မာတိကာသို့ ခုန်သွားရန်

ရှင်မဟာကဿပဘုရားကျောင်း ကျောက်စာ

ဝီကီရင်းမြစ် မှ
ရှင်မဟာကဿပဘုရားကျောင်း ကျောက်စာ (သက္ကရာဇ် ၆၇၇)
by ရှင်မဟာကဿပ
3051ရှင်မဟာကဿပဘုရားကျောင်း ကျောက်စာသက္ကရာဇ် ၆၇၇ရှင်မဟာကဿပ

(မျက်နှာဘက်)

[ပြင်ဆင်ရန်]

၂၊၁၊၁၆၊၁။

[ပြင်ဆင်ရန်]
  • ... “ဖုန်မ္လတ်ကြီစွာ မ
  • ဟာကဿပ၊ ဖုရှာဆုကိုဝ်လိုဝ်ရကာ ဤအရပ်နှိုက် ရိယ် မ္လိယ်စိုဝ်သ အမတ်ကလန်သမ်ပျင် ငဆုယ်င(မျိုဝ်သ)
  • ဗ္ဗသတ္တဝာလုနတ်တကာ ခပ်သိမ်သေါကိုဝ် သင်္သရာ ဆင်ငြယ်မှ လွတ်စိမ်သေါငှာ မိ၂စာတိဘိုမ်ဖ္လစ်သ (ရှိုယ်) စာတိဘိုမ်
  • ကူရွာအကြိယ် အသထန်ဟိသ မ္လိယ်အရပ်နှိုက် ကူတဝ် တည်ရုယ် ကက္ကုသန် ကောနာကိုမ် ကဿပ ကောတမ ဤဖုရှာ
  • ၄ယောက်လေပ္လုဧ် တန်တိုင်၄မျက်နှာလေပ္လုဧ် ရတ္တနာတိသေါ အထွတ်၎္တကိုဝ်တင်ရုယ် ရတ္တနာ ၃ပါကို
  • ၁၀ ဝ် သါသနာ၅၀၀၀၊ တည်စိမ်သေါငှာ၊ သကရစ် ၆၄၃ခု သရဝန်နှစ် နံမျုန်လပ္လည်နိယ် လွှတ်သောလှူသော
  • ၁၁ သင်္ကန်ဆူ ၁၀၀ ပရိတ်ခရာ၈ပါအစုံ ဗတည်သါအပင် ၂၀ ဆင်ငာစိ ပုကံကျွန် တောင်ကျွန်အလုံသော
  • ၁၂ ၁၀၀ နွာ ၁၀၀”

[ဘုန်းမြတ်ကြီးစွာမဟာကဿပ ဘုရားဆုကို လိုရကား ဤအရပ်၌ ရေမြေစိုးသော အမတ်၊ ကလန်၊ သံပျင်၊ ငါ့ဆွေငါ့မျိုး၊ သဗ္ဗသတ္တဝါလူနတ်တကာ ခပ်သိမ်းသောကို သံသရာဆင်းရဲမှ လွတ်စိမ့်သောငှာ မိမိဇာတိဘုံဖြစ်သော ရွှေဂူရွာအကြေ အသဏ္ဌာန်ရှိသောမြေအရပ်၌ ဂူတော် တည်၍ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဤဘုရား၄ယောက်လည်းပြု၏။ တံတိုင်း ၄မျက်နှာ လည်းပြု၏။ ရတနာတိသော အထွတ်တော်ကို တင်၍ ရတနာ ၃ပါးကို သာသနာ ၅၀၀၀ တည်စိမ့်သောငှာ သက္ကရာဇ် ၆၄၃ ခု သရဝဏ်နှစ်၊ နယုန်လပြည့်နေ့ လွှတ်သော လှူသော သင်္ကန်းဆူ ၁ဝဝ၊ ပရိက္ခရာ ၈ပါးအစုံ၊ ပဒေသာအပင်၂၀၊ ဆင်ငါးစီး၊ ပုဂံကျွန်၊ တောင်ကျွန် အလုံးသော ၁ဝဝ၊ နွား၁ဝဝ။]

၂၊၁၊၁၆၊၂။

[ပြင်ဆင်ရန်]
  • ၁၈“ဤငာကောင်မှုကိုဝ် ခိပင်ပါသ အရိယ်အရံယုသ မဖျက်သသုကာ ငာနှင်ထ..
  • ၁၉ ရစပါစိယ်သတေ ဤအရပ်နှိုက် ရိယ်မ္လိယ်စိုဝ်သအဆက် ၂သ လိယ်သေါင်သုကြီစသ ကလန်သံပျင်(အလုံ)
  • ၂၀ ငာနှင့်ထပ်တူ ရစပါစိယ်သတေ၊ အထက်ဖဝက် ဩက္က်ာ အဝစိယ် စက္ကြဝလါတသေါင်တွင်နိယ်သ လုနတ် (တကာ)
  • ၂၁ သဗ္ဗသတ္တဝါအလုံ၊ အတိုင်မသိသ အနန္တစက္ကြဝလါတွင် နိယ်သေါ လုနတ်တကာ သကြာဗြုဟ္မာ သဗ္ဗသတ္တ(ဝါ)
  • ၂၂ ခပ်သိမ် ရစပါစိယ်သတေ၊ ပုကံအညာညောင်ဦ စသော ငဆောင်ချံတိုင်ဩင် ပုကံအကြိယ် သရိယ်ပစ္စရာ စသကာ တဝယ်တို
  • ၂၃ င်ဩင် မ္လိယ်ပုံလုံမျှမကသ လါလစ်အံသေါ ဖုရှာကိုဝ်လေ ဖုစိယ်သတေ”

[ဤငါ့ကောင်းမှုကို ချီးပင့်ပါသော အရေးအရံယူသော မဖျက်သောသူကား ငါနှင့်ထ(ပ်တူ)ရစပါစေသတည်း။ ဤအရပ်၌ ရေမြေစိုးသော အဆက်ဆက်သော လေး သောင်းသူကြီးစသော ကလန်၊ သံပျင်အလုံး ငါနှင့် ထပ်တူ ရစပါစေသတည်း။ အထက်ဘဝဂ်၊ အောက်ကား အဝီစိ စကြဝဠာတစ်သောင်းတွင်နေသော လူနတ်တကာ သဗ္ဗသတ္တဝါအလုံး၊ အတိုင်းမသိသော အနန္တစကြဝဠာ တွင်နေသော လူနတ်တကာ သိကြားဗြဟ္မာ သဗ္ဗသတ္တဝါ ခပ်သိမ်း ရစပါစေသတည်း။ ပုဂံအညာ ညောင်ဦး စသော ငဆောင်ချမ်းတိုင်အောင်၊ ပုဂံအကြေ သီရိ ပစ္စရာ စသကား ထားဝယ်တိုင်အောင် မြေပုံလုံးမျှ မကသော လာလစ်အံ့သော ဘုရားကိုလည်း ဖူးစေ သတည်း။]


This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.