊
- ပန်းပွင့်များများပွင့်ဖို့ရယ်။
(ABCD ကဗျာသံစဉ်)
၂၅။ နွေ၊ မိုး၊ ဆောင်း
[ပြင်ဆင်ရန်]- အောင်မလေးတော့/ဗျပူလိုက်တာ
- နွေရာသီရောက်လာ။
- အောင်မလေးတော့/ဗျာ
- လေပြင်းမုန်တိုင်းလာ၊
- မိုးတွင်းရောက်ပြီလား။
- နှင်းမှုန်တွေတဖွဲဖွဲကျလို့လာ၊
- ဆောင်းတွင်းရောက်ပြီကွာ။
(KG Team)
၂၆။ မိုးခြိမ်းသံကြား
[ပြင်ဆင်ရန်]- မိုးတွေလေတွေတခြိမ်းခြိမ်း
- (တုတ်တုတ်ဂျိမ်း)၂ ။
- ယိမ်းကရအောင် ကရအောင်
- ပတ်ဗေဒိုးဗြောင်ဗေဒိုးဗြောင်၊
- မောင်တို့မယ်တို့ညီစေသား
- ဝိုင်းကြပါလား ဝန်းပါလား
- ဟေးလား မောင်တို့ဝါး။
(ECD)
၂၇။ ဖားငယ်ကလေး
[ပြင်ဆင်ရန်]- (ဖားငယ်ကလေး)၂
- သူတို့အော်သံကြား
- (အုံးအွမ် ကွမ် ကွမ်)၂
- အုံးအွမ် ကွမ် ကွမ် ကွမ်
- (အမြီးမရှိ)၂ အသံကျယ်စွာအော်
- (အုံးအွမ် ကွမ် ကွမ်)၂
- အုံးအွမ် ကွမ် ကွမ် ကွမ်။
(ECD)
၂၈။ ခရီးသွားကြမယ်
[ပြင်ဆင်ရန်]- ခရီးသွားကြမယ်၊ အတူတူလာ
- သူငယ်ချင်းအားလုံး ပျော်စရာ
- စီးကြ၊ မောင်းကြ၊ သွားကြမှာ
- [(ပွမ်)၂ ကားကြီးမောင်းမယ်]၃ (ပွမ်)၇
- [(တူ) ရထားကြီးမောင်းမယ်)]၃ (တူ)၇
- [(ပေါ်) သင်္ဘောကြီးမောင်းမယ်]၃ (ပေါ်)၇
- [(ဝီ)၂ လေယာဉ်ပျံကြီးမောင်းမယ်]၃ (ဝီ)၇
- [(ကလင်)၂ စက်ဘီးလေးစီးမယ်]၃ (ကလင်)၇
- [(ဝူး)၂ ဆိုင်ကယ်စီးမယ်]၃ (ဝူး)၇
- [(လျှောက်)၂ လမ်းလေးလျှောက်မယ်]၃ (လျှောက်)၇။
(ECD)
၂၉။ ကိုကိုတစ်ကလေး
[ပြင်ဆင်ရန်]- ကိုကို (၁) ကလေးထွက်လို့လာ
- မမ (၂) လည်းပါ
- ညီ (၃)၊ (၄)နဲ့ (၅) လည်းပါ
- အားလုံး က ကြမှာ။
(ECD)
၃၀။ မီးရထားကြီး
[ပြင်ဆင်ရန်]- [မီးရထားကြီး ထွက်ခါနီးပြီ
- ထွက်လို့လာပြီ၊ တံခါးပိတ်ထား
- ဂျုံးဂျုံးဂျုံး၊ ဂျက်ဂျက်ဂျက်
- ဂျုံးဂျုံး၊ ဂျက်ဂျက် ဝမ်းမြောက်စွာ]၂
(ECD)
၃၁။ မီးပွိုင့်လေး
[ပြင်ဆင်ရန်]- လမ်းဆုံတိုင်းက မီးပွိုင့်မှာ
- အရောင်သုံးမျိုးရှိတယ်ကွာ
- အဝါရောင်လေးမြင်ရင်တော့
- အရှိန်သပ်တာပေါ့။
- အနီရောင်လေးမြင်ရင်ကွယ်
- ကားလေးရပ်ကြမယ်
- အစိမ်းရောင်လေးမြင်ရင်တော့
- ကားကလေးထွက်တာပေါ့။
- တို့တွေအားလုံး ဘေးကင်းရေး
- မီးပွိုင့်လေးက ကာကွယ်ပေး။
(KG Team)
၃၂။ ပန်းကလေး ၁၀ ပွင့်
[ပြင်ဆင်ရန်]- ပန်း ၁ ပွင့်၊ ပန်း ၂ ပွင့်၊ ပန်း ၃ ပွင့် ပါ
- ပန်း ၄ ပွင့်၊ ပန်း ၅ ပွင့်၊ ပန်း ၆ ပွင့် ပါ
- ပန်း ၇ ပွင့်၊ ပန်း ၈ ပွင့်၊ ပန်း ၉ ပွင့် ပါ
- ပန်းကလေး ၁ဝ ပွင့်ပါ။
လေး
၃၃။ တစ်၊ နှစ်၊ သုံး၊
[ပြင်ဆင်ရန်]- (၁၊ ၂၊ ၃၊ ၄)၂
- (၅၊ ၆၊ ၇)၂
- (၇ ပြီးတော့ ၈ ကွယ်)၂
- (၉၊ ၁၀)၂ ။
၃၄။ ၁၊ ၂ စာကိုချစ်
[ပြင်ဆင်ရန်]- တစ်နှစ်၊ စာကိုချစ်
- သုံးလေး၊ မသိတာမေး
- ငါးခြောက်၊ နှစ်ချင်းပေါက်
- ခုနစ်ရှစ်၊ တပည့်ချစ်
- ကိုးတစ်ဆယ်၊ ကြိုးစားမယ်။
၃၅။ ကောက်ညှင်းပေါင်း
[ပြင်ဆင်ရန်]- ကောက်ညှင်းပေါင်းလေး၊ ပူပူနွေး
- နှမ်းထောင်းနံ့ မွှေးမွှေး။
- အုန်းသီးဖွေးဖွေးထည့်ရင်ကွယ်
- သားသားကြိုက်ပါတယ်။
- ကောက်ညှင်းပေါင်းသည် မမလေး
- များများထည့်ပါ မနှေး။
- တို့ဈေးလေးရဲ့ အရှေ့မှာ
- မမရောင်းတဲ့ခါ၊
- ဈေးဆိုင်ပြင်လို့တောင်းကိုချ
- သားသားစားမယ်ဗျ။
(KG Team)
၃၆။ ပျော်ရွှင်စရာမွေးနေ့
[ပြင်ဆင်ရန်]- (ပျော်ရွှင်စရာမွေးနေ့ သင့်အတွက်)၂
- ပျော်ရွှင်စရာမွေးနေ့ သင့်အတွက်ပါ ...
- ပျော်ရွှင်စရာမွေးနေ့ သင့်အတွက်
(KG Team)
၃၇။ ဘုရားပွဲတော်သွားစို့နော်
[ပြင်ဆင်ရန်]- (တူပျော်ပျော်)၂
- ဘုရားပွဲတော်သွားစို့နော်၊
- သူငယ်ချင်းများနဲ့အတူပျော်၊
- နွားလှည်းလေးနဲ့နော်၊
- ဟေ့ နွားလှည်းလေးနဲ့နော်(တူပျော်ပျော်)၂
- ပွဲဈေးတန်းလေးလျှောက်လို့နော်၊
- ကောက်ညှင်း ပေါင်းနဲ့ဘူးသီးကြော်၊
- ဝယ်စားကြစို့နော်၊
- ဟေ့ ဝယ်စားကြစို့နော်။
(ECD)
၃၈။ ကြက်ခြံကလေး
[ပြင်ဆင်ရန်]- ရွှေကြက်ဖကြီးတွန်သံသာ
- နံနက်မိုးသောက်ခါ၊
- ကြက်မကြီးမှာအိပ်နေတုန်း
- နှိုးလိုက်ပါအုန်း။
- ကြက်ကလေးတွေနိုးတဲ့ခါ
- ကျိကျိအော်သံသာ။
- တို့ခြံထဲမှာ ကြည့်ပါအုန်း
- မိသားတစ်စုလုံး၊
(KG Team)
၃၉။ ပင်လုံ
[ပြင်ဆင်ရန်]- လွတ်လပ်ပန်းကိုဘယ့်နှယ်ဆွတ်တယ်
- တို့ညီညွတ်လို့ဆွတ်နိုင်တယ်။
- ရှမ်းချင်း၊ ကရင်၊ ကချင်များနဲ့
- ရခိုင်၊ကယား အသွယ်သွယ်။
- ပင်လုံမြို့မှာတူဆုံကြလို့
- တို့ပြည်မနဲ့တို့ပြည်နယ်။
- သားချင်းညီနောင်တည်ထောင်မှုနဲ့
- ပြည်ထောင်စုကြီး ပေါ်လာတယ်။
- အမိနိုင်ငံ တာဝန်များကို
- ကိုယ်အား ဉာဏ်အား ထမ်းကြမယ်။
- ထမ်းမယ်ထမ်းမယ်။ ။
(တင်မိုး)
၄၀။ ရေ(၁)
[ပြင်ဆင်ရန်]- ရေ ရေ ရေ ရေ ရေ
- သောက်သုံးကြဖို့ရေ၊
- ရေ ရေ ရေ ရေ ရေ
- ဆေးဖို့၊ ကြောဖို့ရေ၊
- ရေ ရေ ရေ ရေ ရေ
- ချက်ဖို့ ပြုတ်ဖို့ရေ ၊
- ရေကလေးဟာလေ အဓိက ကျလှပေ။
- ထမင်းအသက် ခုနစ်ရက်
- ရေအသက်က တစ်မနက်၊
- ရေကောင်းရေသန့်ရမှသာ
- ကျန်းမာဝဖြိုးမှာ။
(ECD)
၄၁။ ရေ (၂)
[ပြင်ဆင်ရန်]- ရေတွေ ရေတွေ ဘယ်ကလာ
- မိုးကောင်းကင်ကလာ၊
- မိုးကောင်းကင်ကို ဘယ်လိုရောက်
- ရေငွေ့ဖြစ်လို့ ရောက်။
- ရေငွေ့ ရေငွေ့ ဘယ်ကလာ
- ကမ္ဘာမြေကလာ၊
- ပင်လယ်ပြင်မှာ နေပူတော့
- ချောင်းမြောင်းအိုင်မှာ နေပူတော့
- ရေငွေ့ဖြစ်တာပေါ့။
- ရေငွေ့ဖြစ်တော့လေထဲပါ
- ကောင်းကင်ပြန်တက်ကာ၊
- ကောင်းကင်ကြီးဟာ အေးလာတော့
- (ရေပြန်ဖြစ်တာပေါ့)၃။
(KG Team)
၄၂။ မနှင်းတို့အိမ်
[ပြင်ဆင်ရန်]- ဟိုဘက် ကမ်းက မီးထိန်ထိန်
- သည်ဘက်ကမ်းကမီးထိန်ထိန်
- ဆီမီးထိန်ထိန်လင်းပါတဲ့ မနှင်းတို့အိမ်။
၄၃။ ငါးကလေးတွေ
[ပြင်ဆင်ရန်]- ငါးကလေးတွေ ငါးကလေးတွေ
- ရေထဲက ငါးကလေးတွေ၊
- အဖြူရောင်လေးတွေ အဝါရောင်လေးတွေ
- အို အစုံပဲဟေ့။
- ငါးကလေးတွေ ငါးကလေးတွေ
- ရေထဲက ငါးကလေးတွေ၊
- ဟိုဘက်ကူးလိုက် သည်ဘက်ကူးလိုက်
- ပျော်စရာအလွန်ကောင်းတယ်။
(ECD)
၄၄။ ပုရွက်ဆိတ်
[ပြင်ဆင်ရန်]- ပုရွက်ဆိတ်ကလေးအချိန်မဖြုန်းပါ
- ပျင်းရိပြီးတော့အိပ်မနေပါ။
- (ဘယ် ညာ)၃ တန်းစီကာ
- ကြိုးကြိုးစားစား အလုပ်လုပ်တာ
- ကျွန်ုပ်တို့ လည်းအချိန်မဖြုန်းပါ။
- ပျင်းရိပြီးတော့အိပ်မနေပါ။
- (ဘယ် ညာ)၃ တန်းစီကာ
- ကြိုးကြိုးစားစား အလုပ်လုပ်မှာ။
(ECD)
၄၅။ ကိုယင်ကောင်
[ပြင်ဆင်ရန်]- (ကိုယင်ကောင်)၂
- သိပ်ရွံဖို့ကောင်း။
- မစင်လည်းစား ဟင်းလည်းစား
- ဟိုနဲ့ဒီကူးသွား။
- သူ့ခြေလက်တွေ ဆေးနေတာ
- တို့ထမင်းဝိုင်းပေါ်မှာ
- မောင်းပါဟ မောင်းပါကွ။
- အဝေးသို့ထွက်သွားအောင်
- ထမင်းဝိုင်းလေးအုပ်ထားရအောင်
- သွားတော့ ကိုယင်ကောင်၊
(ECD)
၄၆။ လိပ်ပြာလေး
[ပြင်ဆင်ရန်]- (လိပ်ပြာလေးတွေ)၂
- (လှလိုက်တာ)၂
- (ပန်းဝတ်ရည်ကိုစုပ်တယ်)၂
- (လှပါတယ်)
(ECD)
၄၇။ ကျောင်းနေစ
[ပြင်ဆင်ရန်]- က ခ ဂ ဃ င
- သားသား ကျောင်းနေစ၊
- စ ဆ ဇ ဈ ည
- မိတ်သစ် ဆွေသစ်ရ၊
- တ ထ ဒ ဓ န
- အတူ ကစားကြ၊
- ပ ဖ ဗ ဘ မ
- ကဗျာရွတ်ဆိုကြ၊
- ယ ရ လ ဝ သ
- စာရေး စာဖတ်ကြ၊
- ဟ ဠ အ
- ပျော်ဖို့ ကောင်းသပ။
မောင်တင်စိုး (သစ်ရာကောက်)
၄၈။ အားလုံးညီညွတ်တယ်
[ပြင်ဆင်ရန်]- ၁၊ ၂၊ ၃ ညီမပန်းတွေကုံး
- ၄၊ ၅၊ ၆ နွားနို့မှန်မှန်သောက်
- ၇၊ ၈၊ ၉ ဥယျာဉ်လေးကိုပျိုး၊
- ၁ဝ၊ ၁၁၊ ၁၂ ကိုယ့်တိုင်း ကိုယ့်ပြည်ချစ်
- ၁၃၊ ၁၄၊ ၁၅ ပန်းချီဆွဲပါလား
- ၁၆၊ ၁၇၊ ၁၈ အမှိုက်ယူလို့ပစ်
- ၁၉ နဲ့ ၂၀ အားလုံး ညီညွတ်တယ်။
(တင်မိုး)
၄၉။ လမင်းထဲက ယုန်ကလေး
[ပြင်ဆင်ရန်]- လမင်းထဲက ယုန်ကလေး
- အသားဖြူဖွေးဖွေး။
- တောင်ဝှေးထောက်တဲ့အဘိုးအို
- မောင့်ဆီလာပါဆို။
- မလာလိုနေပါရော့
- လူလေးလာမှာပေါ့။
(တင်မိုး)
၅၀။ လယ်စောင့်တဲ
[ပြင်ဆင်ရန်]- မိုးရေတက်ရေတဖွေးဖွေး
- ကွင်းကျယ်အဝေးဝေး။
- လယ်စောင့်တဲလေးခြေတံရှည်
- မိုးကုပ်အောက်မှာတည်၊
- ကြာနီတစ်ပွင့် ဖြူတစ်ပွင့်
- တဲနှင့်ပနံတင့်။
(မင်းသုဝဏ်)
၅၁။ တို့တာဝန်
[ပြင်ဆင်ရန်]- သည်အိမ် ဘယ်သူ့အိမ်
- တို့အိမ်။
- တို့အိမ်ကောင်းအောင် ဘယ်သူပြု
- ငါတို့ မိသားစု။
- သည်ကျောင်း ဘယ်သူ့ကျောင်း
- တို့ကျောင်း၊
- တို့ကျောင်းဂုဏ်ကို ဘယ်သူဆောင်
- ငါတို့ကျောင်းသူ ကျောင်းသားမောင်။
- သည်မြေ ဘယ်သူ့မြေ
- တို့မြေ။
- တို့မြေသာကြောင်း ဘယ်သူလောင်း
- ငါတို့ ပြည်သူအပေါင်း။ ။
(တင်မိုး)
၅၂။ အိမ်
[ပြင်ဆင်ရန်]- (အိမ် )၃.... သားသားမီးမီးတို့ရဲ့ အိမ်
- (အိမ်)၃..... ပျော်ရွှင်ရတဲ့အိမ်
- အိမ်..... သားသား/မီးမီးတို့ရဲ့ အိမ်
- တို့အိမ် ကလေးဟာလေနွေးထွေးလှပေါ့လေ။
(KG Team)
၅၃။ ညောင်ဝေါင် ညောင်ဆောင်
[ပြင်ဆင်ရန်]- ပူစီကလေး ဆောင့်ကြောင့်ထိုင်
- ကြွက် မရလို့မှိုင်။
- တိုင်ကြို တိုင်ကြား လျှောက်လို့သွား
- အမြီး တဖွားဖွား။
- ပူစီကလေး ဗိုက်ဆာလောင်
- မဆော့နိုင်ရှာ ပေါင်။
- ညောင်ဝေါင် ညောင်ဝေါင် အော်လို့ညည်း
- ပူစီ ဒေါသကြီး။ ။
(တင်မိုး)
၅၄။ တာဝန်ကိုယ်စီ
[ပြင်ဆင်ရန်]- ညီမလေးက တံမြက်လှည်း
- ညီညီထင်းတွေခွဲ။
- ရေဆွဲတာက ကိုလေးပါ
- မမဈေးသွားတာ၊
- မေမေမှာ ထမင်းချက်
- ဖေဖေရုံးကိုတက်။
၅၅။ ဘဲကလေး
[ပြင်ဆင်ရန်]- ရေကန်နံဘေး ဘဲကလေး
- ရေကူးမယ်တဲ့လေး။
- လယ်တဲကလေး ကမ်းစဆီ
- ဘဲငယ်ကူးရသည်၊
- ဘာမထီတဲ့ဘဲကလေး
- ကူးမယ်အဝေး ကမ်းအဝေး။ ။
(တင်မိုး)
၅၆။ ငှက်ကလေးနီနီ
[ပြင်ဆင်ရန်]- ငယ်သော ငှက်ကလေးနီနီ
- သစ်ကိုင်းပေါ်မှာ ထိုင်နေ၊
- အမြီးကလေးက လှုပ်၍နေ
- (လှုပ်)၂ လှုပ်၍နေ၊
- အမြီးကလေးက လှုပ်၍နေ၊
- ခေါင်းကလေးက ငြိမ့်၍နေ၊
- အမြီးကလေးက လှုပ်၍နေ
- (လှုပ်)၂ လှုပ်၍နေ၊
(ECD)
၅၇။ ရွှေရောင်ငွေရောင်
[ပြင်ဆင်ရန်]- ပိတောက်ပန်းတွေ ဝင်းထိန်ထိန်
- သင်္ကြန်ကျတဲ့အချိန်၊
- မိုးပြေးတစ်ကြိမ်ရွာရင်လည်း
- ရွှေရောင်ဝင်းခနဲ။
- ပိတောက်ပန်းတွေအပေါ်မှာ
- နေခြည်လက်လက်ဖြာ။
- လေပြေတစ်ခါသွေးရင်လည်း
- ငွေရောင်ထင်းခနဲ။
(တင်မိုး)
၅၈။ ဆင်မျောက်သုန်
[ပြင်ဆင်ရန်]- ယုန်ကလေးအရွယ်ငယ်
- ဆင်ကြီး ကြီးလှတယ်
- ယုန်မျောက်ဆင်ကွယ်အကုန်လုံး
- ဆင်ကြီး အကြီးဆုံး။
၅၉။ ဖြူဖွေးလှတဲ့ ယုန်
[ပြင်ဆင်ရန်]- ဟိုခုန်သည်ခုန် တခုန်ခုန် (ဖြူဖွေးလှတဲ့ယုန်)၃
- ဟိုနေရာမှာလည်း တခုန်ခုန်
- ဒီနေရာမှာလည်း တခုန်ခုန်
- ဟိုခုန်သည်ခုန် တခုန်ခုန် ဖြူဖွေးလှတဲ့ယုန်။
(ECD)
၆၀။ ပြည်ထောင်စုဖွားညီနောင်များ
[ပြင်ဆင်ရန်]- ရှမ်း ချင်း ကချင်ကရင်များနဲ့
- ရခိုင် ကယား မွန် ဗမာ၊
- တစ်မြေတည်းနေ ညီနောင်များမို့
- ပြည်ထောင်သားလို့ ခေါ်ကြတာ၊
- အေးလည်းအတူ ပူအမျှနဲ့
- အတူတကွ နေထိုင်ကာ၊
- တစ်ယောက်လက်ကို တစ်ယောက်ဆွဲလို့
- လက်ချင်းတွဲယှက် မြဲခိုင်မာ၊
- ညီညီညာညာ တစ်ယောက်အားနဲ့
- မဖောက်မပြား စည်းလုံးကာ
- တို့ပြည်ထောင် စည်သာရေးနဲ့
- ပြည်ရွာအေးဖို့ စောင့်ထိန်းမှာ၊
- ထိန်း... မှာ၊ ထိန်း... မှာ။ ။
ရေနံ့သာမောင်ကျော်ညွန့်
၆၁။ ရွာငယ်ဇနပုဒ်
[ပြင်ဆင်ရန်]- ရွာငယ်ဇနပုဒ်၊ မီးကလေးမှိတ်တုတ်။
- ကျွဲ၊ နွား၊ခွေး၊ ဆိတ်မြည်သံ
- (ဟိုကလဲ ဝုတ်ဝုတ်၊ ဒီကလဲ ဝုတ်ဝုတ်
- ဟိုကဝုတ်၊ ဒီကဝုတ် ...... ဝုတ်ဝုတ်ဝုတ်)။
၆၂။ ပဲပဲ၊ သိုးမည်း
[ပြင်ဆင်ရန်]- (ပဲပဲ၊ သိုးမည်း၊ သိုးမွေးရှိပါသလား၊
- (ဟုတ်ကဲ့)၂ သုံးအိတ်အပြည့်ဗျ။
- တစ်အိတ်က ဆရာဖို့၊
- တစ်အိတ်က ဆရာမဖို့
- ကျန်တစ်အိတ်က လူကလေး၊
- လမ်းကြားထဲကလေး)၂ ။
၆၃။ မြင်းကြီးစီးမယ်
[ပြင်ဆင်ရန်]- (လာပြီကိုကို၊မြင်းကြီးစီးကာ
- မြင်းဝကြီးကို စီးလို့လာ)၂
- ဒါကို သူက လုပ်ပြတယ်
- (ဘေးချင်း)၃ တိုက်လို့ရယ်
- (ရှေ့ချင်း)၃နီးလို့ရယ်
- (ကျောချင်း)၃ ကပ်လို့ရယ်
- ဒါကို သူက လုပ်ပြတယ်။
(ECD)