မာတိကာသို့ ခုန်သွားရန်

မာရ်နတ်သား

ဝီကီရင်းမြစ် မှ
မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၃၁။ မာရ်နတ်သား
2767မောင်ခွေးဖို့ ကဗျာများ — ၃၁။ မာရ်နတ်သားမင်းသုဝဏ်

ဘယ်ဘက် ညာဘက် အစုံပေါင်းတော့
လက်ဆယ်ချောင်းတောင် ဖြစ်လာတယ်။
မာရ်နတ်မင်းကို သည်လိုပေါင်းရင်
လက်တစ်သောင်းတောင် ဖြစ်လိမ့်မယ်။
မာရ်နတ်သားက ကစားရွယ်
သူ့မယ်မယ်က အလုပ်များ။
လက်သည်းရှည်ကို တစ်ခါလှီးရင်
သူ မယ်မယ် နတ်သမီးမှာ ညည်းလိမ့် မအား။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.