မာတိကာသို့ ခုန်သွားရန်

ရွှေကျောင်း ကျောက်စာ

ဝီကီရင်းမြစ် မှ
ရွှေကျောင်း ကျောက်စာ (သက္ကရာဇ် ၆၉၆)
by တရဖျားမင်းကြီး
3018ရွှေကျောင်း ကျောက်စာသက္ကရာဇ် ၆၉၆တရဖျားမင်းကြီး

(မျက်နှာဘက်)

[ပြင်ဆင်ရန်]
  • ...“လေ
  • အသင်္ချေ အမ္လတ်ကမ္ဘာတသိန်ပန်လုံမ်လျှင် ဆဲပါသ ပါရမိတိုဝ်ကိုဝ် ဖြည်စင်ပြိရုယ် မိမိအလိုဝ်၂ကောင်သ အခြင်ဖ္လင် သစ္စာေ
  • လပါတြျာတိုဝ်ကိုဝ် သိစင်ပြိသော သူတောŸတြျာဟူသော မိုဝ်ရည်ဖ္လင် ခပ်သိမ်သသတွာတိုဝ်၏ ကိလေၐါဟူသော ရေသိပ်
  • ခြင်ကိုဝ် ငြိမ်စေတတ္သ် ပစ္စုန်နတ်၏သဖွယ်ဖ္လစ်သော ဖုရာသ္ခိင်၏၊ ကာလဝိပတ္တိဟူသော ညည်နှိုက်မပွင် တတ္သၐါ
  • သနာဟူသော ကြာတောŸကိုဝ်ပွင်စေတတ္သ နေနှင်လည်တူ ကျည်ထသော၊ တာမြဒိပ်နှိုက် ယောက္သ် ၐါသနာဟူသော ကြာအိုင်ကိုဝ်
  • ဖျက်ဆီစေငှာ စေလစ်သော ၁၂၀၀၀၀၀ ခန်မင်ကြိ၏ စစ်သည်ဟူသော ဆင်အပေါင်ကိုဝ် လုံမ်လပြည်ာရယ်ခြင်
  • ၁၀ ဟူသော ခြင်သေသံဖ္လင်ပြေစေနိုင်သော ခြင်သေမင်နှင်ရယ် ခြင်တူသော ဂေØွတကုည္ဇရပတိ ၐြီတြိဘဝနာဒိတျပဝရသီ
  • ၁၁ ဟသူရမည်သော ဆင်ဖ္လူသ္ခိင်မင်ကြိ၏ သာကြီဖ္လစ်သော တန်ခိုဝ်သိတင်ရယ်ခြင် သဒ္ဓါပြည်ာကြိသော မင်ကြီတြျာ
  • ၁၂ ဖျာသည် ရန်မန်ခပင်အကုန်ကင်ရုယ် မင်အဖ္လစ်သိုဝ် ရောက်ပြိရကာ မင်စည္စိမ် ကိုဝ်ခန္ဓာ အသက်တိုဝ်၏ အတည်မဟိေ
  • ၁၃ သာအဖ္လစ်ကိုဝ် ဩက်မေလစ်ရုယ် မင်၏မန်ဖ္လင်နိရ္ဗ္ဗာန် ပြည်ကိုဝ် အလိုဝ်တောŸဟိရကာ၊ ၊သက္ကရစ် ၆၉၆ ခု ဖ္လဂို
  • ၁၄ ဏ်နှစ် တပေါင်လ္ဆန် ၁၃ရျက် ၆နိယ်တက် ၁ဝဖ္လဝါ ပြိဿလက်လျှင် နံကိုင်ဖုရာသ္ခိင်၏မ္လစ်ဩက်ယံနှိုက် မဟာ
  • ၁၅ ဝိဟာရသုဓမ္မာမည်သော နတ်သဘင်လျှင် မြေတွင်ကျသိုဝ် အလွန်ဆန်ကြယ်တင်တယ်စွာသော ရွှေကျောင်ကြီကိုဝ်
  • ၁၆ ပြုတောŸမူ၏၊ ပိဋကတ်သုံမ်ပုံမ်ကိုဝ်လည် ပြုတောŸမူ၏။ အလှူတောŸကာ ဝက်မြေကန်ရွာနှင့်အကွ မြေတောŸ ၁၀၀၀၊”

[လေးအသင်္ချေ အမြတ်ကမ္ဘာတစ်သိန်းပန်လုံးလျှင် ဆယ်ပါးသော ပါရမီတို့ကို ဖြည့်စင်ပြီး၍ မိမိအလိုလို ကောင်းသောအခြင်းဖြင့် သစ္စာလေးပါးတရားတို့ကို သိစင်ပြီးသော၊ သူတော်တရားဟူသော မိုးရေဖြင့် ခပ်သိမ်းသော သတ္တဝါတို့၏ ကိလေသာဟူသော

  • ရေသိပ်ခြင်းကို ငြိမ်းစေတတ်သော ပဇ္ဇုန်နတ်၏သဖွယ် ဖြစ်သော ဘုရားသခင်၏ ကာလဝိပတ္တိဟူသောညဉ့်၌ မပွင့်တတ်သော သာသနာဟူသော ကြာတောကို ပွင့်စေတတ်သော နေနှင့်လည်း တူကျင်ထသော၊ တမ္ပဒိပ်၌ရောက်သော သာသနာဟူသော ကြာအိုင်ကို ဖျက်ဆီးစေငှာ စေလစ်သော ၁၂၀ဝ၀ဝ၀ ခန်းမင်းကြီး၏ စစ်သည်ဟူသော ဆင်အပေါင်းကို လုံ့လ၊ ပညာ၊ ရဲခြင်းဟူသော ခြင်္သေ့သံဖြင့်ပြေးစေနိုင်သော၊ ခြင်္သေ့မင်း နှင့် ရဲခြင်းတူသော သေတကုဉ္စရပတိ ဗြိတြိဘဝနာ ဒိတျပဝရသီဟသူရမည်သော ဆင်ဖြူသခင်မင်းကြီး၏ သားကြီးဖြစ်သော၊ တန်ခိုးသီတင်းရဲခြင်း သဒ္ဓါပညာ ကြီးသော မင်းကြီးတရဖျားသည် ရန်မာန်ခပင်း အကုန် ကင်း၍ မင်းအဖြစ်သို့ ရောက်ပြီးရကား မင်းစည်းစိမ်၊ ကိုယ်ခန္ဓာ အသက်တို့၏ အတည်မရှိသောအဖြစ်ကို အောက်မေ့လစ်၍ မင်း၏မာန်ဖြင့် နိဗ္ဗာန်ပြည်ကို အလိုတော်ရှိရကား သက္ကရာဇ် ၆၉၆ ခု ဖလဂုနီနှစ်၊ တပေါင်းလဆန်း ၁၃ရက်၊ ၆ နေတက် ၁ဝဖဝါး ပြိဿလဂ်လျှင် နံကိုင်း ဘုရားသခင်၏ မြောက်ယံ၌ မဟာဝိဟာရ သုဓမ္မာမည်သော နတ်သဘင်လျှင် မြေတွင်ကျသို့ အလွန် ဆန်းကြယ် တင့်တယ်စွာသော ရွှေကျောင်းကြီးကို ပြုတော်မူ၏။ ပိဋကတ်သုံးပုံကိုလည်း ပြုတော်မူ၏။ အလှူတော်ကား ဝက်မြေကန်ရွာနှင့်အကွ မြေတော် ၁ဝဝဝ။]


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.