မေတ္တာပို့ကြမယ်
သင်ခန်းစာ (၉)
မေတ္တာပို့ကြမယ်
[ပြင်ဆင်ရန်]ငြိမ်းချမ်း သာယာ အေးမြပါစေ
ကျား - ကျေးဇူးတရား ကြီးမားပေ၊ သားငယ်တို့ ဖေဖေ။
မ- ကျေးဇူးတရား ကြီးမားပေ၊ သမီးငယ်တို့ ဖေဖေ။
ကျား - ကျေးဇူးတရား ကြီးမားပေ၊ သားငယ်တို့ မေမေ။
မ- ကျေးဇူးတရား ကြီးမားပေ၊ သမီးငယ်တို့ မေမေ။
ကျား - သားတို့တစ်တွေအပေါ် မေတ္တာထား၊ ဘိုးဘိုးနှင့် ဘွားဘွား။
မ - သမီးတို့တစ်တွေအပေါ် မေတ္တာထား၊ ဘိုးဘိုးနှင့် ဘွားဘွား။
ကျား - အစ်ကို အစ်မများ နေထိုင်ရာ၊ သားတို့ ဤကမ္ဘာ။
မ- အစ်ကို အစ်မများ နေထိုင်ရာ၊ သမီးတို့ ဤကမ္ဘာ။
ကျား - ငြိမ်းချမ်းသာယာ အေးမြဖို့၊ သားတို့ မေတ္တာပို့။
မ - ငြိမ်းချမ်းသာယာ အေးမြဖို့၊ သမီးတို့ မေတ္တာပို့။ ။
မေတ္တာထားသော ရသေ့များ
[ပြင်ဆင်ရန်]ရသေ့များ တရားကျင့်နေသော တောနက်ကြီးထဲတွင် မြွေအလွန်ပေါသည်။ တစ်ခါတစ်ရံ ရသေ့များသည် မြွေများကို အနှောင့်အယှက်ပေးမိသကဲ့သို့ ဖြစ်သွား၏။ ထိုအခါ မြွေများက ရသေ့များကို ကိုက်ကြသည်။ အချို့ ရသေ့များသည် မြွေကိုက်ခံရကာ ၊ ကွယ်လွန်သွားကြသည်။ ရသေ့များသည် ကောင်းစွာ တရားအားမထုတ်နိုင် ကြတော့ပေ။
ထိုအကြောင်းကို ခေါင်းဆောင်ရသေ့အား ပြောကြားကြသည်။ မြွေများကို အနှောင့်အယှက် မပေးမိစေရန်နှင့် မေတ္တာပို့ရန် ခေါင်းဆောင်ရသေ့က သင်ပေးသည်။ ရသေ့များက မြွေများကို နေ့စဉ် မေတ္တာပို့သကြသည်။ ရသေ့များ၏ မေတ္တာကြောင့် မြွေများက ရသေ့များအား မကိုက်ကြတော့ပေ။ ရသေ့များ ချမ်းသာစွာ တရားအားထုတ် နိုင်ကြသည်။