မေတ္တာပို့သခြင်း
ပုံပန်းသွင်ပြင်
သင်ခန်းစာ (၈)
မေတ္တာပို့သခြင်း
[ပြင်ဆင်ရန်]ညီပုလေးသည် သူတစ်ပါးကို အလွန်ကူညီလေ့ရှိသည်။ ငိုနေသောကလေးများကို မငိုအောင် ချော့မော့လေ့ရှိသည်။
နေ့စဉ် ဘုရားရှိခိုး၍ အားလုံးကို မေတ္တာပို့လေ့ရှိသည်။ တစ်နေ့တွင် ညီပုလေး နေမကောင်းဖြစ်လေ၏။
ဆရာမနှင့် သူငယ်ချင်းများက မြန်မြန်နေကောင်းစေရန် အိမ်သို့လာပြီး ကူညီအားပေးကြသည်။
ညီပုလေးသည် နေကောင်းလာသောအခါ သူငယ်ချင်းများနှင့်အတူ ပျော်ရွှင်စွာ ကျောင်းပြန်တက်နိုင်ခဲ့သည်။
ညီပုလေးရဲ့ မေတ္တာ
[ပြင်ဆင်ရန်]ညီပုလေး ညီပုလေး၊
ဘုရားရှိခိုးတဲ့ ညီပုလေး။
ညီပုလေး ညီပုလေး၊
မေတ္တာပို့တဲ့ ညီပုလေး။
ညီပုလေးက မေတ္တာဝေ၊
ကျန်းမာ ချမ်းသာကြပါစေ။
မေတ္တာဝေတဲ့ ညီပုလေး၊
မျက်နှာ ရွှင်ချိုအေး။ ။