မာတိကာသို့ ခုန်သွားရန်

မင်းမတ်မဟာသမန်း ကျောက်စာ

ဝီကီရင်းမြစ် မှ
မင်းမတ်မဟာသမန်းကျောက်စာ (သက္ကရာဇ် ၆၂၀)
by မင်းမတ်မဟာသမန်း
2439မင်းမတ်မဟာသမန်းကျောက်စာသက္ကရာဇ် ၆၂၀မင်းမတ်မဟာသမန်း

(မျက်နှာဘက်)
၁၊၂၊၁၄၀။
၁၊၂၊၁၁၁၊၄။
၁၁“ဤငာလှူသော လဲတိုဝ်တွင် (လဲ)တပဲကို(ဝ်လ) ည္ကော်၊ င‌ေ(ဆုယ်)
၁၂ငမျိုဝ် ငသာ ငမ္လိယ်တိုဝ်တွင်လေည်ာင်၊ ပ္လင်သူလေည္က်ာင် (တိရစ္ဆ)
၁၃န်လေည္က်ာင်၊ လူလေည္က်ာင်၊ မိမလေည္က်ာင်၊ ယောက္ကျ်ာလ(ေည်ာင်) ္က
၁၄လုစရစ်သော၊ နိုင်ထက်မူသော သူတိုဝ်ကာ၊ လူတွင်ဖုန်မ(ကြီ)
၁၅အသက်မရှယ်စေသတေ၊ မင်ကြီဖိယ်ဖျံကြီစွာစွာ သ(င်)
၁၆(စိယ်)သတေ၊ မီဖိယ်၊ ရေဖိယ်၊ မိုဝ်ကြီုဝ်ပုဆိန်ဖိယ်၊ ဆ
၁၇င်ဖိယ်၊ မြင်ဖိယ်၊ သစ်က္လာ လဝံဖိယ်၊ သ္မာကုရုယ်မတတ်”

[ဤငါလှူသော လယ်တို့တွင် လယ်တစ်ပယ်ကို လည်းကောင်း၊ ငါ့ဆွေ၊ ငါ့မျိုး၊ ငါ့သား၊ ငါ့မြေးတို့ တွင်လည်းကောင်း၊ ပြင်သူလည်းကောင်း၊ တိရစ္ဆာန် လည်းကောင်း၊ လူလည်းကောင်း၊ မိန်းမလည်းကောင်း၊ ယောက်ျားလည်းကောင်း လုစားရစ်သော၊ နိုင်ထက် မူသော သူတို့ကား လူတွင်ဘုန်းမကြီး အသက်မရှည် စေသတည်း။ မင်းကြီးဘေးဘျမ်းကြီးစွာစွာ သင့်စေ သတည်း။ မီးဘေး၊ ရေဘေး၊ မိုးကြိုးပုဆိန်ဘေး၊ ဆင်ဘေး၊ မြင်းဘေး၊ သစ် ကျား လူဝံဘေး၊ သမားကု၍ မတတ်]

(ကျောဘက်)
“ရျာသော အနာဖိယ်ကြီစွာလျှင်သင်ရုယ် ဖတ္တ်လတ်
သိယ်စိယ်သတေ၊ သွယ်ခယ်အန်ရုယ် သိယ်စိယ်သ
တေ၊ သိယ်သောလေ အဝစိယ်မည်သော၊ ငြယ်ကြီလျှ
င် ကျက်စိယ်သတေ၊ ဖုရှာအဖ္လစ်ဖ္လစ်လျှင် မဖူ
စိယ်သတေ၊ ကြံမာအာဖ္လင် လူဖ္လစ်ငြာတုံမ်သော
လေ နူသော ဝယ်သော၊ ကီသော၊ ကန်သော၊ နာပင်သော၊ အ
သော၊ ရူသော၊ တုံမ်လှီသော၊ ခြေိယ်လက်တိုဝ်သော
၊ နာ နှခောင်တိုဝ်သော၊ ပုဆိုဝ်ခြံမ်လည်လျှေင်
လျောက်ရုယ် ဖုန်စသောလေည် မစာရတတ်သော
၁၀လူတွင်ကြံမာခံသော လူပြိတ္တ်ာလျှင် ဖ္လစ်စေိယ်
၁၁သတေ၊”

[ရာသော အနာဘေးကြီးစွာလျှင်သင့်၍ ဖတ္တလတ်သေစေ သတည်း။ သွေးခဲအန်၍ သေစေသတည်း။ သေသော လည်း အဝီစိမည်သော ငရဲကြီးလျှင် ကျက်စေသတည်း။ ဘုရားအဖြစ်ဖြစ်လျှင် မဖူးစေသတည်း။ ကြမ္မာအားဖြင့် လူဖြစ်ငြားတုံသောလည်း နူသော ဝဲသော၊ ကျီးသော ကန်းသော၊ နားပင်းသော၊ အသော၊ ရူးသော၊ တုံလှီ သော၊ ခြေလက်တိုသော၊ နားနှာခေါင်း တိုသော၊ ပုဆိုးခြမ်းလည်လျှင်ယောက်၍ ဖုန်းစားသောလည်း မစားရတတ်သော၊ လူတွင်ကြမ္မာခံသော လူပြိတ္တာလျှင် ဖြစ်စေသတည်း။]


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.