ရာမညသာသနာ့နိဒါန်း
(၅၇၈) သပြေအငူ၊ မြရည်လူသား၊ ဇမ္ဗူ အောင်ချက်၊ ငါတို့ဘက်လည်း၊ သူ့ထက် ရှေးဦး၊ ကိုယ်တိုင် ဖူး၍့၊ ကြည်နူး သဒ္ဓါ၊ သရဏာဖြင့်၊ ဒွေဝါစိက၊ တပုဿနှင့်၊ ဘလ္လိက ညီ-နောင်၊ နတ် နှိုးဆောင်လျက်၊ မြရောင် ရိပ်*ကွန်း၊ လင်းလွန်းဌာန၊ သတ္တာဟက၊ ပထမ ဦးခေါင်၊ ဆုထူး အောင်၍့၊ ပင့်ဆောင် ပူဇော်၊ ဆံတော် ရှစ်ချောင်း၊ ရောင်မောင်းမောင်းတို့၊ ကိန်းအောင်း တည်ရာ၊ *လက်မွန်စွာတည့်၊ ဥက္ကလာ†မြို့၊ သာမို့မို့နှင့်၊ အောင်†မျှို့ တဂိုဏ်း၊ တံခွန်လှိုင်းသား၊ မွန်တိုင်းဌာန၊ ရာမညကို၊ ပထမ အာဒိ၊ စိုးအုပ်ဘိသား၊ သိရီ့မာသောက၊ မည်နာမဖြင့်၊ အဘ သံသေ၊ မိ ရေနတ်မျိုး၊ တန်းခိုး နေစက်၊ မင့်းလက်ထက်ဝယ်၊ အဆက် မဝေး၊ ရှေး အတီတ၊ နန္တရက၊ ဘဝ ယှဉ်မှီ၊ နောင်-ညီ အထူး၊ ဖြစ်ခဲ့ဖူးသည့်၊ ကျေးဇူး *မြောက်မြား၊ ခြောက်ပါး ဘိညာ၊ ကြီး တေဇာနှင့်၊ ရဟန္တာ ရှင်ပျံ၊ ဂဝမ္ပတိ၊ ထေရ် ဘုန်းယှိကြောင့်၊ မုနိ သကျ၊ မြန်းလာ ကြွ၍့၊ ဒုတီယ ထပ်ခါ၊ သာသနာလျှင်၊ တည်လာတုံမြောက်၊ ထိုနောက် ဘဂဝန်၊ ပြည်နိဗ္ဗာန်သို့၊ စံလွန်ခဲ့လျှင်း၊ မီးပုံတွင်းမှ၊ ဝင်းဝင်း ထိန်လဲ့၊ စိန်တုံးကဲ့သို့၊ သုံးဆဲ့သုံးချောင်း၊ အပေါင်း မွေဓာတ်၊ သွားတော်မြတ်ကို၊ ဣဒ္ဓိပါဒ်ရှင်၊ ထေရ်သခင်သည်၊ ကောင်းကင် မိုးယံ၊ ဆောင်ခဲ့ ပျံ၍့၊ ဘုန်းလျှံ ကြီးဘိ၊ သီရီမာသောက၊ သီဟကုမာ၊ ထိုရာဇာအား၊ ကရုဏာ ရှေ့ထား၊ ပေးသော့အားဖြင့်၊ ဘုရားမြတ်စွာ၊ သာသနာသည်၊ ရောင်ဝါ ထွန်းပ၊ တတီယ တချက်၊ ဆင်းလာ သက်မှ၊ အထက် ခြားပိုင်း၊ ကိုးတိုင်း ကိုးဌာန၊ ဝေပုံကျတွင်၊ တပါးဝင်၍့၊ အသျှင်သောဏ၊ ဥတ္တရတို့၊ စတုတ္ထ တရပ်၊ ထပ်၍့ တဘန်၊ ပြုပြန်ကြရာ၊ သုဓမ္မာပုရ၊ သုဝဏ္ဏဘုံ၊ သထုံမည်သီး၊ မွန့်ပြည်ကြီးလျှင်၊ နန်း-ထီး မယုတ်၊ တိုင်းသီး ထုတ်၍့၊ ပုရုတ္တမ၊ ဗုဒ္ဓသာသနာ၊ တည်ရာအစစ်၊ *အမွန်ဖြစ်သည်။။ တက်သစ်နေမင့်း သရေတည်း။
ရာမညသာသနာ့နိဒါန်း (၁)ပိုဒ် ပြီး၏၊