မာတိကာသို့ ခုန်သွားရန်

မောင်ကြီးတို့ ပျော်စံရာ

ဝီကီရင်းမြစ် မှ
မောင်ကြီးတို့ ပျော်စံရာ
by ဦးကြီး

ရတနာပုံနေပြည်တော်သတင်းစာ မှ

2844မောင်ကြီးတို့ ပျော်စံရာဦးကြီး

မလွမ်းရော့သော်ကော၊ ကျွန်းမော့မော့မြောက်ခွင်၊
မူးရေယဉ်လက်ျာစီးပါလို့၊
မောင်ကြီးတို့ပျော်တဲ့ရွာ၊
မြောက်ညှာနှင့် တောင်စွယ်လက်ကယ်က၊
အင်းနှစ်ဘက်ကာတယ်လေး။

တစ်ခေါက်ကယ်လမ်းဆုံ၊
ရွာသဘောကို ပြောမယုံသော်၊
ကြုံလျှင်ဝင်ခဲ့ပါလားနော် အဝေး၊
နှစ်မပြာဖြူ ရောက်တော်မူလျှင်၊
မပူချမ်းငြိမ်း အခြင်ရယ်မြေနီး၊
ထန်းရွက်ကယ် စီးပါတဲ့၊
မောင်ကြီးအိမ်မှာ စည်းစိမ်ငယ်ခံ၊
ဟင်းချဉ်ပေါင်ဘက် ပြုတ်ဘူးရွက်နှင့်၊
ပိချက်ရေ ရံပြီးလျှင်၊
ဆန်ထမင်းရဲကျော်ကို
ဝန်ကတော်ပုံလောက်ပြေးအောင်၊
ကျွေးပမယ်လေး။

ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။