မာတိကာသို့ ခုန်သွားရန်

မယ်ခုမျှော် ဘောလယ်

ဝီကီရင်းမြစ် မှ
မယ်ခုမျှော်
by လှိုင်ထိပ်ခေါင်တင်
2503မယ်ခုမျှော်လှိုင်ထိပ်ခေါင်တင်

စိန်ခြူးကြာညောင်၊ လရောင်လင်းပါလို့၊
မှန်ရွှေပြူ ပြတင်းငယ်က မယ်ခုမျှော်၊
သုံးချက်စည်တော် ရိုက်ဆော်ညှင်းတယ်လေး၊
လင်းပြန်လုနော်။

သဇင်းသင်းပါတဲ့၊ ခင်းပြန့်ပေါ်၊
လာနိုးငယ် မယ်မျှော်လို့၊ တကိုယ်တော်ထူး၊
ထွေရာစိတ်ကူးပါလို့၊ ဖူးရွှေလက်တင်၊
ဖြစ်ရှေးကုန်စင်၊ ဘဝင်တုန်းဆွေးတယ်လေး၊
တွေးကြံလိုက်ရင်။

သစ္စာတော်စူးပါစေ့၊ ဆိုဦးကပင်၊
ခင်လေးကို မောင်ကြင်ငဲ့၊ သည်သက်တွင်ဘဲ၊
နောင်သွေ မလွှဲပါဘူ့ ယုံတော့မေ။ ပြဒုမဘွေ
သိဟာတင့်တယ်လေး၊ စိုးညာမြင့်နေ။ ။

နတ်ဒေဝီဖြားသော်လဲ၊ တပါးမသွေ၊
ရှစ်ဗြဟ္မာချွေပါလို့၊ အောင်ဇေယျာညွှန်း
မတ်ခြွေရွှေဝန်းငယ်နှင့်၊ ရေသွန်းတော်ခံ၊
မဟေသီမှန်၊ ဒေဝီတပ်တယ်လေး၊ ဦးဆယ်ထပ်ရံ။ ။

သည်မေထင်စားပါလို့၊ ကြင်အားငယ်သန်၊
ခုများမှာသူတဉာဏ်နှင့်၊ မူတဟန်ခြား၊
ပြုတော်မူအားရန်တော့၊ မျက်ထားတော်သုန်၊
မချစ်ပြင်ပြင်၊ မကြင်ကိုယ်တော် စိမ်းတယ်လေး၊
ပိန်းပိတ်လို့မှုန်။ ။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။