မာတိကာသို့ ခုန်သွားရန်

လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ/ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ

ဝီကီရင်းမြစ် မှ
လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း)
by သာသနာရေးဝန်ကြီးဌာန
၆-၁၀။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ
3126လူသေလူဖြစ် ဝါဒါနုဝါဒ ဝိနိစ္ဆယ (ထေရဝါဒ စွယ်စုံကျမ်း) — ၆-၁၀။ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာသာသနာရေးဝန်ကြီးဌာန

ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန
အမိန့်ကြော်ငြာစာ အမှတ် ၂/၈၁

၁၃၄၃-ခု နှစ်၊ တန်ဆောင်မုန်းလဆုတ် ၃-ရက်
(၁၉၈၁-ခုနှစ်၊ အောက်တိုဘာလ ၃၀-ရက်)

၁။ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့၏ ၁၉၈၁-ခုနှစ်၊ မေလ ၁၃ ရက်စွဲပါ စာအမှတ် ၂၀၈/၁/သာ-မဟနဖြင့် ဖွဲ့စည်းပေးခဲ့သည့် နိုင်ငံတော် သီးခြား ဝိနည်းဓိုရ် အဖွဲ့ အမှတ်(၂)က ၁၉၈၁-ခုနှစ်၊ အောက်တိုဘာလ၂၉-ရက် နေ့တွင် ရှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ် ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့၏ ဝါဒနှင့် ရွှေအဘိဓမ္မာဝါဒတို့ကို ထေရဝါဒ ပိဋကတ်တော်လာ သာသနဓမ္မများနှင့် မလျော်ကန်အောင် ဖောက်ပြန်ယွင်းကွက် ဆန့်ကျင်ဘက် ဖြစ်နေသော အဓမ္မဝါဒ ဟု ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။

၂။ အပိုဒ်၁-တွင် ဖော်ပြပါရှိသော ဆုံးဖြတ်ချက်ကို အကြောင်းပြု၍ ဝိနည်းဓမ္မကံ အဓိကရုဏ်း မှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ ဥပဒေပုဒ်မ ၁၃-အရ လည်းကောင်း၊ ၁၉၆၂-ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင် ဥပဒေ ပုဒ်မ ၆-အရ လည်းကောင်း၊ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၈၈- အရ လည်းကောင်း၊ တေးသံသွင်းလုပ်ငန်း လုပ်ကိုင်ခွင့် အမိန့်အပိုဒ် ၁၃- နှင့်၁၄ တို့အရ လည်းကောင်း ရှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ်ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့၏ ဝါဒ သို့မဟုတ် ရွှေအဘိဓမ္မာဝါဒကို ဟောပြောခြင်း၊ စာအုပ်အဖြစ် ရိုက်နှိပ်ဖြန့်ချီခြင်း ကူးယူဖြန့်ချီခြင်းနှင့် အသံဖမ်း တိတ်ခွေများဖြင့် အသံသွင်းခြင်း ဖြန့်ချီခြင်းတို့ကို တားမြစ် ပိတ်ပင်လိုက်သည်။

၃။ ၁၉၆၄-ခုနှစ်၊ အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့် ဥပဒေပုဒ်မ ၅-အရ ရှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ် ဝါဒ၊ သမ္မာဒိဋ္ဌိသုတေသနအဖွဲ့၏ ဝါဒ သို့မဟုတ် ရွှေအဘိဓမ္မာဝါဒ ပြန့်ပွားရေး အတွက် ဆောင်ရွက်လျက် ရှိသော အသင်းအဖွဲ့အစည်းများကို ဖျက်သိမ်းလိုက်သည်၊ ထိုကဲ့သို့သော အသင်းအဖွဲ့အစည်းများသည် ပြည်ထောင်စု မြန်မာနိင်ငံတော်လှန်ရေး အစိုးရအဖွဲ့ ဥက္ကဋ္ဌရုံး၏ ၁၉၆၄-ခုနှစ်၊ မေလ ၃-ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ် ၆၄-၏ အပိုဒ် ၁-အရ ကင်းလွတ်ခွင့် မရှိစေရ။

စိန်လွင်
ဝန်ကြီး၊ ပြည်ထောင်စု ဆိုရှယ်လစ် မြန်မာနိုင်ငံတော်
ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာန။