မာတိကာသို့ ခုန်သွားရန်

မင်းသတိုးသီဟသူရ ကျောက်စာ

ဝီကီရင်းမြစ် မှ
မင်းသတိုးသီဟသူရ ကျောက်စာ (သက္ကရာဇ် ၇၀၁)
by မင်းသတိုးသီဟသူရ
2450မင်းသတိုးသီဟသူရ ကျောက်စာသက္ကရာဇ် ၇၀၁မင်းသတိုးသီဟသူရ

၂၊၁၊၄၄၊၁။

[ပြင်ဆင်ရန်]
  • “။၊ ဝ ။ နမေါ တဿတိ။ ဝ ။ က္လစွာမင်ကြိလက်ထက်၊ မင်သတိုဝ်သီဟသူရသည်၊ အမြင်ရသော
  • ခာလျှင် အမိအဖအရပ်ဖ္လစ်သော မဟာကဿပက္လောင်နှိုက် မဟာဝိဟာရက္လောင်ကြိလေပ္လု၏၊ ထိုဝ်က္လောင်နှိုက်
  • ၊ပတိယစ် ပတိပတ်နှင်ပ္လည်စုံမ်သော သိခင်တိုဝ်အာ ပစ္စည်လေပါ ဖ္လစ်စိမ်သောငှာ။ ဝ ။ သက္က်ရစ် ၇၀၁ ခုစိ
  • ဿနှစ်နှိုက် သတိုဝ်သီဟာသူရသည် က္လစွာမင်ကြိကိုဝ် ရေစင်ကရာတိုက်ရုယ်၊ လှူသောမ္လေကာတဝ်စိမ် ၇
  • ဝ၊”

[နမော တဿာတိ။ ကျစွာမင်းကြီးလက်ထက် မင်း သတိုးသီဟသူရသည် အမြင့်ရသောခါလျှင် အမိအဖ အရပ်ဖြစ်သော မဟာကဿပကျောင်း၌ မဟာဝိဟာရ ကျောင်းကြီးလည်း ပြု၏။ ထိုကျောင်း၌ ပရိယတ်၊ ပဋိပတ်နှင့် ပြည့်စုံသောသခင်တို့အား ပစ္စည်းလေးပါး ဖြစ်စိမ့်သောငှာ၊ သက္ကရာဇ် ၇ဝ၁ခု ဇေဋ္ဌနှစ်၌ သတိုး သီဟသူရသည် ကျစွာမင်းကြီးကို ရေစင်ကရားတိုက်၍ လှူသောမြေကားတောစိမ်း ၇ဝ။]

၂၊၁၊၄၄၊၂။

[ပြင်ဆင်ရန်]
  • ၁၁“ဤငအလှူကိုဝ်ကာ ရေမ္လေအသျင် မင်ကြီစသော အမတ်ကလန် သံပျံအလုံမ်လေ ရ
  • ၁၂ စပါစေသတေ၊ မိဘုရာစသော မိသံမောမ အကုန်လေ ရစပါစေသတေ၊ လေသောင်ရှုသော အမတ် ကလန် သံပျင်
  • ၁၃ စခီတိုဝ်လေ ရစပါစေသတေ၊ ဤငာလှူသောကောင်မှုကိုဝ် လေသောင်စိုဝ်သော အမတ်စသော လေသောင်စခီ
  • ၁၄ တိုဝ် ဖျက်ဆိရစ်မူကာ မ္လေပုံမ်လုံမ်မျှမက ဖ္လစ်လတ္တံသော ဘုရာတိုဝ်နှိုက်လေ မဖူရစေသတေ၊ မ္လေ
  • ၁၅ ကြိအထယ် ငာရယ်နှိုက်လျှင် ကျက်စိယ်သတေ၊”

[ဤငါ့အလှူကိုကား ရေမြေအရှင် မင်းကြီးစသော အမတ် ကလန် သံပျင်အလုံးလည်း ရစပါစေသတည်း။ မိဖုရားစသော မိဿံမောင်းမအကုန်လည်း ရစပါစေ သတည်း။ လေးသောင်းရှုသော အမတ် ကလန် သံပျင် စာချီတို့လည်း ရစပါစေသတည်း။ ဤငါလှူ သော ကောင်းမှုကို လေးသောင်းစိုးသောအမတ်စသော လေးသောင်းစာချီတို့ ဖျက်ဆီးရစ်မူကား မြေပုံလုံးမျှ မကဖြစ်လတ္တံ့သော ဘုရားတို့၌လည်း မဖူးရစေသတည်း။ မြေကြီးအထဲ ငရဲ၌လျှင် ကျက်စေသတည်း။]

၂၊၁၊၄၄၊၃။

[ပြင်ဆင်ရန်]
  • ၁၅ ဤငာလှူသောကောင်မှုကိုဝ် ခိပင်ပါသော သူတဝ်တိုဝ်ကာ၊
  • ၁၆ ဤလူလက်ထက်လေ အနာမယ်၊ အသက်ရှည်စွာ ဖ္လစ်စေသတေ၊ ဘုရာသိခင်၏သာသနာနှိုက် အလှူပေရ သိတ
  • ၁၇ င်သုံမ်ရလတ်ရုယ်၊ လူစည္ဇိမ် နတ်စည္ဇိမ်ကိုဝ် စုန်ဆန် ၂ ခံစပြိမူကာ ဖုရာစသော ပစ္စေကဗုဒ္ဓါ ရဟန္တာသူ
  • ၁၈ တဝ်တကာတိုဝ် ဝင်ရာဖ္လစ်သော အမြိုက်ပါန်သော နိဗ္ဗန်ချံသာ ခံစရစေကုသတေ၊ ဝ ၊”

[ဤငါလှူသောကောင်းမှုကို ချီးပင့်ပါသော သူတော်တို့ ကား ဤလူလက်ထက်လည်း အနာမဲ့ အသက်ရှည်စွာ ဖြစ်စေသတည်း။ ဘုရားသခင်၏သာသနာ၌ အလှူပေးရ၊ သီတင်းသုံးရလတ်၍ လူ့စည်းစိမ် နတ်စည်းစိမ်ကို စုန်ဆန် စုန်ဆန်ခံစားပြီးမူကား ဘုရားစသော ပစ္စေကဗုဒ္ဓါ ရဟန္တာ သူတော်တကာတို့ဝင်ရာဖြစ်သော အမြိုက်ပန်သော နိဗ္ဗာန်ချမ်းသာ ခံစားရစေကုန်သတည်း။]


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.