မာတိကာသို့ ခုန်သွားရန်

ယုဇနဝတ်မှုံ မင်းသမီး ပြဇာတ်မှ ကဗျာများ

ဝီကီရင်းမြစ် မှ
ယုဇနဝတ်မှုံ မင်းသမီး ပြဇာတ်မှ ကဗျာများ
by အချုပ်တန်း ဆရာဖေ
2944ယုဇနဝတ်မှုံ မင်းသမီး ပြဇာတ်မှ ကဗျာများအချုပ်တန်း ဆရာဖေ

(သံထောက်)
သူဖြူရင် အယူဖြောင့်နိုင်ငဲ့ ၊
သူမှောင့်မယ် စိုးမိတယ် ။

ခွင့်သနားလျှင်ဖြင့် ၊
မြင့်ဖျားဟေမာနှင့် ၊
ချောင်သေလာရွှေဝါကွေ့မှာ၊
တောမွေ့တော့မယ်။

နှင်းမာလာ နံ့သာသတ်ပါတဲ့၊
ရာပြတ်ကယ်တဲ့ နန်းဝတ်လှယ်၊
လျှော်ထယ်လောက် ချစ်ပြီဘူး။

ဘုံသီဝံ၊
ပြည်မွန်ကိုရည်ညွှန်တောင်းလို့၊
နောင်ကောင်းအောင် အရှည်ကြံရတယ်၊
ဘိုးပြည်တန် စိန်တလုံးကို၊
မုန်းလို့ဟုတ်ဘူး။ ။
(လေးချိုး သံထောက်)

၎င်းသံထောက်

လူဝတ်ကိုတဲ့ လဲလှယ်၊
သူလွှတ်ရင် လျှော်တေနှင့်၊
မြိုင်ချေမှာ ဆံခွေရစ်တယ်၊
တောချစ်တော့မယ်။

မသေရုံ ရွှေဘုံကြီးမှာလ၊
သစ်သီးနှင့်ပွဲတော်တည်၊
ဖန်ခြယ်တဲ့ဝတ်လဲ ။

ရစ်ထုံးငယ်မြိုင်၊
အုပ်လုံးစံပယ်ကြိုင်တဲ့ ၊
မြကေခိုင်မင်ရည်လဲ့ကို ၊
ရှင်းမဲ့ကြံဆဲ။ ။
(တြိချိုး သံထောက် ဖြစ်ပါတယ်)

၎င်းနှစ်ကြော့သံထောက်

ဖော်မမှီ၊
ဇော်ဂီလိုဏ်မွေ့တဲ့၊
မြိုင်ခြေ့ ညာကြော့။

ဖန်သစ်မေ၊
ဆံကျစ်ကယ် ရမံခွေနှင့်၊
ကြံလေလေ သံဝေရတယ်၊
တော ခ,ချင်ပေါ့။ ။
(ဒွေးဆစ် သံထောက်)

မှတ်ချက်

  • ယုဇနဝတ်မှုံမင်းသမီးပြဇာတ်သည် ပျောက်ဆုံးသွားခဲ့ပါပြီ။ တပိုင်းတစသာ ပြန်ရှာ၍ တွေ့ပါတော့သည်။ အဓိကမှာ သီပေါမင်းနှင့် ဒိုင်းခင်ခင်အကြောင်း စောင်းမြောင်းရေးထားခြင်းကြောင့် စုဘုရားလတ် မျက်မာန်ရှပြီး ဖျောက်ဖျက်ပစ်ခိုင်းခြင်း ဖြစ်သည်။ ဆရာဖေ့စာများအား မြတ်နိုးသူများသည် တိတ်တိတ်ဖွက်ပြီး ထိန်းသိမ်းထားသည့် အပိုင်းအစများလောက်သာ ရှိပါတော့သည်။ ထိုအထဲမှ သံထောက်များကို တခြားသူများ ရေးသည့်အနေဖြင့် ဆက်ထိန်းသိမ်းထားရသောကြောင့် အခုဖော်ပြထားသည့် ကဗျာများသည် လှိုင်ထိပ်ခေါင်တင်ဦးပုည စသည့် နာမည်များဖြင့် ဖြစ်နေပါသည်။ တကယ်တမ်းမှာ အချုပ်တန်းဆရာဖေ ရေးသွားကြောင်း မှတ်တမ်းရှိပါသည်။
This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.