မာတိကာသို့ ခုန်သွားရန်

မုံရွေးဆရာတော်ကြီး၏ မေတ္တာစာ

ဝီကီရင်းမြစ် မှ
မုံရွေးဆရာတော်ကြီး၏ မေတ္တာစာ
by မုံရွေးဆရာတော်
2820မုံရွေးဆရာတော်ကြီး၏ မေတ္တာစာမုံရွေးဆရာတော်

အမြင့်မှာ နေလိုလျှင်၊ လေတိုက်၍ ကြွေတတ်သည်။
အနိမ့်မှာ နေလိုလျှင်၊ မြွေကိုက်၍ သေတတ်သည်။

စကားနှစ်တည်ကို ကြံစည်ယူလျှင် လူတို့ခွင်မှာ
နိမ့်လျှင်လည်း မတော်လွန်း၊ မြင့်လျှင်လွန်း မလျှော်လွန်း။
ကြီးလွန်းလျှင် အလွန်ဝ၊ ငယ်လွန်းလျှင် အလွန်လျ။
ဝလွန်းလျှင် မတင့်တယ်၊ လှလွန်းလျှင် မသပ္ပါယ်။

မငယ် မကြီး၊ မနီး မဝေး၊
မနှေး မလျင်၊ တံငါလုလင် မျှားကြိုးငင်သို့
ဆင်ခြင်စည်းစောင့် ဝမ်းထဲဖြောင့်လော့။

နှုတ်ကြောင့် သေ၊ လက်ကြောင့် ကြေ၊ ဆိုချေ၏ တချက်။
တိမ်နက်နီးဝေး အကြီးနှင့်အသေး
တန်သော်ကား ဆေး၊ လွန်သော် ဘေး။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။