မာတိကာသို့ ခုန်သွားရန်

မည်းမျှရစ်လည်-ချီ ရတု

ဝီကီရင်းမြစ် မှ
မည်းမျှရစ်လည်-ချီ ရတု
by နတ်သျှင်နောင်
2479မည်းမျှရစ်လည်-ချီ ရတုနတ်သျှင်နောင်

၁။ မည်းမျှရစ်လည်၊ မြနှစ်ဆံဝတ်၊ ကုံး၍ပတ်သို့၊ မိုဃ်းနတ်လုလင်၊ လွမ်းရေးဆင်သော်[]၊ ကေရှင်ဆီရွှမ်း၊ နေတမ်း လက်သင်၊ တိုင်းပင်မကြော၊ ပတ်လျှောလျောနှင့်[]၊ သဘောအပ၊ ပျောင်းပျမဲ့ထွေ၊ ဝှက်ခွေစသိပ်၊ ရိုးရိပ်ခြည်မျှ၊ ပြင်မပြ ရှင့်၊ စိတ်ကသာတည်း၊ ဝမ်းနည်းရစေ၊ မြင်းမိုရ်နေသို့၊ လျော့ဖြေလိုလို[]၊ ချစ်နဂိုရ်သည်။ ။ မြွက်ဆိုမည်မျှပြင်းတော့၏။

၂။[] နည်းမှချစ်သည်၊ အဖြစ်ကိုလည်း၊ နောင်ညိုဘုန်းဟေ့၊ မကျန်မေ့ခဲ့[]၊ သူ့ရှေ့သူ့မှာ၊ မေတ္တာအသက်၊ နှင်းဆက်သမျှ၊ ကြားရတုံတုံ၊ မယုံတချို့၊ မယ်သို့ရောက်လစ်၊ အဖြစ်ကျူးလွန်[]၊ မကန်မြေမိုဃ်း၊ မိုးထက်မိုးမျှ[]၊ နန်းရိုးညွန့်လူ၊ ပွင့်မည့်သူလျှင်၊ အယူနှစ်ဖြာ၊ ရှိလှည့်ရာကို၊ ဗျာပါမသည်း၊ ဝမ်းနည်းမပျောက်[]၊ လွမ်းလှောက်မဆင်၊ အတိုင်းပင်သည်။ ။ ပြစ်စင်ကြည်မြကင်းတော့၏။

၃။ ကျည်းကဖြစ်သည်၊ ပွင့်သစ်ရနံ့[]၊ မွှေးပျံ့ထုံသင်း၊ သလင်းပြက်ကာ၊ စက်ဘုံသာဝယ်[၁၀]၊ ရိုးညှာကင်းလွတ်၊ မုလေး သတ်သား၊ ခြူးနတ်ရုပ်သွင်၊ ခြယ်လွင်ပြောက်သန်း၊ သလွန်ဆန်းထက်၊ ညှိုးမြန်းခွေပျောင်း[၁၁]၊ မယ့်ထူးလျောင်းရှင့်၊ နန်းလောင်းပွင့်လျာ၊ မေ့လှည့်ရာကို[၁၂]၊ အာကာမြငြမ်း၊ စိတ်ကိုစမ်းလည်း၊ ပျောင်းသမ်းခွေညွတ်၊ လွမ်းမဆွတ်တည့်၊ မယ်မှတ်ညီဟန်၊ သူဘို့ချန်သည်။ ။ မေ့ကျန်သည်က ပင်းတော့၏။

တမ်းပလိတ်:Reflist
မှတ်ချက်

  • [ရ] = ရန်ကုန်မြို့ ဆူးလေဘုရားလမ်း မြန်မာ့ကြက်သရေ စာပုံနှိပ်တိုက်တွင် ၁၉၂၁ - ခုနှစ်က ရိုက်နှိပ်သော စာအုပ်မူ
  • [မ] = မန္တလေးမြို့ ဟံသာဝတီ ပိဋကတ်စာပုံနှိပ်တိုက်တွင် ၁၉၂၀ - ခုနှစ်က ရိုက်နှိပ်သော စာအုပ်မူ


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.
  1. တင့်ရည်းဆင်သော် [မ]
  2. ပန်းရောင်လျောနှင့် [ရ] [မ]
  3. လျှောက်ဖြေလိုလို [မ]
  4. [ရ] မူတွင် တတိယပိုဒ်ဖြစ်သည်။
  5. မကြံမေ့ခဲ့ [ရ] [မ]
  6. အပြစ်ကျူးလွန် [ရ]
  7. ဆိုစမျိုးထက် [ရ]
  8. ဝမ်းနည်းပပျောက် [ရ]
  9. ပန်းစစ်ရနံ့ [ရ]
  10. ဘုံစက်ရာကို [ရ]
  11. ဘော်ကျွန်းမပေါင်း [ရ]
  12. နေလှည့်ရာကို [ရ]