မာတိကာသို့ ခုန်သွားရန်

ရွက်သစ်လောင်းချိန်

ဝီကီရင်းမြစ် မှ
ရွက်သစ်လောင်းချိန်
by လှိုင်ထိပ်ခေါင်တင်
3014ရွက်သစ်လောင်းချိန်လှိုင်ထိပ်ခေါင်တင်

စုံ တကြောမှာတဲ့၊ အံ့သြလို့မကုန်၊
ပန်းနံ့ငယ်ထုံသည်၊ ရွှေဖီငုံ ညှာတံကြွေလို့၊
တောင်လေသွင်းပြန်တော့တယ်လေး။ ။

နွေဂိမှာန်ငယ်၊ ဝသန်ခါပြောင်း၊
ရွက်သစ်ကယ်လောင်းလို့၊
နှာမောင်းရစ်ခွေ၊ ဖူးညွန့်ဝေနှင့်၊
မြသေလာမွန်၊ ရေတံခွန်လဲ၊
စီးဝှန်ညာဘယ်၊ နှစ်မြောင်စမ်းနှင့်၊
ခင်တန်းစွယ်၊ တူရယ်မကွာ၊
ဒေါင်းဖိုမတို့၊ တွန်ကြသံသာသော့ခါ၊
လွမ်းဗျာထုရွှေဘွင်မှာ၊
ဖြေမရွှင်ဖော်ကွာဝေးသူတို့၊
ဆွေးချည့်မယ်လေး။ ။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.