မည်းမျှဆင်သည်-ချီ ရတု
၁။ မည်းမျှဆင်သည်၊ မြသွင်ရည်ချပ်၊ ကုံး၍ထပ်သို့၊ ရှစ်ရပ်ရိပ်ဆို၊ ရွာရုပ်လိုနှင့်၊ စိတ်ကိုလာစမ်း၊ လွမ်းမလွမ်းဟု၊ တိမ်ငြမ်းဆိုင်ဝန်း၊ တင့်ရည်ဆန်းနှင့်၊ ရေးငန်းဖွဲ့ကာ[၁]၊ မရွာလှာသော်၊ ဆံကြာကေရှင်၊ လက်သင်ပင့်လျော၊ မကြောဆီရွှမ်း[၂]၊ ပတ်မြိတ်မွမ်းနှင့်၊ နေတမ်းသာလျှင်၊ မရွှင်ချင်တည့်၊ ပေါ်ပြင်ဆံမျှ[၃]၊ ပျောင်းပျမယ့်ရုပ်၊ မြင်းမိုရ်အုပ်သို့၊ ခေါင်ချုပ်ဘုန်းဟေ့၊ ကြင်မရွေ့ကို။ ။ အောက်မေ့မိမည် စိုးတော့သည်။
၂။ ကျည်းကပင်သည်၊ ဧးရွှင်ကြိုင်ပျံ့၊ နတ်ရနံ့သို့၊ အလွှံ့ထုံသင်း[၄]၊ သလင်းကြက်စုံ၊ စိန်ညောင်ဘုံထက်၊ လျောင်းတုံ မယ့်ချည်း၊ နောင်ကိုနည်း၍၊ နောင်လည်းသည်ဖြစ်၊ မချစ်ကြင်လို၊ မြွက်ဆိုပန်ဆန်း၊ လွမ်းမှန်းဆံရှိ[၅]၊ မသိလံကွာ[၆]၊ ဗျာပါ ဖွဲ့ရေး၊ လွင့်စေဝေးဟု၊ မုလေးငှက်ပန်း၊ ပွင့်ခိုင်လန်းနှင့်၊ ရွှေနန်းလွှတ်သာ၊ ရှေ့လက်ယာက၊ စကြာရွက်ရှင်၊ ကာဆင်ဖြန့်ရိပ်၊ ပလ္လင်ထိပ်ဝယ်၊ မာရ်နှိပ်ခေါင်ချိုး၊ ဘက်မဲ့နိုးကို၊ စုံဖြိုးလက်အုပ်၊ ဆယ်ချောင်းရုပ်၍။ ။ ကျွန်ုပ်ရှိရည် ခိုးတော့သည်။
၃။ နည်းမှကြင်သည်၊ များလျှင်ချစ်တည်၊ မကျမည်ကြောင့်၊ လွမ်းသည်ဝိုးဝါး၊ စကားမလွင့်၊ နေစတင့်ရှင့်၊ သူနှင့်သူနှယ်[၇]၊ သက်လှယ်မတတ်၊ ကြင်ညွတ်သည်ဖြစ်၊ ကြာလစ်ကာကာ၊ မယ်မှာတချို့၊ သူသို့ရောက်ပြန်[၈]၊ မကန်မြေမိုး၊ ဆိုစမျိုးထက်၊ နန်းရိုးရွယ်ပျို၊ လွန်၍ဆိုသည်၊ စိတ်ကိုကြွင်းမဲ့၊ သိလေခဲ့ဟု၊ ခြိမ်းဖွဲ့ယုံဘွယ်[၉]၊ မယ့်ဝယ်ဝေးစေ၊ သဘောနေနှင့်၊ ထွေထွေ လည်လည်၊ ကျူးမည်လျှောက်ကူ၊ တော်မည့်သူက၊ ရင့်ရူလှာဆန်း၊ မရွာဝန်းသည်။ ။ လျှပ်ပန်းညိလည် ဖြိုးတော့သည်။
မူကွဲ
[ပြင်ဆင်ရန်]
မှတ်ချက်
- [ရ] = ရန်ကုန်မြို့ ဆူးလေဘုရားလမ်း မြန်မာ့ကြက်သရေ စာပုံနှိပ်တိုက်တွင် ၁၉၂၁ - ခုနှစ်က ရိုက်နှိပ်သော စာအုပ်မူ
- [မ] = မန္တလေးမြို့ ဟံသာဝတီ ပိဋကတ်စာပုံနှိပ်တိုက်တွင် ၁၉၂၀ - ခုနှစ်က ရိုက်နှိပ်သော စာအုပ်မူ
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |