မာတိကာသို့ ခုန်သွားရန်

မိဿရာသီ တန်ခူးလဘွဲ့ အဲချင်း

ဝီကီရင်းမြစ် မှ
မိဿရာသီ တန်ခူးလဘွဲ့ အဲချင်း
by နန်းတွင်းသူ မယ်ခွေ
2811မိဿရာသီ တန်ခူးလဘွဲ့ အဲချင်းနန်းတွင်းသူ မယ်ခွေ

(ဇေယတု-သဗ္ဗမင်္ဂလံ) နေနတ်ကယ်မှရာဇာ[]။ ။ အဿဝဏီ။ ကြယ်နှင့်ညီ[]။ စန္ဒီစိတြ။ တူယှဉ်ပြိုင်ပ,ကြတယ်။ လအတာကိုတဲ့လေ []။ ။ သီတာငယ်မှ ပျံ့မွှန်း။ သပြေမြရည်။ တသောင်းပြည်ကို။ အောင်စည်ရွန်း[] လို့။ ရေသွန်းမှခါချိန်။ သောက်ရှူးဥပါ[]။ ကြယ်နီလာနှင့်။ ရွှေဇာပေါက်လို။ တိမ်ခိုးညိုနှင့်။ ပြိုမည့်နှယ်ချိန်[]။ နဂါးလိမ် လွမ်းအိမ်ဖွဲ့လို့။ မဲ့ဆီကိုမဲး။ ။ သင်းတွဲးမှ ရွှေရောင်။ ကံ့ကော် ဝတ်မှုံ။ မွှေးထုံထုံနှင့်။ ရဂုံမြိုင်ပြား[]။ တောတလွှားလည်း။ ငှက်ခါးတောင်လို။ ပူအောင်မဲ့ကို။ မိုဃ်းကြီးတဖွဲ့။ လေတလှဲ့နှင့်။ တဆဲ့ခြောက်တိုင်း။ မပြတ်ကယ်ဆိုင်းလို့။ မှိုင်းမှိုင်းငယ်ညိုသည်။ မ-ဖို သီတာဆိပ်ကယ်က။ ချစ်ရိပ်ညိုနွဲ့။ ။ ပြင်နာရီကား၊ ငါးဘို့ထားလို့။ ဖဝါးကမှသုံးအင်[]။ မိဿခွင်မှာ။ မရွှင်နိုင်တတ်၊ စန်းလွန်းပင်ပြတ်ခဲ့ပြီ၊ မြတ်ဆံကျင်တာရာက၊ တေဇာတော် ချီးပါနှင့်တော့[]။ ဝေသာလီပြည်ကြီးက, ထိန်ညီးရဲ့[၁၀]။ ။

မှတ်ချက်

[ပြင်ဆင်ရန်]

တမ်းပလိတ်:Reflist

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.
  1. နေနတ်ကယ်မှ ရာဇာလေ (ကဗျာသင်္ဂဟမေဒနီ၊ နန္ဒမာလိနီ)
  2. အဿဝဏီ။ ကြယ်နှင့်ညီလို့ (ကဗျာသင်္ဂဟမေဒနီ၊ နန္ဒမာလိနီ)
  3. လအတာကိုတဲ့လေး (ကဗျာသင်္ဂဟမေဒနီ၊ နန္ဒမာလိနီ)
  4. ယွန်း (ကဗျာသင်္ဂဟမေဒနီ) ရွမ်း (နန္ဒမာလိနီ)
  5. သောက်ရှူးဥက္ကာ (နန္ဒမာလိနီ)
  6. ပြိုမည့်နှယ်ချိန်သည် (ကဗျာသင်္ဂဟမေဒနီ၊ နန္ဒမာလိနီ)
  7. ရဂုံမြိုင်ဖျား (ကဗျာသင်္ဂဟမေဒနီ၊ နန္ဒမာလိနီ)
  8. ဘဝါးသုံးအင် (ကဗျာသင်္ဂဟမေဒနီ) ဖဝါးသုံးအင် (နန္ဒမာလိနီ)
  9. မချီပါနှင့်တော့ (ကဗျာသင်္ဂဟမေဒနီ၊ နန္ဒမာလိနီ)
  10. ထိန်ညီးရဲ (ကဗျာသင်္ဂဟမေဒနီ)