မင်းသာနေမှတ်-ချီ ရတု
၁။ မင်းသာနေမှတ်၊ အောင်မြေထွတ်၌၊ ပြာသာဒ်ပြောင်ရွှန်း၊ မြို့တုနန်းနှင့်၊ ထောင့်ယွန်းရှေ့ဘက်၊ တောင်မြင့်ထက်ဝယ်၊ ပြိုးပြက်ရိပ်ရိပ်၊ ချိပ်ချိပ်လျပ်လျပ်[၁]၊ ထိန်ထိန်လျှပ်မျှ၊ တိမ်ထပ်မဆီး၊ ဝေးလည်းနီးသို့၊ ရေမီးလနှင့်၊ နေနှယ်တင့်သား၊ ရှင်ပင့်အစစ်၊ မိန့်ရစ်ရာထား၊ ရှင်တော်စားဟု၊ ခြောက်ပါးရောင်ခြည်၊ မတန့်လည်သား၊ ငါးမည်တထောင်၊ တိုက်ခန်းဆောင်သည်[၂]။ ။ ညီနောင်စည်းခုံ စုံရှင်ချစ်။
၂။ ကြွင်းဝါကြွေလွတ်၊ နွေသို့ပတ်မျှ၊ သာထွတ်သာဖျား၊ လတပါးထက်၊ ရွှေသားရွှေကုံး၊ တောအလုံးနှင့်၊ အိုင်ထုံးဆည်တန့်၊ စဲညွန့်ပြင်ယံ၊ ပျံပျံနားနား၊ ဖြားကာခေါ်ကျူး၊ ဘော်ပြိုင်မြူးရှင့်၊ ချစ်ထူးမဆို၊ နောင်မြညိုလျှင်၊ ထွေလိုရှေးနှင့်[၃]၊ ဖင့်ဖင့်နွဲနွဲ၊ လလှဲရက်ဝေး၊ နေ့သာသွေးခဲ့၊ ပူနွေးဆည်ချုပ်[၄]၊ ဗျာပါမြှုပ်၍၊ ကျွန်ုပ်ဆက်တိုင်၊ နိမိတ်ပြိုင်သည်။ ။ ရွှေစိုင်နှစ်စုံကြုံသင်နှစ်။
၃။ နှင်းခွာခွေပတ်၊ ကြင်စမှတ်က၊ အထွတ်အတိုင်[၅]၊ မပြိုင်မမျှ၊ ခခဖြားဖြား၊ စကားစက်လည်၊ ဆိုမျိုးသည်လည်း၊ မတည်စဘူး၊ လေသို့ကျူးခဲ့[၆]၊ ကျေးဇူးအခေါင်၊ ညီတော်နောင်ဟု၊ တန်းဆောင်ဦးစွန်း၊ ဆယ်ရပ်ပန်းကို၊ သွန်းသွန်းရွှေစိုင်၊ စုံနှစ်ခိုင်နှင့်၊ မပိုင်၍တည်း၊ ဝမ်းနည်းနားတော်၊ လျှောက်သည်သော်ကား၊ ရှုပျော်သို့ပေ[၇]၊ ဟုတ်တိုင်းဖြေလော့၊ အထွေအထူး၊ စိုးမှူးမော်ရ[၈]၊ ဟူသမျှသည်။ ။ သူပမကြုံ ယုံစင်စစ်။
မူကွဲ
[ပြင်ဆင်ရန်]
မှတ်ချက်
- [ရ] - နတ်သျှင်နောင်ရတုပေါင်းချုပ် ရန်ကုန်၊ ဟံသာဝတီစာအုပ်တိုက်ထုတ်စာအုပ် မူတည် ရတု
- [မ] - မန္တလေးမြို့ ဟံသာဝတီ ပိဋကတ်ပုံနှိပ်တိုက်ထုတ် စာအုပ်မူ
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |