မာတိကာသို့ ခုန်သွားရန်

မီးလိုတဲ့ မီးလို ငိုချင်း

ဝီကီရင်းမြစ် မှ
မီးလိုတဲ့ မီးလို
by ဆင်ဖြူကျွန်း ဆရာသင်

(ကြေးမုံဦးသောင်းပြုစုသည့် သမိုင်းဝင် မြန်မာပြဇာတ်များ စာအုပ် ဝံသူတော်ပြဇာတ်မှ ... ဟံသမျက်ချယ် မင်းသမီး မဟာမြိုင်တောအလယ်က ထ၍ ငိုချင်းချသည့် အခန်း။)

2812မီးလိုတဲ့ မီးလိုဆင်ဖြူကျွန်း ဆရာသင်

မီးလိုတဲ့ မီးလို။

တောပြင် မောရင်ထုပါလို့၊
စောလင်မှုပို။

တစိုစို၊
ငိုငိုလို့ ခင်မစဲ။

ထားမယ်မယ်လေလေ့၊
သားငယ်ငယ် စံကသစ်ကိုတဲ့၊
သုဿာန်မှာ ရုပ်နာမ်ပစ်ပါလို့၊
ဆိုးညစ်ကယ် ခေကြမ္မာကြောင့်၊
ဧကရာ မှီပျော်သက်နေကျ၊
ဆွေမဟာ ပြည်တော်ထွက်ရတယ်၊
အမယ်လေး ဆန်းမပျက်မြဲပေမို့၊
နန်းကနက် ဖဲမှာဖြင့်၊
မောင်ကြီးရေ ... ပန်းရမက်ကဲ ... ။


ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။