ဘုန်းကြီးကျောင်း သွားကြမယ်
ပုံပန်းသွင်ပြင်
သင်ခန်းစာ (၁၂)
ဘုန်းကြီးကျောင်း သွားကြမယ်
[ပြင်ဆင်ရန်]ဘုန်းဘုန်းကျောင်းကို ဘွားဘွားသွားတော့၊
သားသားမီးမီး လိုက်ကြမယ်။
ပြောဆိုနေထိုင် လွန်ယဉ်ကျေးလို့၊
သန့်ရှင်းရေးလည်း လုပ်ပါ့မယ်။
ဘုန်းဘုရားကို ဦးနှိမ်ချလို့၊
လှူစရာများ လှူပါ့မယ်။
အလှူဒါန လှူပြီးက၊ အမျှ ပေးဝေမယ်။
ကျောင်းကိုသွားက ကုသိုလ်ရ၊
သွားကြ သွားကြမယ်။ ။