မာတိကာသို့ ခုန်သွားရန်

ရေပေါက် ရေစက်

ဝီကီရင်းမြစ် မှ
မောင်ခွေးဖို့ ကဗျာများ
by မင်းသုဝဏ်
၁၂။ ရေပေါက် ရေစက်
2995မောင်ခွေးဖို့ ကဗျာများ — ၁၂။ ရေပေါက် ရေစက်မင်းသုဝဏ်

ရေပေါက်ရေစက်
ကြိမ်ကြိမ်သက်၍
ထဲနက်ကျယ်ဝန်း
ပင်လယ်ထွန်း၏။

သဲစေ့သဲပွင့်
စုသဖြင့်လျှင်
လှတင့်ကမ္ဘာ
ဖြစ်ပေါ်လာ၏။

မျက်စိတစ်မှိတ်
လျပ်တစ်ညိတ်တို့
တစ်ဆိတ်မနား
ရွေ့ရွေ့သွား၍
ရှည်လျားသင်္ချေ
ကပ်ပေါ်လေ၏။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.