မာတိကာသို့ ခုန်သွားရန်

ရတနာပုံမိဖုရား ကျောက်စာ

ဝီကီရင်းမြစ် မှ
ရတနာပုံမိဖုရား ကျောက်စာ (သက္ကရာဇ် ၆၉၄)
by ရတနာပုံမိဖုရား
2955ရတနာပုံမိဖုရား ကျောက်စာသက္ကရာဇ် ၆၉၄ရတနာပုံမိဖုရား

(မျက်နှာဘက်)

[ပြင်ဆင်ရန်]

၂၊၁၊၃၂၊၁။

[ပြင်ဆင်ရန်]
  • “ရတနာသုံပါနှိုက် ကြညိုဝ်စွာ နှလု
  • မ်လေဟိထသ ရတနာပုံမည်သော အမိဖုရာသည်၊ သာသနာ ၅ဝဝဝလျှင်၊ တည်စိမ်ဟူရုယ် သမရုဝ်
  • တောင်ဝှမ်နှိုက်ပ္လုသော ကုလါက္လောင်ကိုဝ်၊ နိစဖတ် မပြတ်ဝတ်လျှင်ဖ္လစ်စိမ်ဟု၊ လှူ၎္တမုသော”

[ရတနာသုံးပါး၌ ကြည်ညိုစွာနှလုံးလည်း ရှိထသော ရတနာပုံမည်သော အမိဖုရားသည် သာသနာ ၅ဝဝဝလျှင် တည်စိမ့်ဟူ၍ သမရိုးတောင်ဝှမ်း၌ပြုသော ကုလားကျောင်းကို နိစ္စဘတ်မပြတ်ဝတ်လျှင်ဖြစ်စိမ့်ဟု လှူတော် မူသော။]

  • ၂၊၁၊၃၂၊၂။
  • ၁၈“ဤသိုဝ်သော ငာသာမင်ကြီဖုန်၎္တအာဖ္လင်၊ ဤငာပ္လုသော ကောင်သောအခာ၊ အကြင်သုသ
  • ၁၉ ည် ငာကောင်မှုကိုဝ်၊ ဖျက်ဆီမုကာ၊ မ္လိယ်ပုံလုမ်မျှသော မ္လတ်စွာသဖုရှာသ္ခိင်သည်လျှင် ခ္လွိယ်ခ္လွတ်သော၄ မ
  • ၂၀ က္လွတ်စေသတေ၊ သမန်စသောခ္လောက်မတိုင်ဩင် မယ်ပုံတိုင် အကံဖဖာ အဝစေအထယ်ငြယ်လျှင် ကျက်၄ စေသော
  • ၂၁ ဆွယ်မျိုဝ်ရဆက် ပြုန္တိပျက်စိ နှစ္ဆတ်လူမဖ္လစ်စေသ၊”

[ဤသို့သော ငါ့သားမင်းကြီး ဘုန်းတော်အားဖြင့် ဤငါပြု သော ကောင်းသောအခါ အကြင်သူသည် ငါ့ကောင်းမှုကို ဖျက်ဆီးမူကား မြေပုံလုံးမျှသော မြတ်စွာသောဘုရား သခင်သည်လျှင် ချေချွတ်သောလည်း မကျွတ်စေ သတည်း။ သမန်းစသောချောက်မတိုင်အောင် မြေပုံတိုင်း အကမ္ဘာဘာ အဝီစိအထဲ ငရဲလျှင်ကျက်လေစေသော။ ဆွေမျိုး ၇ဆက် ပြုန်းတီးပျက်စီး နှစ်ဆစ် လူမဖြစ်စေ သော။]

၂၊၁၊၃၂၊၃။

[ပြင်ဆင်ရန်]
  • ၂၁“ငကောင်မှုကိုဝ် ခိပင်သသူ၊ အထက်နတ်ရွာ နတ်
  • ၂၂ တေ စည္ဇိမ်ချံသာ ငာနှင်အတုခံစစေသော၊ ငာတမုလေ နိဗ္ဗန်ပြည်သိုဝ် မရောက်သရှုယ် ငဧ မိဖုရှာလျှင်
  • ၂၃ ဖ္လစ်လိုဝ်ဧ။”

[ငါ့ကောင်းမှုကို ချီးပင့်သသူ အထက်နတ်ရွာနတ်တည်း စည်းစိမ်ချမ်းသာ ငါနှင့်အတူခံစားစေသော။ ငါတစ်မူ လည်း နိဗ္ဗာန်ပြည်သို့ မရောက်သရွေ့ ငါအေ မိဖုရားလျှင် ဖြစ်လို၏။]

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.