မာတိကာသို့ ခုန်သွားရန်

ရွှေစည်းခုံဘုရား ကျောက်စာ

ဝီကီရင်းမြစ် မှ
ရွှေစည်းခုံဘုရားကျောက်စာ (သက္ကရာဇ် ၆၀၃)
by ဖွားစော(အမိဖုရားစော)
3026ရွှေစည်းခုံဘုရားကျောက်စာသက္ကရာဇ် ၆၀၃ဖွားစော(အမိဖုရားစော)

၁၀“လယ် ၁ဝဝသော အနက်ကာ။ တနိယ်သော ဆန် ၃ပြည် သံပုတ်တ
၁၁ င်စိယ်သတေ။ ဆမိ ၃ခု၊ ကွံ ၃ယာတင်စိယ်သတေ။ ငာတပေအ် ဂုဏ
၁၂ ညာနသိဒိနှင်။ ငာတူပညာရာသိ ငာကိုဝ်စာ မပြတ်လုပ်က္လွည်
၁၃ ရစ်စိယ်သတေ။ ပုရှာကျွန် ၅ယောက် ချင်နှစ် အမိန်နာပစိယ်
၁၄ သတေ။ လယ်လေ ချင်နှစ်ကိုဝ် သိမ်ရစ်စိယ်သတေ။ အမိပုရှာမိကို
၁၅ ဝ်လေခဝ်ရုယ် ရိယ်သွန်စိယ်၏။ ဂုဏညာနသိဒ္ဓိနှင်။ ပည်ာရ
၁၆ သိကိုဝ်လေ။ နှင်(ခတ်)၏။ စူလာမနိယ်ပုရှာကျွန် သူကြီတန်မွှံ
၁၇ ကိုဝ်လေမှာခ၏။ သင်မဟာပန်နိတ်ကိုဝ်လေမှာခ၏။ သင်ဝရဓ
၁၈ မ္မဂုရု။ ဥတ်တမညာနဂုရု။ အစလညန်။ ဤငာချင် ၂ယောက်သော
၁၉ ကိုဝ် လိယ်မျက်နှာမှာ သူတိုဝ်ညှန်ဆယ်ရစ်မူကာ။ သင်တို သုံယော
၂၀ က်အရိယ်အရံ ယူပရစ်လသိယ်ဟု မှာခ၏။”

[“လယ် ၁ဝဝသောအနက်ကား တစ်နေ့သော် ဆန် ၃ပြည် သင်ပုတ်တင်စေသတည်း။ ဆီမီး ၃ခု၊ ကွမ်း ၃ယာ တင်စေသတည်း။ ငါ့တပည့် ဂုဏဉာဏသိဒ္ဓိနှင့် ငါ့တူ ပညာရာသိ ငါ့ကိုယ်စား မပြတ်လုပ်ကျွေးရစ်စေသတည်း။ ဘုရားကျွန် ၅ယောက် ချင်းနှစ် အမိန့်နာပ စေသတည်း။ လယ်လည်း ချင်းနှစ်ကို သိမ်းရစ်စေ သတည်း။” အမိဖုရားမိကိုလည်းခေါ်၍ ရေသွန်းစေ၏။ ဂုဏဉာဏသိဒ္ဓိနှင့် ပညာရာသိကိုလည်းနှင်း(ခ)၏။ စူဠာမဏိ ဘုရားကျွန်သူကြီးတန်မွမ်းကိုလည်း မှာခ၏။ သင်မဟာပဏ္ဍိတ်ကိုလည်း မှာခ၏။ “သင်ဝရဓမ္မဂုရု၊ ဥတ္တမဉာဏဂုရု၊ အစလဉာဏ် ဤငါ့ချင်း ၂ယောက်သော ကို လေးမျက်နှာမှာ သူတို့ညှဉ်းဆဲရစ်မူကား သင်တို့ သုံးယောက် အရေးအရံ ယူပါရစ်လတ်သေး”ဟု မှာခ ၏။]


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.