ဝါဆိုလဘွဲ့ လွမ်းချင်း
ပုံပန်းသွင်ပြင်
ကိုးခွင်ငယ်မှိုင်းပါလို့
မြစ်တိုင်းမှာတဲ့ ဆိုင်းလို့ညို
လဲ့လဲ့ငယ္စို။
ယုဂန္ဓိုရ် တောင်မဟာက
ပြုဗ္ဗာသဠ်ထွန်းတဲ့ လကိုလေး။
ဆင်တာရာငယ်
ခါညီကြဋ် နရိန္ဒာလဲ
ညာတောင်နတ်နှင့်
ဖိုဖြတ်ကဲ့နိဗ္ဗူ၊ အောင်ဆုယူလို့
ရှစ်ဖြူရိပ်စံ
ပဉ္စင်းတော်ခံသောခါ
ရေလျှံတဲ့ဝါဆိုမှာ
ပုန်းညက်ညို မာလာမင်းက
သင်းလှတယ်လေး။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |