မိတ္တဝိန္ဒကဇာတ် -၃
ပဉ္စကနိပါတ် - ဝဏ္ဏာရောဟဝဂ်
၉။ မိတ္တဝိန္ဒကဇာတ်
အလိုရမ္မက်ကြီးသဖြင့် သင်ခုန်စက်သို့ ရောက်ရခြင်း
ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကျာဟံ ဒေဝါန မကရံအစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမိတ္တဝိန္ဒကဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆိုနိုင်ခက်သော ရဟန်းတစ်ပါးကို အကြောင်း ပြု၍ ဟောတော်မူ၏။
ပစ္စုပ္ပန်ဝတ္ထု... ဝတ္ထုသည် မဟာမိတ္တဝိန္ဒကဇာတ်၌ ထင်စွာဖြစ်လတ္တံ့။
အတိတ်ဝတ္ထု... ဤမိတ္တဝိန္ဒကသည် သမုဒ္ဒရာ၌ ပစ်ချအပ်သည်ရှိသော် အလွန် အလိုရမ္မက်ကြီးသည်ဖြစ်၍ ငရဲသူ သတ္တဝါတို့၏ ကျက်ရာ ဥဿဒငရဲကို တစ်ခုသော မြို့တည်းဟူသော အမှတ်ဖြင့်ဝင်၍ သင်ဓုန်းစက်သို့ ရောက်၏။ ထိုအခါ ဘုရားလောင်းသည် နတ်သားဖြစ်၍ ဥဿဒငရဲကို လှည့်လည်၏။
ဘာကြောင့် သင်ဓုန်းစက်အောက်ရောက်
မိတ္တဝိန္ဒကသည် ဘုရားလောင်းကို မြင်၍ မေးလိုရကား-
ယံ မေ သိရသ္မိံ ဩဟစ္စ၊ စက္ကံ ဘမတိ မတ္ထကေ။
ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။
၁၀၀။ သာမိ ဒေဝပုတ္တ၊ အရှင်နတ်သား။ အဟံ၊ အကျွန်ုပ်သည်။ ဒေဝါနံ၊ နတ်တို့အား။ ကိံ၊ အဘယ့အမှုကို။ အကရံ၊ ပြုမိသနည်း။ ယံ ယေန ပါပေန၊ အကြင်မကောင်းမှုဖြင့်။ မေ၊ အကျွန်ုပ်၏။ သိရသ္မိံ၊ ဦးခေါင်းထက်၌။ ဩဟစ္စ၊ နှိပ်၍။ စက္ကံ၊ သင်ဓုန်းစက်သည်။ မတ္ထကေ၊ ဦးခေါင်းထက်၌။ ဘမတိ၊ လည်၏။ မယာ၊ အကျွန်ုပ်သည်။ ကိံ ပါပံ၊ အဘယ်မည်သော မကောင်းမှုကို။ ပကတံ၊ ပြုအပ်သနည်း။
ထိုစကားကို ကြား၍ ဘုရားလောင်းသည်-
ဗြဟ္မတ္တရဉ္စ ပါသာဒံ၊ ကေနတ္ထေန ဣဓာဂတော။
ဟူသော နှစ်ခုမြောက်သော ဤဂါထာကိုဆို၏။
၁၀၁။ မိတ္တဝိန္ဒက၊ မိတ္တဝိန္ဒက တွံ၊ သင်သည်။ ရမဏကံ၊ ဖလ်ဖြင့်ပြီးသော။ ပါသာဒံ၊ ပြာသာဒ်ကိုလည်းကောင်း။ သဒါမတ္တံ၊ ငွေဖြင့်ပြီးသော။ ပါသာဒံ၊ ပြာသာဒ်ကိုလည်းကောင်း။ ဒူဘကံ၊ ပတ္တမြားဖြင့်ပြီးသော။ ပါသာဒဉ္စ၊ ပြာသာဒ်ကိုလည်းကောင်း။ ဗြဟ္မတ္တရံ၊ ရွှေဖြင့်ပြီးသော။ ပါသာဒဉ္စ၊ ပြာသာဒ်ကိုလည်းကောင်း။ အတိက္ကမ္မ၊ လွန်၍။ ကေနတ္ထေန၊ အဘယ်အကြောင်းကြောင့်။ ဣဓ၊ ဤငရဲသို့။ အာဂတော၊ လာသနည်း။
ပိုများကောင်းမလား
မိတ္တဝိတသည် -
ဣတိ ဧတာယ သညာယ၊ ပဿ မံ ဗျသနံ ဂတံ။
ဟူသော သုံးခုမြောက်သော ဤဂါထာကိုဆို၏။
၁၀၂။ သာမိ ဒေဝပုတ္တ၊ အရှင်နတ်သား။ ဣတော၊ ဤလေးခုသော ပြာသာဒ်တို့၌ စည်းစိမ်ချမ်းသာတို့ထက်။ အတြ၊ ထိုအရပ်၌။ ဗဟုတရာ၊ အလွန်များကုန်သော။ ဘောဂါ၊ စည်း စိမ်တို့သည်။ ဘဝိဿရေ မညေ၊ ရှိကုန်ယောင်တကား။ ဣတိ ဧတယ သညာယ၊ ဤသို့သော အမှတ်ဖြင့်။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ဂတံ၊ ရောက်သော။ မံ၊ ငါ့ကို။ ပဿ၊ ရှုပါလော့။
လောဘက တို့အရဆိုး
ထိုနောင်မူ ဘုရားလောင်းသည် -
သောဠသာဟိစ ဗာတ္တိံသ၊ အတြိစ္ဆံ စက္ကမာသဒေါ။
ဣစ္ဆာဟတဿ ပေါသဿ၊ စက္ကံ ဘမတိ မတ္ထကေ။
ယေ စ တံ အနုဂိဇ္ဈန္တိ၊ တေ ဟောန္တိ စက္ကဓာရိနော။
ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။
၁၀၃။ မိတ္တဝိန္ဒက၊ မိတ္တဝိန္ဒက။ တွံ၊ သင်သည်။ စတဗ္ဘိ၊ လေးယောက်သော နတ်သမီးတို့မှ။ အဋ္ဌ၊ ရှစ်ယောက်သော နတ်သမီးတို့ကို။ အဇ္ဈဂမာ၊ ရ၏။ အဋ္ဌာဟိပိ စ၊ ရှစ်ယောက်သေ နတ်သ္မီးတို့မှလည်း။ သောဠသ၊ တစ်ကျိပ်ခြောက်ယောက်သော နတ်သမီးတို့ကို။ အဇ္စျဂမာ၊ ရ၏။ သောဠသာဟိ စ၊ တစ်ကျိပ်ခြောက်ယောက်သော နတ်သမီးတိုမှလည်း။ ဗာတ္တိံသ၊ သုံးကျိပ်နှစ်ယောက်သော နတ်သမီးတို့ကို။ အဇ္စျဂမာ၊ ရ၏။ အတြိစ္ဆံ၊ အလွန် အလိုကြီးသော သင်သည်။ စက္ကံ၊ သင်ဓုန်းစက်သို့။ အသဒေါ၊ ရောက်၏။ ဣစ္ဆာဟတဿ၊ အထိုရမ္မက်သည် နှိပ်စက်အပ်သော။ ပေါသဿ၊ ယောက်ျားဖြစ်သော သင်၏။ မတ္ထကေ၊ ထိပ်ထက်၌။ စက္ကံ၊ သင်ဓုန်းစက်သည်။ ဘမတိ၊ လည်၏။
၁၀၄။ မိတ္တဝိန္ဒက၊ မိတ္တဝိန္ဒက။ ဣစ္ဆာ၊ တဏှာသည်။ ဥပရိဝိသာလာ၊ အထက်၌ ကျယ်ခြင်းသို့။ ဒုပ္ပူရာ၊ ပြည့်စုံနိုင်ခဲခြင်းသို့။ ဂတာ၊ ရောက်၏။ ဝိသဋဂါမိနီ၊ ပြန့်ခြင်းသို့ရောက်၏။ ယေ စ၊ အကြင်ယောက်ျားတို့သည်လည်း။ တံ၊ ထိုတဏှာကို။ အနုဂိဇ္ဈန္တိ၊ အဖန်တလဲလဲ တပ်စွန်း၍ယူကုန်၏။ တေ၊ ထိုယောက်ျားတို့သည်။ စက္ကဓာရိနော၊ သင်ဓုန်းစက်ကို ဆောင်ရကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
မိတ္တဝိန္ဒကကို စကားပြောစဉ်လျှင် ကြိတ်သော ထိုသင်ဓုန်းစက်သည် လည်လျက် လှည့်၏။ ထို့ကြောင့် မိတ္တဝိန္ဒကသည် တစ်ဖန် ပြောဆိုအံ့သောငှာ မတတ်နိုင်။ နတ်သားသည် မိမိနေရာသို့လျှင် သွား၏။
ဇာတ်ပေါင်း... သဗ္ဗညူမြတ်ဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဆိုနိုင်ခက်သော ရဟန်းသည် ထိုအခါ မိတ္တဝိန္ဒက ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ နတ်သားဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။
အလိုရမ္မက်၊ ကြီးသူတွက်၊ အပျက်နှင့်သာ တွေ့ရမည်
ကိုးခုတို့၏ ပြည့်ကြောင်းဖြစ် မိတ္တဝိန္ဒကဇာတ်သည် ပြီး၏။
*****