ဘာသာစကားမှီငြမ်းပြုလမ်းညွှန်/ဝေါဟာရများ
နေ့စဉ်အသုံးများသော စကားလုံးများ
[ပြင်ဆင်ရန်]ကလေးငယ်များကို စာရေးစာဖတ်သင်ကြားရာတွင် ဗျည်း၊ သရ၊ အက္ခရာများကို ခွဲခြားမသင်ကြား မီတွင် စကားလုံးအချို့ကို သင်ကြားနိုင်ပါသည်။ အချို့သော စကားလုံးများကို အမြင်ဖြင့် စွဲသွားအောင် သင်ကြားပေးခြင်းဖြင့် စာရေးစာဖတ် မြန်ဆန်မှန်ကန်စွာ တတ်မြောက်ရေးအတွက် အထောက်အကူဖြစ် ပါသည်။ ထပ်ကာထပ်ကာ မြင်ရတွေ့ရများပြီး အမြင်ဖြင့် မှတ်မိသော စကားလုံးများဖြင့် အပြင်စွဲစကားလုံး များဟုလည်း ခေါ်ပါသည်။ စင်စစ်အားဖြင့် စာရေးစာဖတ်တတ်သည်ဆိုသည်မှာ စကားလုံး အားလုံးနီးပါး လောက်ကို အမြင်စွဲဖြင့် ဖတ်နိုင်ခြင်းဖြစ်သည်။
အမြင်စွဲဖြင့် စကားလုံးများကို မှတ်သားသိုလှောင်ပုံမှာ ကလေးတစ်ယောက်နှင့်တစ်ယောက် မတူနိုင်ပါ။ တစ်ဦးချင်းစီ ထိတွေ့ ရင်းနှီးရသည့် စကားလုံးများအပေါ်တွင် မူတည်ပါသည်။ သူငယ်တန်း ဆရာများကို ကလေးများအမြင်စွဲဖြင့် ဖတ်နိုင်အောင် လုပ်ပေးသင့်ပါသည်။ ယေဘုယျအားဖြင့် အင်္ဂလိပ် ဘာသာစကားတွင် နေ့စဉ်တွေ့ ရ၊ ဖတ်ရှုရသည့် စာသားတစ်ပုဒ်အတွင်း (၅၀)%သော စကားလုံးများမှာ အသုံးအများဆုံးစကားလုံး (၁၀၀)အတွင်းတွင် ပါဝင်နေသည်ဟု ဆိုပါသည်။ အဆိုပါစကားလုံး (၁၀၀)ကို အမြင်စွဲအဖြစ် မှတ်သားမိသော ကလေးအနေဖြင့် စာရေးစာဖတ်တတ်မြောက်မှုတွင် ရှေ့သို့ ရောက်နေပြီး ဖြစ်ပါသည်။ သို့ဖြစ်ရာ မြန်မာစကားတွင် အသုံးအများဆုံးသော စကားလုံးများကို ရှာဖွေပြီး အမြင်စွဲဖြင့် သင်ကြားပေးနိုင်ပါသည်။
အများဆုံးမြင်တွေ့ နေကျ အမြင်စွဲ စကားလုံးများ
[ပြင်ဆင်ရန်]| -ရှိတယ် | -ပြီး | -မ-ခင် | -အဘွား |
| -ဖြစ်တယ် | -တဲ့- | -ဟုတ်ကဲ့ | -သမီး |
| -လဲ | -ပေမဲ့ | -သူ | -သား |
| -လား | -ပဲ | -နင်/ငါ | -စကား |
| -မယ် | -မ-ဘဲ | -လုပ် | -ငါး |
| -မှာ | -ရင်/လျှင် | -စမ်း | -ဝါး |
| -ပါ | -တော့ | -တုန်း | -နွား |
| -နဲ့ | -တာ | -ရေး | -လျှာ |
| -မလို့ | -နော် | -ဖတ် | -နေ |
| -တယ် | -လေ့ရှိ | -ပြော | -လူကလေး |
| -ဘူး | -ဆိုရင် | -သွား | -ကလေး |
| -ရှိ | -လိုက် | -ထိုင် | -အသီး |
| -ဒါ | -ဘယ်တော့ | -ထ | -သစ်ပင် |
| -ပြီ | -ကျွန်တော် | -စား | -ကျောင်း |
| -ရဲ့ | -ကျွန်မ | -ကြည့် | -ဘယ်/ညာ |
| -အုန်း/ဦး | -ရေ | -တွက် | -ထီး |
| -ပေါ့ | -အမေ | -ပုံဆွဲ | -ဖိနပ် |
| -ဟင့်အင်း | -အဖေ | -ပျင်း | -သောက် |
| -ဆုံး | -အစ်မ | -ဆို | -လို့ |
| -က | -အစ်ကို | -မ | -မလို့ |
| -လို့ပါ | -ညီလေး | -မောင် | -စားပွဲ |
| -ကို | -ညီမလေး | -ဒေါ် | -ကုလားထိုင် |
| -ဟာ | -သူငယ်တန်း | -ဦး | |
| -လို့ | -ဦးလေး | -ဆရာမ | |
| -ဒီ/သည် | -အဒေါ် | -အဘိုး |