မာတိကာသို့ ခုန်သွားရန်

ရန္တပိုစာချုပ်

ဝီကီရင်းမြစ် မှ
ရန္တပိုစာချုပ် (1826)
2963ရန္တပိုစာချုပ်1826
[  ]

ရန္တပိုစာချုပ်ကြီး၁၁ခန်း

ဣန္ဒယတိုင်းကိုအစိုးရသော။အင်္ဂလိပ်ကုမ္ပဏီရှင်ဘုရင်က။ခန့်ထားသောအရေးပိုင်ဗိုလ်ချုပ်မင်းကြီး။မှူးမတ်ကြီးအာဇီဘောကံဘက်။အရေးပိုင်ရောဘစ်စံ။ဧရာဝတီမြစ်တွင်ရှိသော။အင်္ဂလိပ်တို့က။သမ္ဘာန်များကိုအုပ်စိုးသော။မင်းစပ်တို့နှင့်။မြန်မာရှင်ဘုရင်ကခန့်ထားသော။လယ်ကိုင်းမြို့စားဝန်ကြီး။မဟာမင်းလှကျော်ထင်။ငွေခွန်ဝန်အတွင်းဝန်။မင်းကြီးမဟာမင်းလှသီဟသူတို့က။သက္ကရာဇ်၁၁၈၇ခု။တပေါင်းလပြည့်ကျော်၄ရက်နေ့။ရန္တပိုရွာမှါတွေ့၍။ကုမ္ပဏီမင်း။မြန်မာရှင်ဘုရင်။အချင်းချင်းစစ်ငြိမ်း၍။မိတ်ဿဟာယဘွဲ့သောစာချုပ်ကား။


ပဌမ ၁ မှါအင်္ဂလိပ်မင်းနှင့်။မြန်မာရှင်ဘုရင်တို့သည်။စစ်ငြိမ်း၍။မိတ်ဿဟာယ။အစည်အဆက်ဖြစ်စေ။


ဒုတိယ ၁ မှါမြန်မာရှင်ဘုရင်ကအာသံပြည်။အက္ကပတ်ပြည်။ဝေသာလီပြည်တို့ကိုအစိုးမပိုင်။နောံတစ်ဘန်မစီရင်ရ။

မဏိပူရမြို့မှါလည်း။ဂမ္ဘီရရှိန်တို့သည်။မိမိပြည်သို့ပြန်၍။မင်းပြုလုပ်နေလိုလျှင်။မြန်မာရှင်ဘုရင်က။အဆီးအတားအနှောင့်အရှက်မပြုရ။နေစေရမည်


တတိယ ၁ မှါနောံတဘန်ပြည်ကြီး၂ပြည်။အပိုင်းအခြားကို။ငြင်းခုံရန်အကြောင်းမရှိရအောင်။အင်္ဂလိပ်မင်းသည်။တိုက်၍အောင်ခဲ့ပြီးသော။ရခိုင်။ရမ်းပြဲ။မာန်အောင်။သံတွဲတည်းဟူသော။ရခိုင်ပြည်ကြီးကိုယူ၍။မြန်မာရှင်ဘုရင်သည်အစိုးမပိုင်ရ။ယိုးမဖိုးခေါင်တောင်တမ်း။မော်တင်စွန်း။စေတီကြီးထိ။စပ်ကြားအပိုင်းအခြားဖြစ်စေ။နောံမှအပိုင်းအခြားကိုငြင်းခုံရန်ရှိလျှင်။အင်္ဂလိပ်မင်း မြန်မာမင်း။ခန့်ထားသောသူတို့သည်။အထက်နယ်နိမိတ်အတိုင်း။မှန်ကန်စွာစီရင်စေ။ခန့်ထားသောသူတို့လည်း။အရာရှိမှူးမတ်လူကောင်းဖြစ်စေရမည်


စတုတ္ထ ၁ မှါမြန်မာရှင်ဘုရင်သည်။အင်္ဂလိပ်ကို။ယေး။ဓားဝယ်။မြိတ်။တနင်္သာရီမြို့ရွာ။နယ်နိမိတ်တောင်ကမ်းကျွန်းများနှင့်တကွ အပိုင်ပေးသည်။သံလွင်မြစ်သည်အပိုင်းအခြားဖြစ်ရမည်။နောံမှအပိုင်းအခြားကိုငြမ်းခုံရန်ရှိလျှင်။အထက်ဆိုခဲ့ပြီးသည့်အတိုင်းစီရင်စေ


ပဉ္စမ ၁ မှါမြန်မာရှင်ဘုရင်သည်။ပြည်ကြီး၂ပြည်။အစည်မိတ်သဟာရဘွဲ့စေခြင်သော။စေတနာအလိုထင်ရှားစေခြင်းငှါ။အင်္ဂလိပ်မင်းစစ်တိုက်၍။ကုန်ခဲ့ပြီးသောစရိတ်အ္နက်။အနည်းငယ်ပြေရအောင်။၁ိသုံးဒင်္ဂါးရူပီပျားရေ။တကုဋေကိုပေးရမည်


ဆဋ္ဌ ၁ ယခုစစ်ဖြစ်ကြသည်အတွင်း။ကုလါးဘက်သို့ဝင်စားသည်မြန်မာ။မြန်မာဘက်သို့ဝင်စားသည်ကုလါး။တို့မှာအလိုလိုဝင်စားစေ။အဘယ်သူမျှတဘက်က။တဘက်သို့ဝင်စားသည်အတွက်။ရာဇဝတ်မခံအနောင့်အရှက်မရှိစေရ


သတ္တမ ၁ မှါ။ပြည်ကြီး၂ပါး။ယခုဘွဲ့သောမိတ်သဟာရမြဲစေခြင်းငှာ။အင်္ဂလိပ်မင်းခန့်ထားသော။အရေးပိုင်တယောံအခြွေအရံလူ၅၀။လ္နက်ကိရိယာအစုံနှင့်။မြန်မာဘုရင်မြို့တော်မှါနေစေ။၎င်နည်းမြန်မာမင်းကခန့်ထားသောအရေးပိုင်တယောံ။အခြွေအရံလူ၅၀။လ္နက်ကိရိယာအစုံနှင့်။ကုမ္ပဏီမြို့တော်မှါနေစေ။ကုလါးပြည် [  ]မှါနေသောမြန်မာ။မြန်မာပြည်မှါနေသောကုလါးတို့သည်။မိမိတို့နေရာဘို့။အတော်အသင့်တိုက်အိမ်ကိုဝယ်လိုလျှင်ဝယ်နေစေ။အသင့်တည်လုပ်လိုလျှင်လည်းလုပ်စေ။၎င်နိုင်ငံမှါ။အကျိုးစီးပွါးဖြစ်ထွန်းစေခြင်းငှါ။ရွှေလမ်းငွေလမ်းဘွင့်၍။အချင်းချင်းဘောံကားရောင်းဝယ်ခြင်း။အမှုအရေးများနှင့်ဆိုင်သောစာချုပ်ကို။ထပ်၍လုပ်စေရမည်


အဋ္ဌမ ၁ မှါ။စစ်မပေါ်မတိုက်မှီ။ကြွေးဟောင်းမြီဟောင်းရှိသမျှ။မင်းအရာရှိဆိုင်သည်ဖြစ်စေ။ဆင်းရဲးသားဆိုင်သည်ဖြစ်စေ။သစ္စာရှိသည်အတိုင်း။ကုန်စင်အောင်ဆပ်ပေးစေရမည်။ကြွေးတင်သည်နောံ။စစ်ဖြစ်သည်ဆို၍။မကပ်မစိုစေရ။စစ်တိုက်သောအမှုကြောင့်။အဘယ်သူမျှ။ကုလါးဖြစ်စေ။မြန်မာဖြစ်စေ။သုဥစ္စာကိုအသိန်းအယူမရှိစေ။အင်္ဂလိပ်ရှင်ဘုရင်ကျွန်ဖြစ်သူတို့သည်။မြန်မာနိုင်ငံတွင်သေ၍။အမွေခံမရှိလျှင်။ကျန်ရစ်သမျှဥစ္စာပစ္စည်းကို။မြန်မာနိုင်ငံတွင်နေသော။အင်္ဂလိပ်မင်းအရေးပိုင်လက်သို့။ကုလါးဖြူထုံးစံအတိုင်းအပ်ရမည်။ထိုနည်းတူ။မြန်မာရှင်ဘုရင်ကျွန်ဖြစ်သူတို့သည်။အင်္ဂလိပ်နိုင်ငံတွင်သေ၍။အမွေခံမရှိလျှင်။ကျန်ရစ်သမျှဥစ္စာပစ္စည်းကို။အင်္ဂလိပ်နိုင်ငံတွင်နေသော။မြန်မင်းအရေးပိုင်လက်သို့အပ်ရမည်


နဝမ ၁ မှါ။အင်္ဂလိပ်သင်္ဘောများ။မြန်မင်းဆိပ်သို့ဝင်ရောံလျှင်။တက်မမချွတ်။အမြောံမချဘဲ။နေသကဲ့သို့အင်္ဂလိပ်မြို့ဆိပ်သို့ဝင်ရောံသော။မြန်မာသင်္ဘောသည်လည်း။အနှောင့်အရှက်မရှိဘဲ။နေစေရမည်


ဒသမ ၁ မှါအင်္ဂလိပ်မင်းနှင့်။မိတ်သဟာရဘွဲ့သော။ယိုးဒယားရှင်ဘုရင်သည်။အင်္ဂလိပ်ဘက်သို့စစ်ကူ၍။ဝင်စားသည်မှာ။ယခုလုပ်ကြသောမိတ်သဟာရ။စာချုပ်အဝင်ဖြစ်သည်ကိုမှတ်ရမည်


ဧကာဒသမ ၁ မှါ။ယခုလုပ်သောမိတ်သဟာရစာချုပ်ကို။မြန်မာခန့်ထားသော။အရေးပိုင်သံတမန်တို့သည်။လက်မှတ်တံဆိပ်ခပ်ရမည်။အချုပ်ခံရသောအင်္ဂလိပ်။အမေရိကံအစရှိသောကုလါးဖြူ။ကုလါးနက်ရှိသမျှတို့ကိုအင်္ဂလိပ်အရေးပိုင်သံတမန်တို့လက်သို့အပ်ရမည်။၎င်ဣန္ဒြိယတိုင်းကိုအစိုးရသောကုမ္ပဏီဘုရင်သည်။ဝန်ခံ၍။လက်မှတ်တံဆိပ်ခပ်သောစာချုပ်၍။၄လအတွင်း။မြန်မာရှင်ဘုရင်လက်တော်သို့ပြန်၍ပေးလိုက်ရမည်။အင်္ဂလိပ်မင်းချုပ်ထားသော။မြန်မာလူရှိသမျှတို့ကို။အင်္ဂလိပ်ပြည်မှအလျှင်အမြန်ခေါ်ခဲ့၍။မြန်မာမင်းလက်သို့အပ်ရမည်။ [  ]

နောံထပ်စာချုပ်
နောံထပ်ချုပ်သောစာချုပ်အချက်ကား

အင်္ဂလိပ်အရေးပိုင်။သံတမန်တို့သည်။စစ်ပြေငြိမ်းစေခြင်သော။စေတနာအလိုထင်ရှားစေချင်းငှါ။၎င်းအထက်ပဉ္စမအချက်လါသည်အတိုင်း။မြန်မာရှင်ဘုရင်သည်။ယူပီးပျားရေးတကုဋေကိုပေးရမည်ဆိုသော်။အလွယ်တကူပေးအောင်။ရူပီပျားရေ။တကုဋေတည်းဟူသော။မြန်မာအချိန်ငွေကောင်း၇၅ဝဝဝအ္နက်တွင်။၄ပုံ၁ပုံတည်းဟူသောငွေချိန်၁၈၇၅ဝိကိုပေးပြီးမှ။အင်္ဂလိပ်တပ်သည်။ရန်ကုန်မြို့တိုင်အောင်။ဆုတ်သွားလိမ့်မည်။ကျန်ငွေ၃ပုံတွင်။တပုံကိုယနေ့မှစ၍။အရက်၁ဝဝအတွင်း။ပေးလျှင်။အင်္ဂလိပ်တပ်သည်။မြန်မာနိုင်ငံထဲက။အလျှင်အမြန်ထွက်သွားလိမ့်မည်။ကျန်ငွေ၂ပုံတွင်။တပုံမှါယခုနေ့မှစ၍တနှစ်အတွင်း၎င်းကျန်တပုံကို၂နှစ်အတွင်း။မြန်မာနိုင်ငံတွင်နေသော။အင်္ဂလိပ်အရေးပိုင်ထံပေးရမည်


တမ်းပလိတ်:License-template