မာတိကာသို့ ခုန်သွားရန်

လိုက်တော်မူပါ-ချီ ရတု

ဝီကီရင်းမြစ် မှ
လိုက်တော်မူပါ-ချီ ရတု
by ပြည် နဝဒေးကြီး
3099လိုက်တော်မူပါ-ချီ ရတုပြည် နဝဒေးကြီး

လိုက်တော်မူပါ၊ ကြင်ဖွယ်သာတည့်၊ အာကာပျံကြွ၊ ဝေမူမြကို၊ သိင်္ဂနှစ်စု၊ ပေါင်း၍တုသို့၊ ယုယုယယ၊ ငြိမ့်မြလေးပင်၊ မွတ်မွတ်စင်သည်၊ အပြင်နွဲ့ညွတ်၊ ဟင်္သာနတ်တို့၊ နန်းထွတ်အောင်စည်၊ မယ်တို့ပြည်ကား၊ သာသည်ဆန်းထူး၊ ကဲလွန်ကြူးမျှ၊ တန်ခူးသည်က၊ လျဉ့်လျဉ့်စ၍၊ သန်လ ဆောင်းလျှင်၊ မည်သည်တွင်မှ၊ သဘင်မပြတ်၊ နွေသို့ပတ်ရှင့်၊ ရွှေဝတ်ရွှေဆင်း၊ ပြောင်ပြောင်ဝင်းသို့၊ နောင်မင်းသက်မျှ၊ နတ်ထက်လှသည်။ ရောက်က မြင်တော်မူလိမ့်မည်။

ကြိုက်သော်ယူကာ၊ နတ်ခြောက်ရွာသို့၊ လက်သာမှီလှမ်း၊ မကြိုးပန်းတည့်၊ ကြင်ကျွမ်း ထပ်ရစ်၊ မြခြည်နစ်သို့၊ ရှင်ချစ်ဝန်းရှင်၊ တောင်တစ်ခွင်လည်း၊ မြင်ထင်မြင်မိ၊ ထွန်းညှိလျှံလင်း၊ ကြက်တင်းစကား၊ ကင်းဘုရားနှင့်၊ ဝှန်ကြားပေါက်ပြ၊ ဌာဝီသလည်း၊ နှံ့မျှဝန်းလည်၊ ရောင်ခြောက်မည်နှင့်၊ မှောင်ခြည်မပတ်၊ ပြိုင်၍လွှတ်သို့၊ မိုးနတ်နှိုင်းလျော်၊ အလှကျော်သည်၊ လိုက်တော်မူပါ၊ လွမ်းရရှာနှင့်၊ အောင်ချာချက်မ၊ ရွှေခေတ္တကား၊ မဃထွတ်ထား၊ တံမျဉ်းသား၍၊ နဂါးစက်လည်၊ ဝပြောစည်သည်။ နတ်ပြည်ထင်တော်မူလိမ့်မည်။

လှိုက်ဆော်ကူလှာ၊ မိုးဒေဝါလည်း၊ ချိန်ခါထူးလည်၊ တန်ပြီးသည်ကို၊ ရိုက်မြည်ဆော်ကျူး၊ ကြွေးကြော်မြူးက၊ မပူးဖော်ရှား၊ နောင့်တူသွားသော်၊ သနားဖွယ်သာ၊ မယ်မပါ၍၊ ရွှေကြာပျံ့မွှန်း၊ ရေမှာကျွန်းသို့၊ လွမ်းပမ်းဆင့်ကုံး၊ နေ့တိုင်းရုံးလျက်၊ တက်ပြုံးရေသား၊ ငါး-ငါးကြင်းဆန်၊ တောင်လေပြန်က၊ သင်္ကြန်အတာ၊ သို့သောခါဝယ်၊ သီတာယဉ်ရှင်၊ ထက်ဝန်းကျင်လည်း၊ ကေသျှင်မြစည်း၊ စုလည်းရွှေညှောက်၊ မြိတ်ခေါက်မြိတ်လွင်၊ ထုံးပတ်ရစ်ဆင်၊ ဆံကျင်ရောင်တောက်၊ ကျိုင်းသစ်အောက်ဝယ်၊ ကြဲမြှောက်ခံကျင်း၊ ရေလုံးလင်းမျှ၊ နဝင်းမြစ်လုံး၊ ပိတ်လျက်ဖုံး၏၊ ပတ်ကုံးဦးစီ၊ တက်ပြိုင်ချီက၊ ပည်းညီပြိုင်လှိုင်း၊ အဆိုင်းဆိုင်းသည်။ ။ နေ့တိုင်းရွှင်တော်မူလိမ့်မည်။

This work was published before January 1, ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၂"။, and is in the public domain worldwide because the author died at least 100 years ago.