မာတိကာသို့ ခုန်သွားရန်

ရွှေကြက်ယက်ဘုရား ကျောက်စာ

ဝီကီရင်းမြစ် မှ
ရွှေကြက်ယက်ဘုရား ကျောက်စာ (သက္ကရာဇ် ၆၈၈)
by ရတနာပုံမိဖုရား
3019ရွှေကြက်ယက်ဘုရား ကျောက်စာသက္ကရာဇ် ၆၈၈ရတနာပုံမိဖုရား

၂၊၁၊၂၅၊၁။

[ပြင်ဆင်ရန်]
  • “။ ၀ ။ သကရစ် ၆၈၈ခု တပေါင်လပ္လည် ၅နိယ်လျှင်၊ ခြင်သိယ် (ဝံသ)ရှုယ်တောင်
  • နန်ထက်တက်ခပြီသ သီဟသူရဟု အမည်ထင်သ ဆင်ဖ္လူ အသျင်မင်ခြင်သိယ်(၏သာကြီ)ဖ္လ
  • စ်ထသော စစ်ကိုင်မင်ကြီတြျာဖျာ၏ မိဖျလေဖ္လစ်ထသော (ရတနာပုံ)ဟု အမည်ရသ
  • ဆင်ဖ္လူအသျင်(ပထာမ)မယာကြီ မိဖုရှာစဝ်သည် အညာ သိုဝ်လါသကာ တရုက်ပြည်ရောက်ဩင်
  • အကြိယ်သိုဝ်လါသကာ မုတ္တမတိုင်ဩင် ကြက်ယက်ဟုရုယ် အမည်အာဖ္လင် လူတွင်ထ
  • င်ရှာစွာသော၊ ရိယ်မျက်နှာထက်ပဝ်သကဲသိုဝ်ဟိသ တောင်မ္လတ်ထက်(နှိုက် သု၎္တကောင်တိုဝ်)ပ္လုသေ
  • စတီဟောင်ကိုဝ်မြင်ရကာ သဒ္ဓါနှလုံကြည်ညိုဝ်စွာရုယ် ဝပ်ရ၏ ပ္လုရ၏ အင်္ကတိယ်မ္လိ
  • ယ်ဖ္လူခပင် က္လမ်ရ၏၊ ပ္လိုဝ်၂ ပ္လက်သ အရောင်တောက်သအလွန်လှသ ရှုယ်အထွတ်လေ
  • တင်ရ၏၊ ရှင်တဝ်ကိုဝ်စာထာသ ဆင်ပုကိုဝ်လေပ္လုရ၏ က္လောင်လေပ္လုရ၏ ထိုဝ်သိုဝ်(ပ္လု)
  • ၁၀ သဖုရှာမ္လတ်ကိုဝ်မှီရုယ် က္လောင်နှိုက်နိယ်သော တံပျက်လှည်သော အရျာသ
  • ၁၁ င်္ဃာတိုဝ်ကိုဝ် အခာခပ်သိမ်တည်စိယ်လိုဝ်ရုယ် ဖုရှာကိုဝ်လေ အခြံအရံတင်တယ်
  • ၁၂ စိယ်လိုဝ်ရုယ်၊ ပစ္စည်၄ပါဖ္လစ်စိမ်သောငှာ၊ လှူသောမ္လိယ်”

[သက္ကရာဇ် ၆၈၈ ခု၊ တပေါင်းလပြည့် ၅နေ့လျှင် ခြင်္သေ့ဝံသ ရွှေတောင်နန်းထက်တက်ခပြီးသော သီဟ သူရဟု အမည်ထင်သော ဆင်ဖြူအရှင်မင်းခြင်္သေ့၏ သားကြီးဖြစ်ထသော စစ်ကိုင်းမင်းကြီးတရဖျား၏ မိဖျား လည်း ဖြစ်ထသော ရတနာပုံဟုအမည်ရသော ဆင်ဖြူ အရှင် ပထမမယားကြီးမိဖုရားစောသည် အညာသို့ လားသကား တရုတ်ပြည်ရောက်အောင်၊ အကြေသို့ လားသကား မုတ္တမတိုင်အောင် ကြက်ယက်ဟူ၍ အမည်အားဖြင့် လူတွင် ထင်ရှားစွာသော ရေမျက်နှာ ထက်ပေါ်သကဲ့သို့ရှိသော တောင်မြတ်ထက်၌ သူတော် ကောင်းတို့ပြုသော စေတီဟောင်းကိုမြင်ရကား သဒ္ဓါ နှလုံးကြည်ညိုစွာ၍ ဝပ်ရ၏။ ပြုရ၏။ အင်္ဂတေ မြေဖြူ ခပင်းကျံရ၏။ ပြိုးပြိုးပြက်သော၊ အရောင်တောက်သော၊ အလွန်လှသောရွှေအထွတ်လည်း တင်ရ၏။ ရှင်တော်ကိုယ်စားထားသော ဆင်းပုကိုလည်း ပြုရ၏။ ကျောင်းလည်းပြုရ၏။ ထိုသို့ပြုသော ဘုရားမြတ်ကိုမှီ၍ ကျောင်း၌နေသော တံမြက်လှည်းသော အရိယာသံဃာ တို့ကို အခါခပ်သိမ်း တည်စေလို၍၊ ဘုရားကိုလည်း အခြံအရံတင့်တယ်စေလို၍ ပစ္စည်း ၄ပါး ဖြစ်စိမ့်သောငှာ လှူသောမြေ။]

၂၊၁၊၂၅၊၂။

[ပြင်ဆင်ရန်]
  • ၂၀“ဤငာလဲလှူသကောင်မှုကိုဝ် ခိပင်ပါသသူကာ ဤလူတွင်နှိုက်လေ ဆငြယ်မဟိ ချံသာတိလျှ
  • ၂၁ င် ဖ္လစ်စိယ်သတေ၊ တမနွန်နှိုက်လေ လိုဝ်သည်ဆုကိုဝ် ငာနှင်ထပ်တူ ရစပါစိယ်သတေ ဤ
  • ၂၂ ငကောင်မှုကိုဝ် ဖျက်သသူကာ ဤလူတွင်နှိုက်လေ ချံသာမဟိ ဆငြယ်တိလျှင် ဟိစိယ်သတေ
  • ၂၃ ဤကိုဝ်အဖ္လစ်မှ စုတိယ်မနိယ် သိယ်ခသောလေ အဝိစိအထယ် ငရယ်ဥ
  • ၂၄ ခြိုဝ် ဖ္လစ်စိယ်လိယ်သတေ။ အကမ္ဘာဘါသ ဖုရှာကိုဝ်လေမဖူစိယ်သတေ။
  • ၂၅ ဤကောင်မှုကိုဝ် သာသနာမကုန်မချင် တည်စိယ်ခ္လျင်ရုယ် သစ္စာကိုဝ်မူသတေ”

[ဤငါလယ်လှူသောကောင်းမှုကို ချီးပင့်ပါသသူကား ဤလူတွင်၌လည်း ဆင်းရဲမရှိ ချမ်းသာတိလျှင် ဖြစ်စေ သတည်း။ တမလွန်၌လည်း လိုသည့်ဆုကို ငါနှင့်ထပ်တူ ရစပါစေသတည်း။ ဤငါ့ကောင်းမှုကို ဖျက်သသူကား ဤလူတွင်၌လည်း ချမ်းသာမရှိ ဆင်းရဲတိလျှင် ရှိစေ သတည်း။ ဤကိုယ်အဖြစ်မှ စုတေမနေ သေခသော လည်း အဝီစိအထဲ ငရဲဥချိုး ဖြစ်စေလေသတည်း။ အကမ္ဘာဘာသောဘုရားကိုလည်း မဖူးစေသတည်း။ ဤကောင်းမှုကို သာသနာမကုန်မချင်း တည်စေချင်၍ သစ္စာကို မူသတည်း။]


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.