မာတိကာသို့ ခုန်သွားရန်

ရွှေအင်းပဲဘုရား ကျောက်စာ

ဝီကီရင်းမြစ် မှ
ရွှေအင်းပဲဘုရား ကျောက်စာ (သက္ကရာဇ် ၆၉၅)
by သူကြီးသတိုးမက်
3042ရွှေအင်းပဲဘုရား ကျောက်စာသက္ကရာဇ် ၆၉၅သူကြီးသတိုးမက်

၂၊၁၊၃၄၊၁။

[ပြင်ဆင်ရန်]
  • “။ သကရစ် ၆၉၅ ခု၊ မါခနှစ်၊ ကဆုန်လ္ဆန်၁ဝရျက် ၂နိယ် အစန်
  • ။သူကြီသတိုဝ်မက် သိင်္ကပါအင်ပဲဖုရာကိုဝ် သစ္စာမူ၏၊ မ္လတ်စွာဖုရာ
  • ။ဤမြောင်ကိုဝ်ထွင်ရွုယ် လဲရမူကာ၊ မ္လတ်စွာဖုရာကိုဝ် လှူအံဟု သ
  • ။စ္စာမူရွုယ်တူ၏၊ လဲလေရ၏၊ မင်ရယ်စိယ်သူကိုဝ် ရေ
  • စင်၎္တကံရွှယ် လှုသလဲကာ”

[သက္ကရာဇ် ၆၉၅ ခု မာဃနှစ်၊ ကဆုန်လဆန်း ရက်၊ ၂နေ့ အစဉ်သူကြီး သတိုးမက် သိင်္ကပါ အင်းပဲ ဘုရားကို သစ္စာမူ၏။ မြတ်စွာဘုရား၊ ဤမြောင်ကို ထွင်၍ လယ်ရမူကား မြတ်စွာဘုရားကိုလှူအံ့ဟု သစ္စာ မူ၍တူး၏။ လယ်လည်းရ၏။ မင်းရဲစည်သူကို ရေစင် တော်ကမ်း၍ လှူသောလယ်ကား။]

၂၊၁၊၃၄၊၂။

[ပြင်ဆင်ရန်]
  • ၂၇ ...“ငတိုဝ်ပ္လု
  • ၂၈ သကောင်မှုကိုဝ် ဖျက်သသုကာ အဝိစိက္လစေည်တေ
  • ၂၉ အကံ ဖ ဖါ၂ ဖုရာမဖူစေသတေ အမျိုဝ်ရဆက် ပြုန်
  • ၃၀ စေသတေ ဤကောင်မှုကိုဝ် ခီပင်သည်ကာ ငတိုဝ်နှင်အ
  • ၃၁ တူရစေသတေ ငာလေ ဤကောင်မှုကိုဝ် ပ္လုရသအက္လိုဝ် နိပ်ပန်
  • ၃၂ မရသောကြာ ပစ်စည် ၄ပါ ရတ္တနာ ရပါ အဆင် ၅အင်္ကာ
  • ၃၃ ၈ပါ ပါရမီ ၁ဝပါ ပ္လည်လိုဝ်သတေ။”

[ငါတို့ပြုသောကောင်းမှုကို ဖျက်သသူကား အဝီစိကျစေ တည်း။ အကမ္ဘာဘာ အကမ္ဘာဘာဘုရား မဖူးစေ သတည်း။ အမျိုး၇ဆက် ပြုန်းစေသတည်း။ ဤကောင်းမှုကို ချီးပင့်သည်ကား ငါတို့နှင့်အတူ ရစေသတည်း။ ငါလည်း ဤကောင်းမှုကို ပြုရသောအကျိုး နိဗ္ဗာန် မရသောကြား ပစ္စည်း ၄ပါး၊ ရတနာ ၇ပါး၊ အဆင်း ၅၊ အင်္ဂါ ၈ပါး၊ ပါရမီ ၁၀ပါး ပြည့်လိုသတည်း။]


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.