လယ်ထွန်မင်္ဂလာ ဗုံကြီးသံ
ဆဒ္ဒါန်ရှင် ရွှေထွန်းနှင်းတယ်။ ကျွန်းခွင်ကဧလေ့။ ။ မိုးသုံးချက်ညီ၊ ရွှေနာရီနှင့်အောင်ရေပေးတယ်။ သောင်းနှယ်ပျံ့ကျေး။ ။ အနော်မာပုံစနစ်နှင့်။ ဘုန်းတော်ဖြစ်နဒီပြင်ကို။ လောင်းလျှင်နှင့်ကူးလေ့။ ။ မှာဘက်ခွင်။ ဥယဉ်ကပန်းစုံသင်းတယ်။ မင်းမင့် ဉာဏ်မှူးလေး။ ။ ရတနာနဒီရိုးက။ ရွှေမိုဃ်းငယ်ဟန်ဆင်တယ်။ ရွာချင်လင့်လေး။ ။ ကိုးနယ်ပိုင့်ရှင်။ ရွှေထွန်နှင်တဲ့သည်ခါ တွင်းမှာ။ လင်းပါမှလေး။ ။ ရာထီးပိုင်မွေတော်သတဲ့။ သုံးလောကမာရဇိန်။ ဘုန်းရှိန်ပျံ့မွှေးလေ့။ ။ ကျွတ်တန်းငယ်ရွယ်။ မောင်နှင့်မယ်-ရွှေလှိုင်ဦးမှာ။ ဖူးချည်စို့လေး။ ။ ရွှေမန်းဆိုတောင်တော်ဦးက။ ကြူးလာတဲ့မိုဃ်းသံငယ်၊ အုံးညံခြိမ့် ကြွေးလေ့။ ။ တာတော်ခွင်၊ ရေဝင်အောင် ရွှေကတွတ်ကို။ မင်းလွှတ်ခဲ့လေး။ ။ ပျိုစိုက်တဲ့လယ်ကန်သင်းမှာ၊ မြင်းနီနှင့် ညနေဆီကို၊ စိုင်းသီလို့ပြေးလေ့။ ။ မြင်လိုက်ကဲ့နော်။ ခေါင်းပေါ်မှာတရာကျေး[၁] နှင့်။ ထူးလို့ယဉ်ကြေးလေး။ ။
ခက်ဆစ်
[ပြင်ဆင်ရန်]- ↑ ခေါင်းပေါ်မှာတရာကျေး = ခေါင်း၌ ကျေးရုပ်ပေါင်းတရာ ရှိသော ပုဝါခေါင်းပေါင်းကို ပေါင်းထားသည်ဟု ဆိုလိုသည်။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |