လိမ္မာယဉ်ကျေးသော ကလေးများ
ပုံပန်းသွင်ပြင်
သင်ခန်းစာ (၂၇)
လိမ္မာယဉ်ကျေးသော ကလေးများ
[ပြင်ဆင်ရန်]လိမ္မာတဲ့ ကလေးလေး
လိမ္မာတဲ့ ကလေးလေး ဖြစ်အောင်ကွယ်။
တို့တစ်တွေ အမြဲ ကြိုးစားမယ်။
အဖေအမေရဲ့ စကား နားထောင်မယ်၊
ရိုသေလို့ ချစ်ပါ့မယ်။
လိမ္မာတဲ့ ကလေးလေး ဖြစ်အောင်ကွယ်၊
တို့တစ်တွေ အမြဲ ကြိုးစားမယ်။
ဆရာ ဆရာမ စကား နားထောင်မယ်၊
ရိုသေလို့ ချစ်ပါ့မယ်။ ။
ရိုးသားသူ
[ပြင်ဆင်ရန်]သူငယ်ချင်းများ ကိုင်ဆောင်နေကြသော ခဲတံအိတ်လှလှလေးများကို ကြည့်ပြီး မောင်ထွေးလေး လိုချင်နေမိသည်။
လမ်းတွင် ခဲတံအိတ်လှလှလေးကို တွေ့၍ ဝမ်းသာသွားသည်။
“ပိုင်ရှင်တော့ ဝမ်းနည်းပြီး ငိုနေတော့မှာပဲ”ဟု တွေးမိပြီး ခဲတံအိတ်လေးကို ဆရာမမှ တစ်ဆင့် ပိုင်ရှင်ထံ ပြန်ပေးခဲ့သည်။
ရိုးသားပြီး လိမ္မာယဉ်ကျေးသော မောင်ထွေးလေးကို အတန်းသားအားလုံးက လက်ခုပ်တီးပြီးချီးကျူးကြလေသည်။
ယဉ်ကျေးတဲ့ မွန်မွန်လေး
[ပြင်ဆင်ရန်]လိမ္မာယဉ်ကျေးသော မွန်မွန်လေးသည် လူကြီးသူမများနှင့် ဆုံတွေ့သည့်အခါတိုင်း လက်အုပ်ချီပြီး ရိုရိုသေသေ နှုတ်ဆက်လေ့ရှိသည်။